ဘာာာာာာာာာာာ....အမေရိကန်
ဆရာဝန်လစာထက် ဆင်းရဲတဲ့တိုင်းပြည်မှာ ဆရာဝန်လစာက အဆပေါင်း
၁၀၀လောက်ကွာနေတာတောင် ဆရာဝန်လစာတစ်လကို ၅သိန်းကနေ ၁၀သိန်းလောက်ရနေသေးတယ်
ဟုတ်လား။ အမယ်လေးလေ...ငါတစ်နှစ်လုံးလုံးမ နက်ကနေည
အထိကြိုးစားလုပ်မှ ရတဲ့ တစ်နှစ်စာလစာ..ထွီး ဒီစကားတွေကို ကြားရလို့ ငါဘ၀က
ခွေးဘ၀ထက်တောင် အခြေအနေဆိုးနေပါလား။ ကိုယ့်ဘ၀ကို သိလိုက်လို့
ရွံလိုက်တာနော်။ ရှက်လိုက်တာနော်။ အဲဒီလောက်များတဲ့ လစာရနေတဲ့ဆရာဝန်တွေကို
အားကျမယ်လို့ ကြံကာသေး ဘာာာာ ဘာာာာ ဆရာဝန်ဖြစ်ဖို့ ဘယ်လောက်ရင်းနှီးပြီး
အချိန်တွေကုန်ခဲ့ရသလဲ၊ ဘယ်လောက်ကြိုးစားပြီး အနစ်နာခံကာ ပေးဆပ်ခဲ့ရသလဲ
ဘွဲ့ရလာတော့ ဒီနိုင်ငံမှာ ဆရာဝန်ဖြစ်ရတာ ဒီလောက်မဖြစ်စလောက် လစာလေးနဲ့
စေတနာပါပါ ဆရာဝန်စိတ်ဓာတ်အပြည့်နဲ့ ဆေးကိရိယာတွေ မပြည့်မစုံ
မလုံမလောက်တွေကြားကနေ ဆေးကုပေးနေကြပါတယ်ဆိုတာကို ကြားရတော့
ကိုယ့်ကျေးဇူးရှင်ကြီးများရဲ့ စိတ်ဓာတ်တွေကို လေးစားရတော့မှာပေါ့။
ဟီးဟီး တော်ကြပါပေတယ်။ ဘ၀ကံကောင်းလို့ အတတ်ပညာကောင်းတွေ သင်ကြားခွင့်ရပြီး လူတကာလေးစားအားထားနေရတဲ့ ဆရာဝန်တွေဆီကနေပြီး ငြီးတွားသံတွေ ထွက်လာတော့လည်း ခွေးဘ၀ဖြစ်နေကြတဲ့ ကျနော်လိုဆင်းရဲသားခွေးဘ၀တွေကလည်း တိုင်းပြည်ကြီးရဲ့ ထက်ဝက်ကျော်တောင် ရှိသေးတယ်ဆိုတာ သိအောင်ဟောင်ပြရတော့မှာပေါ့။
ဆင်းရဲသားဆိုတာ အောက်တန်းစားစိတ်ဓာတ်ပဲ ရှိတယ်။ ခွေးစကားတွေ ပြောလည်း အောက်တန်းစားစကားတွေမလို့ နားထောင်လည်း အပိုပဲလို့ ပြောကြမည့်သူတွေ တပုံကြီး။ အရေးမပါတဲ့ အဆင့်အတန်းမရှိသူတွေရဲ့ ညည်းသံတွေကို ဂရုစိုက်နေလည်း အပိုပဲလို့ ပြောနေကြသူတွေလည်းအများကြီးပါ။ ဘယ်နေရာ ဘယ်ကိုသွားသွား အောက်ကျနောက်ကျနဲ့ မျက်စိသူငယ် နားသူငယ်လေးနဲ့ အထက်တန်းလွှာတွေ ၀တ်တာ စားတာ သုံးတာ ဖြုန်းတာလေးတွေကို ကြည့်ပြီး သူတို့လို စားနိုင်ဝတ်နိုင်ဖို့အတွက် အိပ်မက်ထဲမှာတောင် ခိုးခိုးလေး မက်တောင် မမက်ရဲတဲ့ ခွေးသူတောင်းစားဘ၀တွေပါ။ အောက်တန်းစားတွေဆိုတော့ သူများ ခိုင်းဖတ်တွေပေါ့။ မလောက်မင လစာလေးရဖို့အတွက် အဆဲခံ၊ အဆူခံ၊ အနှိမ်ခံ၊ အဟောက်ခံပြီး ခေါင်းငုံ့ခံ သည်းခံခဲ့ရပေါင်းလည်း မနည်းပါဘူး။ မွေးဖခင် ကို အဖေခေါ်ရရုံတင်မကဘူး ဘယ်သွားသွား တွေ့သမျှ လူချမ်းသာတွေကို မနားတမ်း အဖေခေါ်ပြီး မျက်နှာချိုသွေးပြရတာလည်း မနည်းပါဘူး။ စောက်သုံးမကျလို့ စိတ်ဓာတ်မကောင်းလို့ အပျင်းထူလို့ အောက်တန်းစားဖြစ်တယ်လို့ ဆူပူပြောဆိုနေလည်း မနာပါဘူး။ အမှန်တွေကို ပြောနေတာကို အရေထူနေပါပြီ။
