အပိုင်း(၂)
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သည်
အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်သည်။ ဤအချိန်ကာလတွင်
ကမ္ဘာ့ဇာတ်ခုံပေါ်တွင် မားမား မတ်မတ် ရပ်တည်နိုင်သော အခြေသို့ ရောက်နေပြီးကို နိုင်ငံသားမှန်သမျှ
သိသင့်သည်။ ယခုကဲ့သို့ အချိန်မျိုးတွင် နိုင်ငံသားတိုင်း၏ အရေးကြီးဆုံး တာဝန်က အဘယ်နည်း?
နိုင်ငံတကာနှင့် အချိုးကျကျ ပြေပြေပြစ်ပြစ် ဆက်ဆံ၍ မိမိတို့ နိုင်ငံ၏ စီးပွားရေး ကြီးပွားတိုးတက်
ရေးတို့ ကို ရှေ့ ရှုကြိုးပမ်းရမည့် အချိန်ဖြစ်ပေသည်။
အများနှင့် ပြေပြေပြစ်ပြစ်
ဆက်ဆံတတ်ရန်မှာ မွေးကတည်းက ပါလာသည်မဟုတ်။ ပါလာသမျှသောအရည်အချင်းနှင့်လည်း မလုံလောက်။
စနစ်တကျ သင်ပေးမှသာဖြစ်ရာသည်။ သို့ ကြောင့်လည်း ကမ္ဘာ့ရှေ့ ဆောင် နိုင်ငံကြီးအသီးသီးတို
့တွင် ကလေးငယ်များအား ငယ်စဉ်ကစ၍ သိကျွမ်းနားလည်အောင် ကိုယ်ထိလက်ရောက်လုပ်တတ်အောင် လုပ်ကိုင်လိုသော
အာသာဆန္ဒပြည့် ၀အောင် လေ့ကျင့်သင်ကြားပေးကြသည်။
ကမ္ဘာ့သမိုင်းတွင် ရှေးဦးပထမ ယဉ်ကျေးခြင်း၏ အထွဋ်အထိပ်သို့ ရောက်ခဲ့ကြသော ဂရိ၊ ရောမ
နိုင်ငံတော်ကြီးတို့ ၌လည်း လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ထိထိရောက်ရောက်သင်ပေးခဲ့ကြကြောင်း
တွေ့ ရသည်။ ဤသို့ သင် ကြားပေးရမည့် ပညာကို ဆစ်ဗစ်(Civics) ဟုခေါ်ကြသည်။ ဆစ်ဗစ်(Civics)
ဆိုသောစကားမှာ လက်တင်ဘာသာ Civitas(ဆစ်ဗစ်စ်တစ်) နှင့် ဆ်ီဗစ်(Civis) ဟူသော စကားမှဆင်းသက်လာသော အမည်ဖြစ်သည်။
Civitas ဆီဗီတစ်စ် ဟူသော ဝေါဟာရမှာ မြို့ နိုင်ငံဟုဆိုလို၍ ဆီဗီ(Civis) မှာ နိုင်ငံသားဟုဆိုလိုသည်။
ထိုစကားနှစ်ရပ်ကို ပေါင်းစပ်၍ နိုင်ငံသားတစ်ယောက်အဖြစ်ခံယူခွင့်ရှိအောင် လေ့လာသင်ကြား
ပေးသော ပညာရပ် ဟုမှတ်ယူရမည်။ နိုင်ငံသားဟူသမျှမှာ အများနှင့် ကင်းသူများမဟုတ်ချေ။ အများနှင့်အတူနေထိုင်ရသူတိုင်း
အများနှင့် ပြေပြစ်အောင် နေထိုင်ကြရမည်။ အများနှင့်ပြေပြစ်အောင် နေတတ်မှလည်း နိုင်ငံသား
ပီသရာ၏။ ထို့ ကြောင့် အများနှင့် ပြေပြေပြစ်ပြစ် အချိုးကျကျ ဆက်ဆံတတ်အောင် သင်ကြားသော
ပညာဖြစ်ကြောင်းပေါ်လွင်ပေမည်။ ၎င်းကို မြန်မာဘာသာအားဖြင့် ပြည်သူ့ နီတိဟု ဘာသာပြန်ကြသည်။
လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ကျော်လောက်က Asia တိုက်အတွင်းဖက်မှ အာရီယံ အမျိုးအနွယ်တို
့သည် အိန္ဒိယပြည်မြောက်ပိုင်းသို့ ဝင်ရောက် အခြေစိုက်ခဲ့ကြသည်။
၎င်းတို့ ထဲမှာ ပညာတတ် သုခမိန်အချို
့သည် လူတို့ ကြီးပွားချမ်းသာရေး၊ ပေါင်းသင်းဆက်ဆံရေးနှင့်စပ်လျဉ်း၍ ကျင့်အပ်၊ ဆောင်အပ်၊
ရှောင်အပ်သော အဆုံးအမကို မှတ်တမ်းတင်ခဲ့ကြသည်။ မဟာဘာရတ၊ ကာမန္ဒကီယ၊ စာဏကျ စသော ကျမ်းကြီးတို
့မှာ ပညာရှင်ကြီး များ၏ လက်ရာများပင်ဖြစ်သည်။၎င်းတို့ ကို နီတိကျမ်းများဟု ခေါ်ကြသည်။ မြန်မာပြည်တွင်
ရှေးအခါက ထင်ပေါ်ကျော်ကြားခဲ့သည့် စတု ရင်္ဂဗလ၊ ရှင်သီလ၀ံသ အစရှိသော သူများရေးသားခဲ့သည့်
လောကနီတိ၊ မဟာရဟနီတိ၊ စသည်တို့ မှာလည်း အိန္ဒိယတွင် ပေါ်ထွန်းခဲ့သော နီတိကျမ်းကြီးများ၏
အမွေပင်ဖြစ်သည်။ ထိုကျမ်းများတွင် ညွှန်ကြားသည့်အတိုင်း ပြုမူကျင့်ကြံနေထိုင်မည်ဖြစ်က
တစ်ဦး နှင့် တစ်ဦး ပြေပြေပြစ်ပြစ်ဆက်ဆံနိုင်၍ ပြည်သူပြည်သားကောင်းများ ဖြစ်ကြရာသည်။
ထို့ ကြောင့် ၎င်းတို့ မှာ ပြည်သူ/သားတိုင်း လေ့လာသင်ကြားအပ်သော ပြည်သူ့ နီတိများဖြစ်ချေသည်။
ထိုစကား နှစ်ရပ်၏ အနက်ကို
အဆုံးစွန် သေချာပြန်လည် ဆန်းစစ်မည်ဆိုလျှင် ဆ်ီဗစ်(Civis) နှင့် ပြည်သူ့ နီတိမှာ အလွန်နီးစပ်ကြောင်း
သိနိုင်ရာသည်။ ထို့ ကြောင့် ၎င်းမှာ အလွန်ဆီလျော်သော နာမည်ဟု မှတ်ယူရပေမည်။
လေ့ကျင့်ရန်နှင့် အမေးပုစ္ဆာများ
လူများအဘယ်ကြောင့် စုရုံးနေတတ်ကြသလဲ၊
တစ်ဦးတစ်ယောက်တည်းနေရန် မဖြစ်နိုင်ကြောင်း ရှင်းပြပါ။
လူ့ အစည်းအရုံးများ တဖြည်းဖြည်းတိုးတက်လာပုံကို
ဖော်ပြပါ။
လူမျိုးစုနှင့် အမျိုးသားစု
ဟူသောစကားနှစ်ရပ် မည်သို့ ခြားနားကြောင်းရှင်းလင်းဖော်ပြပါ။
နိုင်ငံသားတိုင်း ပြည်သူ
့နီတိပညာ တတ်မြောက်ရန် အရေးကြီးသော အချိန်ဖြစ်ကြောင်း ရှင်းလင်းရေးသားပါ။
ပြည်သူ့ နီတိကို နိုင်ငံသားအဖြစ်ခံယူနိုင်အောင် သင်ကြားပေးသော ပညာဖြစ်သည်ဟု
သရုပ်ဖော်လေသည်။ ထိုသရုပ်ကိုရှင်းပြပါ။
ဆက်ရန် အခန်း(၃)
နိုင်ငံသားနှင့် သူ၏
အရည်အချင်း
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။