Ads (728x90)

 
-

-

-

-


ဒီနေ့ အိမ်ကနေ ရုံးကိုထွက်လာတော့ ဂျာနယ်ဆိုင်တွေမှာ လက်ပွေ့ ဂျာနယ်အရောင်းသမားတွေ
လက်ထဲက ဂျာနယ်တွေမှာ KIA စစ်သားတွေအကြောင်းပဲတော်တော်များများ မြင်တွေ့ နေရတယ်

>>>အရာရှိလောင်းများ သေဆုံးမှုအတွက် ငြိမ်းချမ်းရေးစင်တာရှေ့တွင် လှုပ်ရှားမှုပြုလုပ်<<<

မေးပါရစေ အထက်ပါ အရာရှိလောင်းများဆိုတာက ပြည်သူ့ အကျိုးပြု တိုင်းကျိုးပြည်ပြု နိုင်ငံ့ရဲ့ 
တာဝန်ကိုထမ်းရွက်နေတဲ့ နိုင်ငံရဲ့ ဝန်ထမ်း အရာရှိလောင်းတွေမို့ လို့ များ တရေးတယူလုပ်နေ
ကြတာများလား  ( အဲ့ဒါ နိုင်ငံကိုအကျိုးမပြုတဲ့ အဖျက်အမှောင့်လုပ်ရပ်တွေပဲလုပ်နေတဲ့ သူပုန်
တွေဗျနော် ) အဲ့ဒီသူပုန်တွေ သေသွားတော့ တခန်းတနားနဲ့ ကို သတင်းတွေဖော်ပြနေလိုက်ကြ
တာ မြန်မာစစ်တပ်က အရာရှိတွေ ရှေ့ တန်းမှာ တဖြုတ်ဖြုတ်ကြွေလွင့်ခဲ့ရတုန်းက ဘယ်သတင်း
မီဒီယာတွေကများ တရေးတယူအကျယ်တ၀င့်ဖော်ပြခဲ့ကြပါလိမ့်။

>>>တိုင်းရင်းသားလက်နက် ကိုင်အရာရှိလောင်းများအတွက် ၀မ်းနည်းကြောင်းနှင့် ငြိမ်းချမ်း ရေး ထိခိုက်စေသည့် ယင်းလုပ်ရပ်ကို ကန့်ကွက်ကြောင်း  ပန်းခွေချလှုပ်ရှားမှုတစ်ခုကို မြန်မာ့ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူ ထောင်ရေးဗဟိုဌာန(MPC) ရှေ့ တွင် ပြုလုပ်ခဲ့သည်။<<<

မေးပါရစေ တိုင်းရင်းသားလက်ကိုင် အရှာရှိလောင်းတွေအတွက် ၀မ်းနည်းတယ်ဆိုရင် ငြိမ်းချမ်း
ရေးကို ထိခိုက်စေတဲ့လုပ်ရပ်လို့ ထင်မြင်ယူဆတယ်ဆိုရင် ဒီလိုတွေမဖြစ်အောင် အရင်ဆုံးအစ
ဆွဲထုတ်ခဲ့တဲ့ အဲ့ဒီတိုင်းရင်းသားလက်နက်ကိုင် သူပုန်တွေကို အရင်ဆုံးပြောထားပါလား သွားပြီး
မစနဲ့ စရင် ဒီိလိုဖြစ်တတ်တယ်လို့  ဒီဇာတ်လမ်းမှာ ဘယ်သူအစပြုခဲ့လဲဆိုတာ လေ့လာကြည့်ရင်
သိနိုင်ပါတယ် ကျွန်တော်ဆိုလဲ တော်ရုံတန်ရုံသီးခံတတ်တဲ့သူစာရင်းထဲမှာပါတယ် သီးခံဖို့ 
အဆင့် ၃ ဆင့်ထားတယ် ၁ ခါလာရန်စရုံနဲ့  မတုန့် ပြန်ဘူး ၂ ခါရန်လာစရင် နည်းနည်းသတိထား
လိုက်ပြီ  ၃ ခါတိတိ ရန်လာစပြီဆိုရင် ဘယ်လိုမှသီးမခံနိုင်တော့ဘူး ဖြစ်ချင်ရာဖြစ် ပြန်ချပြီပဲ။