အောက်တန်းစားဘ၀ရောက်အောင် ဘာအလုပ်မှ မလုပ်တတ်အောင် အလုပ်အကိုင်တွေက ရှားပါး၊ အတတ်ပညာတွေက တနေ့တခြား ခေတ်မီဆန်းသစ်လာပေမဲ့လဲ အောက်တန်းစားတွေ သင်ယူဖို့ ပညာရေးစရိတ်က ကြီးလွန်းလို့ အောက်တန်းစားတွေအတွက် လားလားမျှ မသက်ဆိုင်သလိုဖြစ်နေတယ်လေ။ ဟီးဟီး ဟဲ့ခွေး၊ မသာ၊ စောက်သုံးမကျတဲ့ကောင်၊ ခွေးမသား၊ မအေ...လို့ အဆဲခံပြီး လုပ်လို့ရတဲ့ အလုပ်အကိုင်တွေအတွက် အလယ်တန်းပညာရေးသင်ကြားလို့ရတဲ့အ ထိတော့ အောက်တန်းစားဘ၀တွေအတွက် အမြင့်ဆုံးမျှော်လင့်ချက်လေးတွေ တော့
ရှိနေသေးတာပေါ့။ ဒါတောင် ဒီလို အတန်းပညာတတ်ဖို့ဆိုတာ
အောက်တန်းစားမိသားစုရဲ့ ကိုယ့်မိမစစ် ဖမစစ် မိဘတွေက စောက်သုံးကျဦးမှ။
ဖဲရိုက်၊ ချဲထိုး၊ ဘောလောင်း၊ ဖောက်ပြန်၊ အရက်သောက်၊ လက်ကြောမတင်း၊
ကျန်းမာရေးမကောင်းလို့ကတော့ မျိုးမစစ်ကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့
ပညာမသင်ကြားရပဲ အတန်းအပို့ခံရပြီမှတ်။
အို..ပြောနေလို့လည်း အပိုပါပဲလေ။ ဟဲဟဲငါတို့လို..ဒီလိုဘ၀တွေက ကလေကချေတွေ စောက်သုံးကို မကျလို့ဖြစ်နေတာ..အထက်တန်းလွှာသူ တွေက
သူတို့သားသမီတွေကို သားတွေကြည့်ထားနော် တွေ့လား။ အဲဒီအောက်တန်းစားတွေ
ပညာမတတ်လို့ စောက်သုံးမကျလို့ မကြိုးစားလို့
ဒီလိုဘ၀မျိုးဖြစ်နေရတာလို့ဆိုပြီး
အထက်တန်းလွှာတွေရဲ့ အနှိမ်ခံနှိုင်းပြောခြင်း ခံရတာကို ကြားရလွန်းလို့လည်း
ရိုးအီနေပါပြီ။တကယ်လည်း ဆင်းရဲသားတွေတော်တော်များများ လက်ကြောလည်း မတင်း၊
လုပ်ရည်ကိုင်ရည်လည်း မရှိ၊ ပညာလည်းမတတ်၊ စောက်ပြောလည်းကြီးတတ်မှန်း
သိပါတယ်။ ကျနော့်အိမ်နောက်ကဆို သူ့သမီးက ဖာတန်းမှာ အမေက တစ်နှစ်ကို ကလေး
တစ်ယောက်နှုန်းနဲ့ တပြွတ်ပြွတ်မွေးသလို အဖေကလည်း နေ့တိုင်း အရက်လေးက
တမြမြ..ဟိုယောင် ဒီယောင် လူတွင်ကျယ်လုပ်နေလေရဲ့။
အလုပ်အကိုင်မလုပ်ဘူးလားလို့တော့
လာမမေးနဲ့ ဘွဲ့ရထားတာ။ ၀န်ထမ်းလုပ်ပြီး လာဘ်စားလို့ဆိုပြီး ထောင်ကျ၊
ထောင်ကထွက်လာတော့ စိတ်ကျပြီး ဒီလိုဖြစ်နေတော့တာပဲ။ သူကတော့
မူးတိုင်းပြောနေတယ်။ သူလုပ်တာမဟုတ်ဘူးတဲ့။ သူ့အထက်က စားသွားတာများသွားလို့
မိသွားတာတဲ့။ သူရတာက နည်းနည်းတဲ့။ အမှုအားလုံးကို အထက်က ခေါင်းရှောင်လို့
သူခေါင်းခံခိုင်းလိုက်ရတာတဲ့။ သူလည်း ထောင်ကျပြီး မကြာဘူး။ သူ့သမီးလည်း
ဖာတန်းထဲရောက်သွားရော။ သူ့သမီးက ၁၀တန်းအောင်တယ်နော်။ သူထောင်မကျခင်က
မုန့်စက်ရုံမှာ မုန့်လိုက်ဖြန့်တဲ့သူလုပ်တယ်။ မောင်နှမက ၇ယောက်ဆိုတော့
အိမ်စရိတ်ကာမိအောင် ကျောင်းဆက်မတက်တော့ပဲ မောင်တွေ ညီမတွေကို ဦးစားပေးပြီး
