Ads (728x90)



မြင်မိလို့ ပြောမိတာလေးတွေ ရှိတယ် တစ်ခါတစ်လေ ကျရင်
ဘယ်သူလွန်တယ်ဆိုတာသိဖို့ ခက်တယ် အဲ့ဒါကြောင့်တော်တော်များများ
ပြောကြတာက အမှန်တရားကို ဘုရားပဲသိလိမ့်မယ်တဲ့ တစ်ကယ်တော့
အမှန်တရားဆိုတာ အမှားတစ်ရံ ဖြစ်တတ်ပါတယ် အကြောင်းအရင်းအမှန်ကိုမသိပဲ
ရမ်းတုပ်နေမယ်ဆိုရင် အမှန်တရား တစ်ခုက အမှားတစ်ရံ ပဲဖြစ်နေလိမ့်မယ်။

ဒီကိစ္စ ဘယ်သူလွန်သလဲလို့ မေးရင် အကြောင်းအရင်းအမှန်ကိုမသိသူတွေက
ပြည်သူကိုသတ်တဲ့ တပ်မတော် လွန်တာ အဲ့ဒီ စစ်ခွေးတွေ လွန်တာလို့ ပြောကြလိမ့်ဦးမယ်
အဲ့ဒီစစ်ခွေးတွေကို အလိုမရှိဘူးပြောကြပါသေးတယ် ဟုတ်ကဲ့ ခင်ဗျားတို့ အပြစ်တင်
ပြောဆိုနေတဲ့ စစ်ခွေးဆိုသူတွေမရှိခဲ့ရင် ( မရှိတော့ရင် ) ဒီနိုင်ငံကို တိုင်းတစ်ပါးက
ကျူးကျော်ချင်သလို ကျူးကျော်လာလိမ့်မယ် ယခုချိန်မှာရှိတဲ့ သူပုန်တွေ ( တိုင်းရင်းသား သူပုန်တွေ )
လက်ရှိဆိုးနေတာထက်ပိုဆိုးလာလိမ့်မယ် ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် အမည်ခံ
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေ သူတို့ ပြောသလို ပြည်သူတွေအတွက်များ
ဘာများလုပ်ပေးခဲ့တာမြင်ဖူးခဲ့ကြပြီးပြီလဲမသိဘူး။

တံတားတွေ ဆောက်ပေးခဲ့တာမြင်ဖူးပြီးပြီလား လမ်းတွေဖောက်တာ မြင်ဖူးခဲ့ပြီးပြီလား
ဟုတ်ကဲ့ ခင်ဗျားတို့ တစ်တွေမြင်ဖူးလား မမြင်ဘူးလားတော့မသိ ကျွန်တော့်တစ်သက်နဲ့ 
တစ်ကိုယ်တော့ မြင်ဖူးတွေ့ ဖူးခြင်းမရှိဘူး မြင်ဘူးတွေ့ ဘူးကြားဖူးတာကတော့
အများပြည်သူတွေအသုံးပြုနေတဲ့ ဘယ်လမ်း ဘယ်တံတား ကိုတော့ ဘယ်တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့ အစည်းက ဖောက်ခွဲဖျက်ဆီးလိုက်တယ်ဆိုတာမျိုးကိုပဲ ကျွန်တော်မြင်သိ
ကြားခဲ့ဖူးတာပါပဲ။

တိုင်းရင်းသားလက်နက်ကိုင်ဆောင်သူတွေအားလုံး အမည်ခံထားတာတော့ ပြည်သူ့ လွတ်မြောက်
ရေးတပ်မတော် ( အများပြည်သူတွေအားလုံးကောင်းကျိုးအတွက် ) လို့ အမည်ခံထားပေမယ့်
ကိုယ်တွေ့ ကြုံဖူး ခံစားဖူးတဲ့သူတွေပြောပြတာကြားရသလောက်ကတော့ ရွာတွေမှာဆပ်ကြေး
ကောက် လမ်းတံတားတွေမှာ ဆပ်ကြေးကောက် တပ်သားစုဆောင်းတယ်ဆိုပြီးလိုက်ချင်မလိုက်
ချင် ဘာမှမပြောနဲ့  သူတို့ အဖွဲ့ အစည်းထဲကို ဇွတ်အတင်း အကြီးအငယ် အလတ် မရွယ်မရွေး
ဇွတ်အတင်း ဆွဲသွင်းတယ် ဘယ်လိုမှခေါ်လို့ မလိုက်တဲ့သူမျိုးဆိုရင်နေရာမှာတင် ပစ်သတ်ခဲ့တယ်
ဆိုပဲ။