အဲ့လိုပဲ ခုဖြစ်ရပ်မှာ သူပုန်တွေဘက်က အရင် ခနတိုင်း ရန်စတဲ့လုပ်ရပ်မျိုးတွေလုပ်နေလို့ စစ်တပ်
ဘက်က တုန့် ပြန်လိုက်တာမှာ ဒီလိုဖြစ်သွားတယ် ဒါကို ရည်ရွယ်ချက်ရှိရှိ တမင်တကာ စစ်တပ်
ဘက်က စတင်ပြီးတော့ လုပ်တယ်လို့ များ ထင်မြင်နေကြတာလား ဘယ်စစ်သားမှ အလကားနေ
အလား လိုက်ရန်စပြီး စစ်ဖြစ်ချင်မနေဘူး တိုက်ပွဲတွေဖြစ်မနေချင်ဘူး နိုင်ငံတ၀န်း အေးအေး
ချမ်းချမ်းနဲ့  တိုက်ပွဲဆိုတာမရှိပဲ တာဝန်ထမ်းဆောင်နေရရင် ပိုပြီးတော့ သဘောကျတဲ့သူတွေ
ကျွန်တော်စစ်သားမဟုတ်ဘူး ဒါပေမယ့် စစ်သားတွေနဲ့ အနီးကပ်နေခဲ့ဘူး မြင်ခဲ့ဘူးတွေ့ ခဲ့ဖူး
လို့ သူတို့ အကြောင်းကို ကောင်းကောင်းကြီးသိတယ်။

>>>အဆိုပါလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ခဲ့သူ ဒေါ်အက်စတာ က ‘‘စစ်ပွဲဖြစ်တဲ့အချိန်မှာ သေကြ တယ်။ ဒါက ဟုတ်တယ်။ ဒါပေမဲ့ ခုအချိန်မှာ ရည်ရွယ်ချက်ရှိရှိလုပ် တယ်လို့ ကျွန်မတို့ပြည်သူတွေက ယုံတယ်။ အခုဖြစ်တာက ခါတိုင်း လိုမဟုတ်ဘူး။ အဲဒါက အားလုံးရဲ့ ရင်ထဲမှာရှိတယ်။ ဒါကြောင့်မို့ အားလုံးက တကယ့်ခံစားချက်နဲ့ ရောက်နေကြတာ။ ကျွန်မတို့ ဒီ ပန်းတွေဝယ်လာပြီး ဒီနေရာမှာ ဆုတောင်းကြတယ်။ ဒီပန်းတွေ ဟာ အားလုံးရဲ့ အမြင်မှာတော့ ပန်းတွေဖြစ်နေမှာပါ။ တကယ် တမ်းကျတော့ ဒီပန်းတွေဟာ ကျွန်မတို့ရဲ့ ၀မ်းနည်းပူဆွေးခြင်း တွေပါ’’ဟု ၎င်း၏ခံစားချက်ကို ပြောသည်။<<<