အပြင်အလုပ်ထွက်လုပ်တာ။ ကျောင်းစရိတ်ကလည်း ကြီး၊ အိမ်ငှားခကလည်း တလထက်
တလတက်လာတော့ သူတို့မိသားစုစရိတ်က တနေ့ထက် တနေ့ ပိုကြီးလာတာပေါ့။ အရင်က
ထမင်းဝိုင်းမှာ ကြက်လေး၊ ၀က်လေး တစွန်းတစလေး မြင်ရပေမဲ့ သားသတ်လိုင်စင်
သိန်းတစ်ရာကျော်တက်ပြီး ကြက်၊၀က်၊အမဲဈေးတွေတက်ပြီးကတည်းက သူ့သမီး ဖာခံစားတာတောင် ကြက်၊၀က် မစားနိုင်တော့ဘူး။ ကျနော်တို့ လခစားဘ၀ဆို ကြက်၊၀က်မြင်ဖို့ဆိုတာ ဆိုဖွယ်ရာမရှိတော့ဘူး။
ကျနော်ဆိုလည်း မနက်မနက် မိနစ်၃၀လောက် ကားဂိတ်ရောက်အောင် လမ်းလျှောက်ရတယ်။ ရာတန်အနွမ်းလေးကို လက်ထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ရင်း တနာရီတခေါက်လောက်မှ လာတတ်တဲ့ ဘတ်စ်ကားကို အားကိုးတကြီးစောင့်နေရလေရဲ့။ ငါးပိသိပ်၊ ငါးချည်သိပ် အဆူအငေါက်ခံတိုးစီးပြီးမှ ရုံးချိန်အမှီရောက်အောင် အားကြိုးမာန်တက် လာခဲ့ရတာလည်း နှစ်ပေါင်းနှစ်ဆယ်ကျော်ပြီ။ အရင်က ရတဲ့ လစာ တပဲခြောက်ပြားကမှ အိမ်စရိတ်ဖူလုံတဲ့အပြင် ရုံးပိတ်ရက်တွေမှာ အေးအေးဆေးဆေး အနားယူအပန်းဖြေလို့ရသေးတယ်။ အခု လစာ ရှစ်သောင်းကျော်ရလာတာတောင် အိမ်ငှားခ၊ ရုံးသွားရုံးပြန်ကားခ၊ ထမင်းစရိတ်တွေနဲ့ မနည်းကာမိအောင် ခြိုးခြံချွေတာသုံးနေရတာတောင် တခါတလေ နေထိုင်မကောင်းဖြစ်ရင် ဆေးခန်းကို သွားမပြရဲပဲ နီးစပ်ရာ ကွမ်းယာဆိုင်ထဲက ဆေးမြီတိုလေးတွေနဲ့ပဲ ဖြေရှင်းခဲ့ရတာပါ။ ဆေးခန်းသွားပြရင် ဆေးဖိုး ၀ါးခ..အဲအဲ ၀ါးခလို့ ပြောရင် မတရားရာ ကျနေပါဦးမယ်။ ပေးသင့်ပေးထိုက်တဲ့ ဆေးဖိုးဝါးခတွေဖြစ်နေပေမဲ့လည်း ဆေးမြီတိုလေးတွေနဲ့ မသက်သာတဲ့အဆုံးသွားပြရတဲ့အခါကျရ င်
ကျနော်တို့လို အောက်တန်းစားတွေအတွက် စမ်းသပ်ခ ၁၀၀၀၊ ၁၅၀၀ဆိုတာ အလွန်ကို
များပြားလွန်းနေပါတယ်။ ဆေးရုံထဲဝင်ဖို့ ဂိတ်စောင့်ကို ဆက်ကြေး
ညာကြေးပေးရသလို ဘာဝယ် ညာဝယ်နဲ့ခိုင်းတော့ နေတဲ့အိမ်က သူများဆီက
ငှားထားတာဆိုတော့ အိမ်တိုင်ချွတ်မပေါင်ပေးနိုင်တော့လည်း
မနေနိုင်တဲ့ သားသမီးတွေက ကျွန်တွေ ဖာတွေအဖြစ် နဲ့
ဖင်ပေါင်ခံလိုက်ရတော့တာပါပဲ။ ဟဲဟဲ..စောက်သုံးမကျတဲ့
အောက်တန်းစားစိတ်ဓာတ်တွေနဲ့မလို့ 
ဒီလို လုပ်တာပါ။ ဒီလိုသူတွေ ဒီလိုဖြစ်နေကြတာ စိတ်ဓာတ်နဲ့ ဆိုင်ပါတယ်လို့
ပြောကြမယ့်သူတွေလည်း ရှိမှာပါ။ ပြောပါ ဆဲပါ ဝေဖန်ပါ။ အိမ်သာတက်ပြီးရင်
ဆေးဖို့ ရေမရှိ၊ ဆပ်ပြာမရှိ၊ ခြင်ကိုက်ရင် ထောင်အိပ်ဖို့ ခြင်ထောင်မရှိ၊
အေးရင် ခြုံဖို့ စောင်မရှိတဲ့ မိသားစုဘ၀ကို မြင်ဖူးကြသလား။ အို လာမပြောနဲ့
ဒါတွေဟာ အကုသိုလ်တွေ မကြားချင်ဘူး၊ မမြင်ချင်ဘူး။ မသိချင်ဘူး။ သူတို့
