Ads (728x90)
  • မြေမြှုပ်ခံကြယ်ပွင့်
မြေမြှုပ်ထားတဲ့ ကြယ်တွေလည်း  ဆွေးမြေ့
အလင်းတန်းတွေ ကောက်ကွေ့ အက်ကွဲ
တစပြင် သုဿာန်လို ခြောက်ကပ်မှုမျိုး ကန္တာရ
အမှိုက်ပုံ  ခြအုံ မြက်ရိုင်းထူထူတွေကြား 
ဘာမှမရှိတဲ့ ဦးချစ်ရှိတယ်
အရွက်မရှိတဲ့ အပင်ရှိတယ်
ဝင်ပေါက်မရှိတဲ့ အပန်းဖြေရိပ်သာရှိတယ်
ဆေးရောင်ပြယ်နေတဲ့ ချန်ဆယ်လာရှိတယ်
ကြွက်သိုက်ဆောက်ဖို့ စာအုပ်စင်ရှိတယ်
အတောင်ပံတပ်ချိန်မှ စည်ကားတတ်တဲ့ ထုထည်ကြီးကြီး အဆောက်အဦကြီးရှိတယ်
မန္တလေး၊ စစ်ကိုင်း၊ တောင်ငူ…အဲသည်လို  ခိုအိမ်တွေရှိတယ်
ငါတို့ရဲ့ သွေးတွေရှိတယ်
အဆုံးမဲ့ မျှော်လင့်ခြင်းတွေရှိတယ်
……………………ရှိတယ်
 ………………………. ရှိတယ်
……………………………….. ရှိတယ်
………………………………………… ရှိတယ်
ခင်ဗျားဟာ… ရာဇ၀င်ထဲက သူရဲကောင်း
တော်လှန်ရေးတို့ရဲ့ မြစ်ဖျားခံရာ
အပစ်ပယ်ခံ မိဘအိုကြီး
ခင်ဗျားစီးဆင်းခဲ့တဲ့ ခေတ်တွေ
ရွှေရောင်နေ့ရက်တွေ 
လွမ်းဆွတ်တမ်းတ နှမြောမိပါရဲ့
ကျုပ်တို့လည်း သားရင်းသမီးရင်းမဟုတ်ပေမယ့်
ခင်ဗျားခြေ ခင်ဗျားလက်ပေါ်က
လူလားမြောက်ခဲ့ရတာလေ…………………..
    (ဘဲရှုပ်)
         ( ၁၂.၃.၂၀၀၁ )
    မြေမြှုပ်ထားတဲ့ ကြယ်တွေလည်း ဆွေးမြေ့
    အလင်းတန်းတွေ ကောက်ကွေ့ အက်ကွဲ
    တစပြင် သုဿာန်လို ခြောက်ကပ်မှုမျိုး ကန္တာရ
    အမှိုက်ပုံ ခြအုံ မြက်ရိုင်းထူထူတွေကြား
    ဘာမှမရှိတဲ့ ဦးချစ်ရှိတယ်
    အရွက်မရှိတဲ့ အပင်ရှိတယ်
    ဆေးရောင်ပြယ်နေတဲ့ ချန်ဆယ်လာရှိတယ်
    ကြွက်သိုက်ဆောက်ဖို့ စာအုပ်စင်ရှိတယ်
    အတောင်ပံတပ်ချိန်မှ စည်ကားတတ်တဲ့ ထုထည်ကြီးကြီး အဆောက်အဦကြီးရှိတယ်
    မန္တလေး၊ စစ်ကိုင်း၊ တောင်ငူ…အဲသည်လို ခိုအိမ်တွေရှိတယ်
    ငါတို့ရဲ့ သွေးတွေရှိတယ်
    အဆုံးမဲ့ မျှော်လင့်ခြင်းတွေရှိတယ်
    ……………………ရှိတယ်
    ………………………. ရှိတယ်
    ……………………………….. ရှိတယ်
    ………………………………………… ရှိတယ်
    ခင်ဗျားဟာ… ရာဇ၀င်ထဲက သူရဲကောင်း
    တော်လှန်ရေးတို့ရဲ့ မြစ်ဖျားခံရာ
    အပစ်ပယ်ခံ မိဘအိုကြီး
    ခင်ဗျားစီးဆင်းခဲ့တဲ့ ခေတ်တွေ
    ရွှေရောင်နေ့ရက်တွေ
    လွမ်းဆွတ်တမ်းတ နှမြောမိပါရဲ့
    ကျုပ်တို့လည်း သားရင်းသမီးရင်းမဟုတ်ပေမယ့်
    ခင်ဗျားခြေ ခင်ဗျားလက်ပေါ်က
    လူလားမြောက်ခဲ့ရတာလေ…………………..
    (ဘဲရှုပ်)
    ( ၁၂.၃.၂၀၀၁ )
    By :
Post a Comment
Blogger Disqus
Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။
Voted This Post
Related Posts Plugin for WordPress, Blogger...