မေးပါရစေ စစ်ပွဲဖြစ်တဲ့အချိန်မှာ သေမှ အဲ့ဒါကို အလဟဿ      သေတာမဟုတ်ဘူးလို့ ဆိုလိုချင်
တာလား ဟုတ်ပီ အဲ့ဒါဆို ခု သူပုန်အရှာရှိတွေ သေသွားတယ်ဆိုတာထားလိုက်ဦး စစ်တပ်
မှာတာဝန်ထမ်းဆောင်နေရင်း တိုက်ပွဲမှာလဲမဟုတ် ကိုယ့်တပ်ရင်းမှာနေရင် အလစ်ဝင်တိုက်လို့ 
အသက်ပေးသွားခဲ့ရတဲ့ တပ်မတော်ကအရာရှိတွေ စစ်သည်တွေ သူတို့ ရဲ့ မိသားစုဝင်တွေအတွက်
ကရော ရည်ရွယ်ချက်ရှိရှိ လုပ်ကြံခဲ့လို့ သေခဲ့ရတာမဟုတ်ဘူးလား သူတို့ တွေအတွက်တော့
ရင်ထဲမှာမရှိကြဘူးလား Human Right နဲ့ တန်းညှိချင်သေးရင် ပြောပါရစေ ခုသေသွားတဲ့သူ
တွေကမှ လူတွေလား အဲ့ဒီတိုင်းရင်းသားလက်နက်ကိုင်တွေ အလစ်ဝင်ဝင်တိုက်လို့ အသက်ပေး
သွားခဲ့ကြတဲ့ စစ်သည်တွေ အရာရှိတွေကရော လူမဟုတ်လို့ လား လူလူချင်း စာနာတယ်ဆိုရင်
တိုင်ပြည်တာဝန်ထမ်းဆောင်နေရင်း အလစ်ချောင်းပြီးအတိုက်ခိုက်ခံရလို့ တပ်ရင်းတစ်ရင်းလုံး
ပြုတ်သွားခဲ့ရတဲ့ စစ်သားတွေအတွက်ရော ထည့်စဉ်းစားမပေးတော့ဘူးလား ၀မ်းနည်းပူဆွေး
ပေးမနေတော့ဘူးလား ဒါဆိုရင်ဘယ်တရားပါ့မလဲ ကိုယ့်တိုင်ပြည် ကိုယ့်လူမျိုးတွေကိုအသက်
သွေး ချွေးတွေနဲ့ ပေးဆပ်ပြီး တာဝန်ထမ်းဆောင်နေခဲ့ကြတဲ့ တပ်မတော်သားတွေအတွက်တော့
စိတ်ကူးထဲတောင် မရှိပဲ ဆပ်ကြေးကောက် တပ်သားစုဆောင်းရေးဆိုပီး အတင်းအဓမ္မပေါ်တာဆွဲ
လမ်းတံတားတွေမှာ မိုင်းထောင် ဗုံးထောင်ပြီးတော့ဖောက်ခွဲ အဲ့လို လူမျိုးတွေအတွက်တော့
ရင်ထဲမှာ ရှိတယ် ဟုတ်လား ရယ်စရာပဲဗျာ လေးစားပါတယ်ခင်ဗျားတို့ ကိုတော့။

ခုကြားနေရသေးတယ် ခုသေသွားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းက အရာရှိတွေအတွက် ဆန္ဒပြကြဦးမယ်ဆိုပဲ ဟုတ်ကဲ့ဗျာ ခုသူတို့ သေသွားတယ်ဆိုတာက ၂၀ ကျော်
လေးပဲရှိပါသေးတယ် တပ်ရင်းတစ်ရင်းလုံးအပြုတ် အလစ်ဝင်တိုက်ခံခဲ့ရလို့  အကျိုးမဲ့ အသက်ပေး
သွားခဲ့ရတဲ့ တပ်မတော်သားတွေ မိသားစုဝင်တွေအတွက်ရော ဆန္ဒပြမပေးကြဘူးလား ခင်ဗျားတို့ 
တစ်တွေလုပ်ရပ်တွေကအရမ်း ရယ်စရာကောင်းလွန်းနေတယ်နော် တိုင်းပြည်အတွက်အသက်
ပေးသွားခဲ့ရတဲ့ တပ်မတော်သားတွေ နေရာက၀င်ကြည့်စမ်းပါ သူတို့ တွေအားလုံး
ဘယ်လောက် ရင်နာနေလိုက်မလဲ သူတို့ အသက်တွေ သွေးတွေ ချွေးတွေနဲ့ ရင်းပြီး နိုင်ငံအတွက်
အသက်စွန့် ပြီး တာဝန်ထမ်းဆောင်ခဲ့ကြသူတွေအပေါ်မှာတော့ ဒီလူတွေ ဒီမီဒီယာသမားတွေ
ဒီလိုမျိုးအရေးတယူမလုပ်ခဲ့ကြဘူး ခုတော့ တိုင်းပြည်မှာ အဖျက်အမှောင့်လုပ်ရပ်တွေပဲလုပ်ခဲ့ကြ
တဲ့ ဒီတိုင်းရင်းသားလက်နက်ကိုင် သူပုန်တွေအတွက်တော့ ဒီလိုတွေလုပ်နေကြတယ်ဆိုပြီး
ရင်ထုမနာတောင်ဖြစ်ကုန်ကြမယ်ထင်တယ်။