အတိတ်က မကောင်းခဲ့လို့ သူတို့ အခုဘ၀မှာ လာပြီး ပြန်ခံနေရတာ။ ငါတို့နဲ့
ဘာဆိုင်တာမှတ်လို့။ သူ့ထိုက်နဲ့ သူ့ကံပဲ။ ငါတို့လုပ်လို့လည်း မဟုတ်ဘူး
ငါတို့နဲ့ မဆိုင်ဘူးလို့ မသိမသာ ရှောင်ထွက်ပြီး မသိချင်ယောင်ဆောင်ကာ
ငြင်းဆန်ကြမည့်သူတွေလည်း အများကြီးပါ။ ဟဲဟဲ တီဗွီထဲ
သတင်းစာကြီးကြီးတွေထဲမှာ ဓာတ်ပုံကြီးကြီးနဲ့ ပါမယ်ဆိုလို့ကတော့
အဲဒီအောက်တန်းစားတွေကို ကရုဏာမျက်လုံးလေးတွေနဲ့ မဟာကရုဏာရှင်ကြီးတွေလို့
မျက်နှာပေးကောင်းကောင်းလေးတွေနဲ့ 
အကြင်နာမျက်ဝန်းအစုံလိုက်နဲ့ စေတနာအပြည့် လုပ်ပြမယ့်သူတွေကတော့
တန်းစီပြီးရှိနေတာသိတော့လည်း အော် လောကမှာ လူကောင်းသူကောင်းကြီးတွေ
တော်တော်များများရှိသေးလို့ တော်သေးပါလားဆိုပြီး သက်မကြီးတောင် ချမိလေရဲ့။
တခါကဆို အဖေက သေခါနီးနေမကောင်းလို့ ရုံးမှာ သွားပြီး ငွေချေးဖူးပါတယ်။ ငယ်လိုက်ရတဲ့ မျက်နှာ၊ မရရအောင် အသနားခံပြီးပြောလိုက်ရတဲ့ အပြောတွေ၊ မင်းအဖေကို ကုဖို့ ပိုက်ဆံက မင်းရတဲ့လစာနဲ့ဆိုလောက်မှ မလောက်တော့တာ အသက်လည်း ကြီးပါပြီ။ ကုနေလည်း အပိုပါပဲလို့ အကြံပေးတဲ့သူတွေကလည်း ပေးကြ။ အော် ၀ိတိုရိယတို့ စင်္ကာပူ Rafflesဆေးရုံတို့ ယိုးဒယားတို့မှာဆေးသွားကုနေကြတဲ့ 
အထက်တန်းလွှာကလူတွေရဲ့ဘ၀တွေ၊ သေတာတောင် သတင်းစာနာရေးထဲမှာ ဘယ်ဆေးရုံကို
ဘယ်ဆရာဝန်ကို ကျေးဇူးတင်ပါကြောင်းတွေကို ထည့်နေတာကို မြင်ရတဲ့အခါတိုင်း
အဲဒီ သတင်းစာထဲတခါထည့်တဲ့ ကြေငြာခဟာ ငါအဖေ သေဖို့အတွက် သေခါနီး
ဝေဒနာသက်သာအောင် ဆေးဖိုးအတွက် တော်တော်လေးကို လုံလောက်ပါလားဆိုတာ
တွေးမိတိုင်း ခွေးဘ၀ဖြစ်ရတဲ့ ကိုယ့်ဟာကိုယ် ကြိတ်ငိုခဲ့ရပေါင်းလည်း
များခဲ့ပါပြီ။ အဖေမဆုံးခင် ဆေးရုံသွားပြတော့လည်း ဆရာဝန်တွေက ပြောပါသေးတယ်။
မင်းတို့က ရောဂါကျွမ်းပြီးမှ လာပြတယ်။ ဆရာဝန်တွေကို သက်သက်နာမည်ပျက်အောင်
ဒုက္ခလာပေးတာလားတဲ့။ ငွေကြေးတတ်နိုင်လို့ကတော့
ကိုယ့်မိဘဒီလောက်ခံစားနေရတာကို ဒီအတိုင်းထားပြီး နေမှာလား။
ကိုယ်ချင်းစာစိတ်လေးတွေနဲ့ ပြောကြပါလားလို့တောင်
စိတ်ထဲမှာခံပြင်းမိပေမဲ့လည်း မဟုတ်ရပါဘူး ဆရာရယ်။ ကျနော်တို့က
အသိအမြင်နည်းလို့ဖြစ်သွားတာပါ။ အားကိုးပါတယ်ဆရာရယ်။ ကယ်ပါဦး ဆရာတို့
တတ်နိုင်သလောက် ကျနော့်အဖေအသက်ကို ကယ်ပါဦးလို့သာ အားကိုးတကြီးနဲ့
တောင်းပန်ရတဲ့ အောက်တန်းစားတွေရဲ့ ၀မ်းနာကို ဒီဆရာဝန်တွေ
နားလည်သိရှိနိုင်မှာလည်း မဟုတ်ပါဘူး။
