Ads (728x90)

ကလုံးထာရေကာတာ တည်ဆောက်ရေး(ရေဖြူမြို့နယ်)
ကလုံးထာကျေးရွာဆိုတာကတော့ - တနင်္သာရီတိုင်း - ထားဝယ်ခရိုင် - ရေဖြူမြို့နယ် - တလိုင်းယာကျေးရွာအုပ်စု အတွင်း မှာတည်ရှိတဲ့ အလွန်ဝေးလံခေါင်သီအေးချမ်းလှတဲ့ရွာလေးတစ်ရွာဖြစ်ပါတယ် ။ 
 
ကလုံးထားကျေးရွာရဲ့ လူနေ ဧရိယာနဲ့ စိုက်ပျိုးမြေစုစုပေါင်းဟာ ၉၂၄၀ - ဧကလောက်ရှိပြီး - အဓိကစိုက်ပျိုး ထုတ်လုပ်တဲ့ သီးနှံတွေကတော့ - ကွမ်းသီး - ရော်ဘာ - သီဟိုဠ် - အုန်း နဲ့  ဒူးရင်း ပင်တွေစိုက်ပျိုးကြပါတယ် ။  
 
ဒါ့အပြင် ကလုံးထာကျေးရွာရဲ့ ပတ်ဝန်းကျင် တောအုပ်တွေထဲမှာဆိုရင် - ချဉ်ပေါင်ဖာလာ - ဓညင်းသီး -  ပိန်းဥ - ၀ဥ တွေဟာ အမြောက် အများ ထွက်ရှိပါတယ် ။ 
စိုက်ပျိုးထားပင်တွေရဲ့ တစ်နှစ်တစ်နှစ် အထွက်နှုန်းဟာ - ကျပ်သိန်းပေါင်း ၄၂၀၀ တန်ဖိုး ရှိတဲ့အပြင် - အနီးဝန်းကျင် သဘာဝတောအုပ်တွေထဲမှာ ရှာဖွေထုတ်လုပ်မှုကလည်း နှစ်စဉ် ကျပ်သိန်းပေါင်း ၁၈၀၅ ပမာဏရှိတဲ့ အတွက် အလွန် များပြားတယ်လို့ဆိုနိုင်ပါတယ် ။ ရွာသားတွေကိုယ်တိုင် လက်ယက်တွင်းနဲ့ ထုတ်လုပ်တဲ့ ခဲမဖြူသတ္ထုတူးဖော်ရေးက ရတဲ့ဝင်ငွေဟာ ကျပ်သိန်းပေါင်း ၃၅၀ ခန့်ရှိပါတယ် ။ 
အိမ်ခြေပေါင်း ၁၈၂ အိမ်ရှိပြီး ရွာသူရွာသား မိသားစုပေါင်း ၂၀၀ ခန့် နဲ့ လူဦးရေပေါင်း ၉၇၈ ယောက်  တို့ မှီခို လုပ်ကိုင်စား သောက်နေတာဖြစ်ပါတယ် ။ 
လူဦးရေ နဲ့ ၀င်ငွေကိုအချိုးချရရင် ဆင်းရဲနိမ့်ကျတဲ့ အဆင့်ကိုမရောက်ပါဘူး ။ (( ရွာသားတွေ  က အခုလို စာထိုင်ရေး နေစဉ် ဒီလိုပြောပါတယ် - “” လူတော့မဆင်းရဲဘူး စိတ်ဆင်းရဲနေရတယ် ပြောင်းရမယ်ဆိုလို့”” ))
ဒီနေရာမှာ အလွန်ထူးခြားတာက သဘာဝတောအုပ်ထဲက ထွက်ရှိတဲ့ငွေ ပမာဏ ကျပ်သိန်းပေါင်း ၁၈၀၅ ဆိုတာဟာ သစ်ခုတ်လုပ်ငန်းသတ္ထုတူးလုပ်ငန်း တွေလို သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ဖျက်ဆိးပြီးမှ ရတဲ့ဝင်ငွေမဟုတ်ဘဲ သဘာဝအသီးအနှံကို ဆွတ်ခူးရောင်းချယုံကရတဲ့ ပမာဏ ဖြစ်နေတာပါဘဲ ။ 
စာသင်ကျောင်း - ကတော့ မူလတန်းကျောင်းအထိသာရှိပြီး - အလယ်တန်းကျောင်း တစ်ခုကို ဆောက်လုပ်ဖို့ အထိ တတ်နိုင်ပါတယ်လို့ ထွက်ဆိုကြပါတယ် ။ 
ဒီရွာ ကလေးမှာ ‘’’ ဓမ္မရက္ခိတ “” ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းရှိပြီး အဲဒီဘုန်းတော်ကြီးကျောင်းဆရာတော်ဟာ ဦးပညာဝံသဟာ ခေတ်မှီပရိုဂျက်တာကစလို့ အထင်အရှား ပြည့်ပြည့်စုံ ဖြည့်ဆည်းပြီး လူထုကို အသိပညာဖြန့်ဖြူး ပေးနေတာလည်းဖြစ်ပါတယ် ။ အလွန်ဝေးလံခေါင်သီတယ်လို့ ပြောလို့ရပေမဲ့ - မြို့ခြေမြို့စပ်မှာ ရှိတဲ့ကျေးရွာ တွေတောင် မရနိုင်တဲ့ ဥပဒေတွေ နည်းဥပဒေတွေ ကို ဖြန့်ဖြူးရှင်းလင်းပေးနေတဲ့နေရာပါဘဲ ။ 
ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ကတော့ - 
ဘွဲ့ရပညာတတ် ၈ ယောက် ရှိပြီး - အထက်တန်းအောင်သူက ၂၀ ၀န်းကျင်လောက်ရှိပြီး - အလယ်တန်းပညာကို ရေဖြူမှာ သွားရောက်တက်နေတာက ၃၀ ခန့်ရှိပြီး - မူလတန်းပညာရေးမသင်နိုင်တဲ့ ကလေးကတော့ ၁၅ ယောက်လောက်ရှိပါတယ် ။ သူတို့မိဘတွေ ဟာ တောတောင်အစိပ်မှာ ရွှေ့ပြောင်းနေထိုင်ရာကို လိုက်လံ နေထိုင် ကြရင်း ပညာသင်နိုင်ခွင့်ဆုံးရှုံးခဲ့ရတာပါ ။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...