အမှန်တစ်ကယ်သာ စစ်တပ်က တိုင်းရင်းသားလက်နက်ကိုင် ဆိုတဲ့အဖွဲ့ အစည်းတွေကို အလိုမရှိရင် နေ့ ချင်းညချင်းတောင် အမြစ်ပြတ်ချေမှုန်းပစ်လို့  ရတယ် မြန်မာပြည်ရဲ့ တပ်မတော်
စစ်အင်အားနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေရဲ့ စစ်အင်အား ယှဉ်ကြည့်လို့ ရတယ်
ဘာကြောင့် အမြစ်ပြတ်မချေမှုန်းလဲ ဘာကြောင့်ငြိမ်းချမ်းရေးအတွက်ဆိုပြီးညှိနှိုင်းပွဲတွေ ဆွေးနွေး
ပွဲတွေလုပ်နေလဲဆိုရင် တပ်မတော် အင်အားရှိရင် တိုင်းပြည်အင်အားရှိတယ်ဆိုတဲ့အတိုင်းပဲ
တိုင်းရင်းသားလက်နက်ကိုင်တွေကို ကိုယ့်ရဲ့ ပိုင်ရာပိုင်ရာ ဆိုင်ရာဆိုင်ရာ နယ်မြေတွေမှာ နယ်ခြား
စောင့်တပ်ဆိုပြီး အဲ့ဒီနယ်ကိုအပိုင်စားပေး စောင့်ရှောက်စေခဲ့တယ် စစ်ပွဲဆိုတာ ဘယ်စစ်ပွဲမှ
မကောင်းဘူး ဒါကိုလူတိုင်းသိတယ် စစ်သားတိုင်း စစ်တိုက်ချင်နေကြတဲ့သူတွေမဟုတ်ဘူး
သူပုန်ပဲသေသေ တပ်မတော်သားပဲသေသေ တစ်ယောက်သေရင် နိုင်ငံသားတစ်ယောက်ဆုံးရှုံး
ရတာပဲ စစ်ဆိုတာမဖြစ်တာပဲကောင်းတယ် မဖြစ်အောင်ဘာလုပ်ရမလည်း စောင့်ထိန်းရမယ့်
စည်းကမ်းတွေ ရှိမယ် လိုက်နာရမယ့် နည်းလမ်းတွေရှိတယ် အဲ့ဒါတွေကိုချိုးဖောက်လာခဲ့ရင်
ဘာလုပ်ကြမလဲ ဒီအတိုင်းထိုင်ကြည့်နေရမှာလား သူ့ စည်းကိုယ့်စည်းထားထားပေမယ့်
စည်းဖောက်လာတဲ့သူရှိရင် အပြစ်ပေးတာအရေးယူတာရှိမယ် အဲ့ဒါတွေမှ မရှိရင် တိုင်းပြည်က
အေးချမ်းပါဦးမလား ငြိမ်းချမ်းပါဦးမလား တိုင်းရင်းသားလက်နက်ကိုင်ဆောင်သူတွေလုပ်ချင်တာ
လုပ် လုပ်ချင်တိုင်းလုပ်ဆိုပြီး ခွင့်လွှတ်ပေးထားလိုက်ရင် တပ်မတော်ဆိုတာ ထားမနေနဲ့ တော့
အဲ့ဒါဆိုဘာဖြစ်သွားမလဲ နိုင်ငံမှာ အချုပ်အခြာအာဏာမရှိတော့ဘူးဆိုရင် ကစဥ့်ကလျားဖြစ်ကုန်
မယ်အထိန်းအကွပ်မဲ့ကုန်မယ် ကုန်ကုန်ပြောရမယ်ဆိုရင် ဖြစ်ချင်တာဖြစ်ကုန်မယ်ဘယ်သူတွေ
အဲ့လိုအနေအထားမျိုးကိုလိုချင်လဲ ဟုတ်ပီလိုချင်တယ်ဆို ဆက်အော် တပ်မတော်မလိုမရှိလို့ ။