အထက်တန်းလွှာတွေဆို ငွေတွေကို ပေါက်ပေးပြီး ကြိုက်ရာအထူးကုကို လက်ညှိုးထိုးပြီး ခွဲချင်တဲ့အချိန်ကို ရက်ချိန်းယူပြီး စောင့်စရာမလိုပဲ ခွဲစိတ်လို့ရတယ်။ အောက်တန်းစားကျနော်တို့မှာတော့ ဓာတ်မှန်လေးရိုက်ဖို့ သွေးလေးစစ်ဖို့ သလိပ်လေးစစ်ဖို့အတွက်တောင် စောင့်လိုက်ရတဲ့ အချိန်တွေများ အဆူအငေါက်ခံလိုက်ရတဲ့ ခွဲခြားဆက်ဆံ ခံရမှုတွေများ ချိန်လိုက်တဲ့ ရက်ချိန်းတွေဆိုတာများ ကို မမူနိုင်ပဲ ဂရုမစိုက်နိုင်ပဲ ရောဂါသက်သာဖို့အတွက်ကို ဆရာဝန်ပေါက်စလေးတွေပေးတဲ့ ဆေးတွေကိုပဲ အားကိုးတကြီးနဲ့ ယုံယုံကြည်ကြည်မှီဝဲနေကြရတဲ့ ဘ၀ပါ။ အထူးကုဆိုတာတွေနဲ့ အဖေ့ရောဂါကို တခါမှ မပြပေးခဲ့တာတောင် ၂လထဲနဲ့ကို ကျနော့်မှာ အကြွေး ၁၅သိန်းတင်ခဲ့ပါတယ်။
ကျနော့်ဘ၀ကို တွေးမိတိုင်း ပျော်နေမိတယ်။ အောက်တန်းစားတွေဘ၀ကို ဘယ်သူတွေက အရေးတယူခံစားပြီး ပြောပြမှာလဲကွယ်။ ပြောပြလည်း ဘယ်သူတွေက အချိန်ကုန်ခံပြီး နားထောင်ပေးမှာလဲ။ ကိုယ်ပြုတဲ့ကံ ကိုယ်တာ ပြန်ခံနေရလို့ ကံကံရဲ့အကျိုးကြောင့် အတိတ်က မကောင်းမှုတွေကြောင့် အောက်တန်းစားဘ၀ရောက်နေတာကို ဘယ်သူမှ မကယ်နိုင်ဘူးလို့...ဘူးတလုံးဆော င်ပြီး
ပါးစပ်ပိတ်အောင် ငါပြောတယ်ကွာ။ မင်းတို့ဆင်းရဲတာ စောက်သုံးမကျလို့။
မင်းတို့က အဆင့်အတန်းမရှိလို့။ ဦးနှောက်မရှိလို့ အောက်တန်းစားဖြစ်နေတာကွာ။
စောက်လုပ်ကို ကောင်းကောင်းမလုပ်လို့ အောက်တန်းစားဖြစ်နေကြတာကွာ။
စောက်ပျင်းကြီးပြီး လေကြီးနေလို့ အောက်တန်းစားဖြစ်နေကြတာကွာ။
စောက်ထင်ကြီးစရာမရှိအောင် အပျော်အပါးတွေမက်ပြီး စောက်ပိုတွေလုပ်နေကြလို့
အောက်တန်းစားဖြစ်နေကြတာကွာ။ မင်းတို့စောက်သုံးမကျတာကို ငါတို့ ခေါင်းထဲမှာ
ထည့်ပြီး စဉ်းစားပေးလို့မရဘူး။ မင်းတို့က ကြိုးစားမှပေါ့။
ထမင်းရည်မရှိရင်လည်း မုန့်ဟင်းခါးစားပေါ့။ အပိုတွေ လျှောက်ပြောမနေနဲ့။
ဆင်းရဲသားပပျောက်ရေးဆိုပြီး စီမံကိန်းတွေလုပ်ပေးနေတာ
ဘယ်လောက်ထိရောက်အောင်မြင်နေပြီလဲဆိုတာ မတွေ့ဘူးလား။ဘယ်လောက်တိုးတက်နြေ ပီလဲ။
မင်းတို့ကမှ မလိုက်တာ မလိုက်ချင်ရင် နောက်မှာပဲနေခဲ့ပေါ့။
အခမဲ့ပညာရေးစနစ်တွေ လုပ်ပေးထားတာပဲ အားအားယားယား အပိုအလုပ်တွေလုပ်မနေနဲ့
စာသင်ချိန်မှာ စာသင်ကြပေါ့။ စောက်လုပ်ပိုတွေလုပ်နေလို့ ပညာတတ်မှာလား။
ရှုပ်တယ်ကွာ မင်းတို့ အောက်တန်းစားတွေ စိတ်ဓာတ်ကိုက အောက်တန်းကျနေတော့
ပြင်ဖို့ခက်တယ်။ ပြင်လို့ခက်ရင်တော့ မင်းတို့ဖာသာ
သွားသေလိုက်တော့ကွာ......အောက်တ န်းစားတွေအားလုံးမှာ
သူတို့ပြောတာ သူတို့လုပ်ပေးနေတာတွေက အချက်ကျကျနဲ့
တရားနည်းလမ်းတကျမှန်နေတော့လည်း ဘာမှ ပြန်မပြောနိုင်လောက်အောင်
ကိုယ့်အပေါက်တွေကို ပိတ်ထားရတော့တာပေါ့နော်....