အများပြည်သူတွေကျင်လည်ကျက်စားရာ နေရာတွေ လမ်းတွေမှာ နင်းမိုင်းတွေထောင်
လူကြားသူကြား အများအာပြားရှိနေချိန်မှာ ဆွဲမိုင်းတွေ ဆွဲ အဲ့လိုတွေလုပ်ခဲ့လို့ ခြေပြတ်
လက်ပြတ်နဲ့  ဒုက္ခိတ ဘ၀ရောက်နေသူတွေ ဒုနဲ့ ဒေး အဲ့ဒါလားပြည်သူတွေအတွက်
လက်နက်ကိုင်တယ်ဆိုတာ တိုင်းရင်းသားလက်နက်ကိုင်ပေမယ့် နယ်ခြားစောင့်တပ်အဖြစ်
အများပြည်သူတွေရဲ့ အသက်အိုးအိမ်လုံခြုံရေး တိုင်းတစ်ပါးကကျူးကျော်မှုတွေကို ကာကွယ်
ပေးနေတဲ့အဖွဲ့ အစည်းတွေကိုတော့ လေးစားပါတယ် ကျွန်တော်ပြောချင်တဲ့သူတွေက
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းဖွဲ့ ထားပြီး အများပြည်သူတွေအတွက်မဟုတ်ပဲ
သူတို့ အတွက် သူတို့ အလုပ်လုပ်နေကြတဲ့သူတွေကိုပြောချင်တာပါ သူတို့ တွေ တိုင်းကျိုး
ပြည်ပြုဘာ ဘာတွေများ လုပ်ပေးခဲ့ကြပြီးပြီလဲဆိုတာကိုပဲမေးချင်ပါတယ်။

ကျွန်တော်သာ ပြည်သူ့ တပ်မတော်သား(ခင်ဗျားတို့ ပြောနေတဲ့စစ်ခွေး)တစ်ယောက်ဖြစ်နေခဲ့မယ်
ဆိုရင် တိုင်းကျိုးပြည်ပြု ဘာတစ်ခုမှမလုပ်ပဲ အများပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကိ
အမြဲခြောက်လှန့် ထိပါးနေတဲ့ အဖျက်အမှောင့်လုပ်ရပ်တွေကိုပဲ လုပ်နေတဲ့သူတွေ လစ်ရင်လစ်သလို ကိုယ့်တပ်မတော်သားတွေကို ချောင်းမြောင်း ပစ်ခတ်လုပ်ကြံနေတဲ့သူတွေ
ကားလမ်း ရထားလမ်း တွေ တံတားတွေကို ခနတိုင်း ဖောက်ခွဲဖျက်ဆီးပစ်နေသူတွေကို
အမြစ်ပြတ်တောင် ချေမှုန်းပစ်မိမှာအသေအခြာပါပဲ လက်နက်ကိုင်ဆောင်ပြီးတိုင်းပြည်အတွက်
ကောင်းကျိုးဆိုတာ ကိုမလုပ် ဆိုးကျိုးတွေပဲလုပ်ပေးနေတဲ့သူတွေအတွက်တော့ ၀မ်းနည်းပေး
နေမှာမဟုတ်ဘူးဆိုတာပါပဲ ဆန်ကုန်ပြီးမြေလေးနေသူတွေ လျော့သွားလို့ ခင်ဗျားတို့ တွေ
ဝမ်းတောင် သာသင့်တယ်ထင်ပါတယ်။

ကျွန်တော် ဒါတွေရေးလို့  မင်းကစစ်ခွေးပဲ မင်းက ဘယ်ပါတီအားပေးပဲလို့ တော့လာမပြောနဲ့ 
စစ်ခွေးမဟုတ်သလို ဘယ်ပါတီကိုမှလဲ အားမပေးတဲ့ ကြားနေ၀ါဒသမားတစ်ယောက်ပဲ
ဒါပေမယ့် ပြည်သူတွေထဲကပြည်သူတစ်ယောက်မို့  ပြည်သူတစ်ယောက်ခံစားမိသလိုတော့ခံစား
ပြီးတော့ပြောမိလိုက်ပါတယ် ကျွန်တော်ပြောတာတွေထဲမှာ လွန်တာတွေ ရှိရင်တော့ ၀န္ဒာမိ ပါပဲ။

Aung Kyaw Soe ( 23.11.2014 - 12:30 PM )


မူရင်းပို့ =>   https://www.facebook.com/photo.php?fbid=413193172169677&set=a.330876470401348.1073741828.100004369936057&type=1

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...