Ads (728x90)





In Yangon,Myanmar ... now a day very bad traffic jam .......
look at this picture ... road under construction the over bridge road construction site ......
-----------------------------------
'ရန်ကုန်မြို့ရှိ မိုးပျံတံတားများ တည်ဆောက်မှု တစ်

နှစ်အတွင်း ပြီးစီးရန် မလွယ် တည်ဆောက်ရာ၌ အင်အားနှင့်အတွေ့အကြုံ မရှိသော ပြည်တွင်းကုမ္ပဏီများကို တာဝန်ပေးသည့်အတွက် အချိန်မီမပြီးနိုင်ဘဲ ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဆိုးရွားလာ"


ရန်ကုန်မြို့ရှိ မိုးပျံတံတားများ တည်ဆောက်မှုမှာ တစ်နှစ်အတွင်း ပြီးစီးရန် မလွယ်ကူကြောင်းနှင့် တည်ဆောက်ရာတွင် အင်အားနှင့် အတွေ့အကြုံမရှိသော ပြည်တွင်း ကုမ္ပဏီများကို တာဝန်ပေးခဲ့သည့် အတွက
်ဖြစ်ကြောင်း လေ့လာထားသူ များက ပြောကြားခဲ့သည်။

ထိုသို့မပြီးစီးသည့်အတွက် ရန်ကုန်မြို့နေ ပြည်သူအများစုမှာ ယာဉ်ကြောပိတ်ဆို့မှုဒဏ်ကို ယခင်ကထက် ပိုမိုဆိုးရွားစွာခံစားရမည် ဖြစ်ကြောင်းလည်း သိရသည်။
ရေရှည်ကောင်းရန်အတွက် ခဏတာကျပ်တည်းခြင်း၊ ခက်ခဲခြင်း ဟု ဆိုနိုင်သော်လည်း လိုအပ်သည်ထက် ပိုမိုအချိန်ကြန့်ကြာခြင်း၊ စီမံ ခန့်ခွဲမှုညံ့ဖျင်း၍ အများပြည်သူ ဒုက္ခ ရောက်ရသည့်အချိန် ပိုမိုများမည့် အရေးကိုလည်း ထည့်တွက်သင့်သည်

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ကခုံးကျော်တံတားများကို လေးလအတွင်း အပြီးတည်ဆောက်မည်ဟု ပြောကြားခဲ့ပြီး အဆိုပါလေး လပြည့်မည့် ၂၀၁၂ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ပြီးစီးနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

ထပ်မံ၍ တစ်နှစ်အချိန်ယူရမည်ဟု ထပ်မံပြောင်းလဲသည့် ကာလမှာလည်း ပန္နက်တင်ခဲ့သည့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ဖြစ်ပြီး ယခုအခါ ခြောက်လ ကျော်လွန်သွားပြီဖြစ်ကြောင်း၊ နောက်ခြောက်လဖြင့် အားလုံးအပြီးတည်ဆောက်ရန်မှာ ဖြစ်နိုင်ဖွယ်မရှိသေးကြောင်း ထောက်ပြခဲ့ကြသည်။

လှည်းတန်းခုံးကျော်ကို ပြည်တွင်းကုမ္ပဏီဖြစ်သည့် ရွှေတောင်ကုမ္ပဏီအား အဓိကမြှုပ်နှံလုပ်ကိုင် ခွင့်ပေးထားကြောင်းနှင့် လက်ရှိတွင် ပိုင်တူးခြင်း၊ တိုင်ထူရန်ပြင်ဆင်နေသည့် အဆင့်သာ ရှိသေးခြင်းကြောင့်လည်း ယခုပုံစံတည်ဆောက်မှုနှုန်းအတိုင်းဆိုပါက ခြောက်လဖြင့် ပြီးရန် မလွယ်ဟု သုံးသပ်ကြခြင်းဖြစ်သည်။

ဘုရင့်နောင် ခုံးကျော်တံတားကို FMI ကုမ္ပဏီမှ ၎င်းတို့ငွေကြေးဖြင့် တာဝန်ယူဆောက်လုပ်မည် ဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့တွင် ပန္နက်တင်အခမ်းအနား ပြုလုပ်ခဲ့ကာ တံတားကို ပန္နက်တင်သည့် အချိန်မှစတင်၍ တစ်နှစ်အတွင်းအပြီး တည်ဆောက်ရန် မျှော်မှန်ထားကြောင်း၊ သို့သော် အခက်အခဲရှိပါ က တစ်နှစ်အတွင်းပြီးမည် မဟုတ်ကြောင်းကို ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် FMI ကုမ္ပဏီမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