အဲဒီအချိန်မှာ အောက်တန်းစားအဘွားအိုကြီးက အပေါက်ပိတ်ဖို့မေ့ပြီးယောင်အော် လိုက်တယ်လေ......မသာကောင်တွေရဲ့
ကုန်ဈေးနှုန်းတက်နေတာ သိလားဟဲ့ ကုန်ဈေးနှုန်း နင့်အမေလင်တွေက တနေ့ထက်တနေ့
အခြေခံစားကုန်ဈေးတွေ မတက်တက်အောင် လုပ်နေကြတယ်။ မသာကောင်တွေရဲ့ မြေဈေးတွေ
တက်နေတယ်လေ။ နင့်အမေလင်တွေ မြေဈေးတွေတက်အောင်မြှင့်နေတော့
စိတ်ကူးထဲမှာတောင်မ၀ယ်နိုင်တဲ့ ငါတို့အောက်တန်းစားတွေအတွက် မြေဈေးတက်တော့
နင့်အမေလင်တွေက မြေငှားခ အိမ်ငှားခတွေ တက်ပြီးယူတော့တာပေါ့။
မသာကောင်တွေရဲ့ ကုန်ဈေးနှုန်းနဲ့ ၀င်ငွေညီမျှတဲ့ အလုပ်အကိုင်တွေ
ငါတို့အတွက် ရှိလို့လား ဘယ်မှာလဲ သန်း၂၀ကျော်အတွက် အလုပ်အကိုင်တွေ။
မသာကောင်တွေရဲ့ ငါတို့ အလုပ်လုပ်တတ်အောင် အောက်တန်းစားတွေ
အရည်အချင်းရှိအောင် သင်ပေးနိုင်တဲ့ စောက်ကျောင်းတွေ ရှိလို့လား ဟူသည်။
ဟီးဟီး..မှားပြီးရေးမိတာပါ။...ေ စာ္ကားတာမဟုတ္ပါဘူး။
မွားသြားတာပါ။ သည်းခံကြပါ။ သည်းခံကြပါ။ အောက်တန်းစားတွေ မဖြစ်ဖြစ်အောင်
မတရားလုပ်ပါများလို့ ဒီအဘွားကြီးရူးသွားတာပါလို့ ကျနော့်မှာ
သူ့အစားတောင်းပန်းပါတယ်။ လက်ကလည်း မနည်းကြီးကို လှမ်းပြီးအဘွားပါးစပ်ကို
ပိတ်ရတယ်လေ။ ထပ်ထွက်လာရင် ရှက်ရမ်းရမ်းခံရမှာစိုးလို့ပါ။
ခွေးဘ၀ဖြစ်နေတော့လည်း မှန်တာပြောမှန်းသိပေမဲ့လည်း ရူးနေလို့ပါလို့ အထက်က
လူတွေနားထဲမရောက်အောင် အထက်လူကြီးတွေစိတ်အနှောင့်အယှက် ဖြစ်သွားနိုင်မည့် မရှိစကား မကြားရအောင် မကောင်းနမိတ်တွေ မမြင်ရအောင် လိမ်ပေးရတာလဲ ကျနော်တို့လိုခွေးဘ၀မျိုးတွေပါပဲနော်။
ငါ့နော်..ဒီလူတွေပြောတာကို ရေးသာရေးလိုက်ရတာ..သူတို့ ဇာတ်ကြောင်းတွေကို
ရေးပေးလို့ ဖြစ်ရတော့မည့် ခွေးဘ၀...ရေးချင်ဦးဟဲ့
ခွေးအဖြစ်....ဖြစ်ချင်ဦးဟဲ့ ခွေးဘ၀။ ခွေးဘ၀တွေဖြစ်အောင်
လုပ်နေကြတဲ့သူတွေနော်..ယောင်ပြီးလို့တောင် ဒီတိုင်းပြည်ကလူတွေဒီလိုဖြစ်အော င် ငါတို့ မတရားအမြတ်ထုတ်ပြီး အကျင့်ပျက်ခြစားလို့ မဟုတ်ဘူးနော်ဆိုပြီးတော့ ဖြေရှင်းချက်ပေးဖို့ စဉ်းစားမနေကြပါနဲ့နော်။တရားခံဘယ်သူလဲဆိုတာကို
လက်ညှိုးမထိုးရဲကြပါဘူး။ သိလည်း မသိကြပါဘူး။ ငြိမ်ငြိမ်လေးသာ ဆက်ပြီး
ဟန်လုပ်နေကြပါ။ ထအော်လိုက်ရင် ပေါ်ကုန်မယ်နော်။ စိတ်ထိန်း
စိတ်ထိန်း...ကိုယ့်စိတ်ထဲမှာလည်း
ဒေါသစိတ်ထိန်းပြီး ပျော်ပျော်နေပြီး ဆက်သာ အမြတ်ထုတ်ဖို့
စဉ်းစားထားလိုက်ပါနော်။ ခွေးတွေပြောတဲ့ ခွေးစကားကို နားလည်တဲ့သူတွေမှ
မဟုတ်တာ ဆိုပြီးတော့ပေါ့.ခွေးတွေနဲ့ ဖက်ပြီး
မဟောင်ပါနဲ့နော်.ဟုတ်ဘူးလား.... :P