ငြိမ်းငြိမ်းချမ်းချမ်းနေချင်တယ်ဆိုရင် အေးအေးဆေးဆေးနေပါ အဲ့လိုမှမဟုတ်ပဲ အေးအေး
ဆေးဆေးမနေလို့  ဒီလိုတွေဖြစ်လာရင် စစ်ပွဲတွေဖြစ်လာမယ် တဖက်နဲ့ တဖက်အပြန်အလှန်
အနိုင်ယူဖို့ ကြိုးစားကြတော့မယ် အဲ့ဒီကျရင် စစ်ပွဲဆိုတဲ့အတိုင်းပဲ  မတရားတာဘာမှမရှိဘူး
စစ်တိုက်ရင်သေမယ် မသေချင်ရင် စစ်မတိုက်နဲ့ စစ်သားမလုပ်နဲ့ လက်နက်မကိုင်နဲ့ 
လက်နက်ဆိုတာ သေစေနိုင်တဲ့အရာဝတ္ထုတစ်ခုပဲ ဒါနဲ့ အနီးအနားမှာ လာနေရင် သေနိုင်တယ်
ဒါကအမှန်တရားပဲ သေမှာကြောက်ရင် သေမှာစိုးရိမ်နေရင် ဒီအနီးအနားကို ကပ်ကိုမလာနဲ့ 
လာချင်တဲ့သူရှိရင်တောင် အဲ့ဒီလက်နက်နားကိုမလာနဲ့ လို့ တားလို့ ရရင်တားထားလိုက်
တားလို့ မရလို့  ဒီလက်နက်ကြောင့်သေသွားတယ်ဆိုရင်တော့ ၀မ်းနည်းမနေနဲ့  ဒါကသေတတ်
တယ် အဲ့ဒါပဲနားလည်ထားလိုက် သတင်းမီဒီယာသမားတွေက သိပ်ပြီးတော့ ဘက်မလိုက်ကြပါနဲ့ 
တစိပ် ကို တစ်အိပ်မလုပ်ကြပါနဲ့  ဂျပိုးကို လိပ်ဖြစ်အောင်မလုပ်ကြပါနဲ့  တပ်မတော်သားတွေ
သေကြ ကြေကြတုန်းကတော့ ဘာသံမှမထွက် တိုင်းရင်းသားလက်နက်ကိုင်ဆိုတဲ့သူပုန်တွေ
သေတော့မှ အကျယ်တ၀င့်မျက်နှာဖုံးတင်ပီးဖော်ပြကြတာ ရှက်တတ်ရင်လဲသေဖို့ ကောင်းတယ်
သတင်းသမားအစစ်အမှန်ဆိုရင် စတုတ္ထမဏ္ဍိုင်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အလုပ်လုပ်မယ်ဆိုရင်
သူ့ ဘက်ကိုယ့်ဘက်မျှတအောင်ရေး မျှတအောင်ဖော်ပြ ဘက်လိုက်ရင်တော့ မလိုလားအပ်တဲ့
ပြဿ     နာတွေဖြစ်လာမယ် ပြဿ     နာဖြစ်အောင် မီးမွှေးပေးသူတွေက သတင်းမီဒီယာသမားတွေပဲ
ဖြစ်ကုန်မယ်အဲ့ဒါကိုတော့ သတိထားပြီး နားလည်ထားဖို့ လိုအပ်ပါလိမ့်မယ်။

Ps. ကျွန်တော်စစ်သားတော့မဟုတ်ဘူး မိသားစုဝင်ထဲမှာလဲ စစ်သားတစ်ယောက်မှမရှိဘူး
အပိုတွေလုပ်နေကြတဲ့သူတွေကိုမြင်မိလို့ ပြောမိတာ အပိုတွေလုပ်ရင်တော့ အလုပ်တွေပိုလာ
လိမ့်မယ်အဲ့ဒါတော့နောက်ဆုံးပြောချင်တယ်။
Aung Kyaw Soe ( 24.11.2014 - 1:00 PM )
Photo : BBC

မူရင်းပို့ စ် =>  https://www.facebook.com/CityHunter.mm/posts/413624788793182



Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...