အောင်ကျော်ဦး
၂၃၊၁၂၊၂၀၁၂။
ဟီးဟီး တော်ကြပါပေတယ်။ ဘ၀ကံကောင်းလို့ အတတ်ပညာကောင်းတွေ သင်ကြားခွင့်ရပြီး လူတကာလေးစားအားထားနေရတဲ့ ဆရာဝန်တွေဆီကနေပြီး ငြီးတွားသံတွေ ထွက်လာတော့လည်း ခွေးဘ၀ဖြစ်နေကြတဲ့ ကျနော်လိုဆင်းရဲသားခွေးဘ၀တွေကလည
ဆင်းရဲသားဆိုတာ အောက်တန်းစားစိတ်ဓာတ်ပဲ ရှိတယ်။ ခွေးစကားတွေ ပြောလည်း အောက်တန်းစားစကားတွေမလို့ နားထောင်လည်း အပိုပဲလို့ ပြောကြမည့်သူတွေ တပုံကြီး။ အရေးမပါတဲ့ အဆင့်အတန်းမရှိသူတွေရဲ့ ညည်းသံတွေကို ဂရုစိုက်နေလည်း အပိုပဲလို့ ပြောနေကြသူတွေလည်းအများကြီးပါ။ ဘယ်နေရာ ဘယ်ကိုသွားသွား အောက်ကျနောက်ကျနဲ့ မျက်စိသူငယ် နားသူငယ်လေးနဲ့ အထက်တန်းလွှာတွေ ၀တ်တာ စားတာ သုံးတာ ဖြုန်းတာလေးတွေကို ကြည့်ပြီး သူတို့လို စားနိုင်ဝတ်နိုင်ဖို့အတွက် အိပ်မက်ထဲမှာတောင် ခိုးခိုးလေး မက်တောင် မမက်ရဲတဲ့ ခွေးသူတောင်းစားဘ၀တွေပါ။ အောက်တန်းစားတွေဆိုတော့ သူများ ခိုင်းဖတ်တွေပေါ့။ မလောက်မင လစာလေးရဖို့အတွက် အဆဲခံ၊ အဆူခံ၊ အနှိမ်ခံ၊ အဟောက်ခံပြီး ခေါင်းငုံ့ခံ သည်းခံခဲ့ရပေါင်းလည်း မနည်းပါဘူး။ မွေးဖခင် ကို အဖေခေါ်ရရုံတင်မကဘူး ဘယ်သွားသွား တွေ့သမျှ လူချမ်းသာတွေကို မနားတမ်း အဖေခေါ်ပြီး မျက်နှာချိုသွေးပြရတာလည်း မနည်းပါဘူး။ စောက်သုံးမကျလို့ စိတ်ဓာတ်မကောင်းလို့ အပျင်းထူလို့ အောက်တန်းစားဖြစ်တယ်လို့ ဆူပူပြောဆိုနေလည်း မနာပါဘူး။ အမှန်တွေကို ပြောနေတာကို အရေထူနေပါပြီ။
အောက်တန်းစားဘ၀ရောက်အောင် ဘာအလုပ်မှ မလုပ်တတ်အောင် အလုပ်အကိုင်တွေက ရှားပါး၊ အတတ်ပညာတွေက တနေ့တခြား ခေတ်မီဆန်းသစ်လာပေမဲ့လဲ အောက်တန်းစားတွေ သင်ယူဖို့ ပညာရေးစရိတ်က ကြီးလွန်းလို့ အောက်တန်းစားတွေအတွက် လားလားမျှ မသက်ဆိုင်သလိုဖြစ်နေတယ်လေ။ ဟီးဟီး ဟဲ့ခွေး၊ မသာ၊ စောက်သုံးမကျတဲ့ကောင်၊ ခွေးမသား၊ မအေ...လို့ အဆဲခံပြီး လုပ်လို့ရတဲ့ အလုပ်အကိုင်တွေအတွက် အလယ်တန်းပညာရေးသင်ကြားလို့ရတဲ့အ
အို..ပြောနေလို့လည်း အပိုပါပဲလေ။ ဟဲဟဲငါတို့လို..ဒီလိုဘ၀တွေက ကလေကချေတွေ စောက်သုံးကို မကျလို့ဖြစ်နေတာ..အထက်တန်းလွှာသူ
ကျနော်ဆိုလည်း မနက်မနက် မိနစ်၃၀လောက် ကားဂိတ်ရောက်အောင် လမ်းလျှောက်ရတယ်။ ရာတန်အနွမ်းလေးကို လက်ထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ရင်း တနာရီတခေါက်လောက်မှ လာတတ်တဲ့ ဘတ်စ်ကားကို အားကိုးတကြီးစောင့်နေရလေရဲ့။ ငါးပိသိပ်၊ ငါးချည်သိပ် အဆူအငေါက်ခံတိုးစီးပြီးမှ ရုံးချိန်အမှီရောက်အောင် အားကြိုးမာန်တက် လာခဲ့ရတာလည်း နှစ်ပေါင်းနှစ်ဆယ်ကျော်ပြီ။ အရင်က ရတဲ့ လစာ တပဲခြောက်ပြားကမှ အိမ်စရိတ်ဖူလုံတဲ့အပြင် ရုံးပိတ်ရက်တွေမှာ အေးအေးဆေးဆေး အနားယူအပန်းဖြေလို့ရသေးတယ်။ အခု လစာ ရှစ်သောင်းကျော်ရလာတာတောင် အိမ်ငှားခ၊ ရုံးသွားရုံးပြန်ကားခ၊ ထမင်းစရိတ်တွေနဲ့ မနည်းကာမိအောင် ခြိုးခြံချွေတာသုံးနေရတာတောင် တခါတလေ နေထိုင်မကောင်းဖြစ်ရင် ဆေးခန်းကို သွားမပြရဲပဲ နီးစပ်ရာ ကွမ်းယာဆိုင်ထဲက ဆေးမြီတိုလေးတွေနဲ့ပဲ ဖြေရှင်းခဲ့ရတာပါ။ ဆေးခန်းသွားပြရင် ဆေးဖိုး ၀ါးခ..အဲအဲ ၀ါးခလို့ ပြောရင် မတရားရာ ကျနေပါဦးမယ်။ ပေးသင့်ပေးထိုက်တဲ့ ဆေးဖိုးဝါးခတွေဖြစ်နေပေမဲ့လည်း ဆေးမြီတိုလေးတွေနဲ့ မသက်သာတဲ့အဆုံးသွားပြရတဲ့အခါကျရ
တခါကဆို အဖေက သေခါနီးနေမကောင်းလို့ ရုံးမှာ သွားပြီး ငွေချေးဖူးပါတယ်။ ငယ်လိုက်ရတဲ့ မျက်နှာ၊ မရရအောင် အသနားခံပြီးပြောလိုက်ရတဲ့ အပြောတွေ၊ မင်းအဖေကို ကုဖို့ ပိုက်ဆံက မင်းရတဲ့လစာနဲ့ဆိုလောက်မှ မလောက်တော့တာ အသက်လည်း ကြီးပါပြီ။ ကုနေလည်း အပိုပါပဲလို့ အကြံပေးတဲ့သူတွေကလည်း ပေးကြ။ အော် ၀ိတိုရိယတို့ စင်္ကာပူ Rafflesဆေးရုံတို့ ယိုးဒယားတို့မှာဆေးသွားကုနေကြတဲ
အထက်တန်းလွှာတွေဆို ငွေတွေကို ပေါက်ပေးပြီး ကြိုက်ရာအထူးကုကို လက်ညှိုးထိုးပြီး ခွဲချင်တဲ့အချိန်ကို ရက်ချိန်းယူပြီး စောင့်စရာမလိုပဲ ခွဲစိတ်လို့ရတယ်။ အောက်တန်းစားကျနော်တို့မှာတော့ ဓာတ်မှန်လေးရိုက်ဖို့ သွေးလေးစစ်ဖို့ သလိပ်လေးစစ်ဖို့အတွက်တောင် စောင့်လိုက်ရတဲ့ အချိန်တွေများ အဆူအငေါက်ခံလိုက်ရတဲ့ ခွဲခြားဆက်ဆံ ခံရမှုတွေများ ချိန်လိုက်တဲ့ ရက်ချိန်းတွေဆိုတာများ ကို မမူနိုင်ပဲ ဂရုမစိုက်နိုင်ပဲ ရောဂါသက်သာဖို့အတွက်ကို ဆရာဝန်ပေါက်စလေးတွေပေးတဲ့ ဆေးတွေကိုပဲ အားကိုးတကြီးနဲ့ ယုံယုံကြည်ကြည်မှီဝဲနေကြရတဲ့ ဘ၀ပါ။ အထူးကုဆိုတာတွေနဲ့ အဖေ့ရောဂါကို တခါမှ မပြပေးခဲ့တာတောင် ၂လထဲနဲ့ကို ကျနော့်မှာ အကြွေး ၁၅သိန်းတင်ခဲ့ပါတယ်။
ကျနော့်ဘ၀ကို တွေးမိတိုင်း ပျော်နေမိတယ်။ အောက်တန်းစားတွေဘ၀ကို ဘယ်သူတွေက အရေးတယူခံစားပြီး ပြောပြမှာလဲကွယ်။ ပြောပြလည်း ဘယ်သူတွေက အချိန်ကုန်ခံပြီး နားထောင်ပေးမှာလဲ။ ကိုယ်ပြုတဲ့ကံ ကိုယ်တာ ပြန်ခံနေရလို့ ကံကံရဲ့အကျိုးကြောင့် အတိတ်က မကောင်းမှုတွေကြောင့် အောက်တန်းစားဘ၀ရောက်နေတာကို ဘယ်သူမှ မကယ်နိုင်ဘူးလို့...ဘူးတလုံးဆော
အဲဒီအချိန်မှာ အောက်တန်းစားအဘွားအိုကြီးက အပေါက်ပိတ်ဖို့မေ့ပြီးယောင်အော်
အောင်ကျော်ဦး
၂၃၊၁၂၊၂၀၁၂။
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။