“ခုံးကျော်တံတားက နှစ်စင်း ဆောက်ရမှာပါ။ ဘုရင့်နောင်လမ်းပေါ်မှာတစ်စင်း၊ သမိုင်းဘူတာရုံ လမ်းပေါ်မှာ တစ်စင်းဖြစ်ပါတယ်။ တံတားတည်ဆောက်ဖို့အတွက် ပြီးခဲ့ တဲ့ ဇွန်လမှာ ပန္နက်တင်ခဲ့ပြီး အခုအကြို အင်ဂျင်နီယာလုပ်ငန်း တွေလုပ်နေပြီ။ လုပ်တဲ့နေရာမှာ မြေပြင် အခက်အခဲအချို့ရှိပါတယ်။ တံတားကို ပန္နက်တင်ပြီးတဲ့အချိန်ကစပြီး တစ်နှစ်အတွင်းမှာ အပြီးဆောက်မယ်လို့ မှန်းထားပါတယ်။ မြေပြင်အခက်အခဲ များရင်တော့ အဲဒီထက်လည်းကျော် ရင်ကျော်သွားနိုင်တယ်”ဟုFMI ကုမ္ပဏီ မှတာဝန်ရှိသူတစ်ဦးက တရားဝင် ထုတ်ဖော်ပြောခဲ့သည်။

လှည်းတန်း၊ ဘုရင့်နောင်၊ ရွှေဂုံတိုင် ခုံးကျော်တံတားများ တည်ဆောက်ရန်အတွက် ပြည်တွင်းကုမ္ပဏီများအား တာဝန်ပေးထားပြီး အဆိုပါ ကုမ္ပဏီများမှာ နိုင်ငံတကာအဆင့်မီ မိုးပျံလမ်း(Fly Over)များ တည်ဆောက်ရာ၌ ယခင်အတွေ့အကြုံရှိ မထားကြောင်း သိရသည်။
ဘုရင့်နောင်နှင့် လှည်းတန်းခုံးကျော်များ အချိန်မီမပြီးသေးဘဲ ရွှေဂုံတိုင်ခုံးကျော် တံတားကိုပါ တစ်ပြိုင်နက် တည်ဆောက်သွားလျှင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်းများစွာမှ သွားလာသူများ ယခုထက် ပိုမိုဆိုးရွားသည့် ကားပိတ်ဆို့မှုဒဏ်ကို ခံစားရမည် . . .

“ပြောထားတဲ့ Intime တစ်နှစ်အတွင်းပြီးမယ်လို့ ယတိပြတ်ပြောဖို့ မလွယ်ဘူး။ ပြီးဖို့မလွယ်ဘူး။ လုပ်ငန်းသုံးပစ္စည်း၊ လုပ်ငန်းသုံးယန္တရားတွေ အင်နဲ့အားနဲ့သုံးပြီး လုပ်ရင်တော့ ပြီးမယ်။ အတွေ့အကြုံမရှိတောင် အင်နဲ့အားနဲ့သုံးပြီး ဆောက်ရင်ပြီးနိုင်ပါသေးတယ်။ ဥပမာပြပါဆိုရင် ပခုက္ကူတံတားကို ဆောက်တုန်းက ယန္တရားနဲ့ ပစ္စည်းအင်အား ပုံအောပြီး ဆောက်တာ ဘာမှမကြာဘူး ခဏနဲ့ ပြီးသွားတယ်။ ဒါအကောင်းဆုံး သက်သေပဲ။ လက်ရှိတာဝန်ယူထားတဲ့ ပြည်တွင်း ကုမ္ပဏီတွေကတော့ Fly Over တည်ဆောက်တာအတွက် အတွေ့အကြုံမရှိဘူး။ အတွေ့အကြုံရှိတဲ့ နိုင်ငံခြားကုမ္ပဏီ အချို့နဲ့ပေါင်း လုပ်တယ်။ လုပ်အားနဲ့ ယန္တရား၊ ပစ္စည်းကတော့ ပြည်တွင်းကုမ္ပဏီကပဲ အဓိကလုပ်ရတာ။ အဲဒီအတွက် ပြည်တွင်းကုမ္ပဏီအနေနဲ့ အင်အာ သုံးလုပ်ရင်တော့ Intime ပြီးမယ်လို့ ပြောလို့ရတယ်။ မသုံးရင်တော့ ပြီးမယ်လို့ ယတိပြတ်သူတို့လည်း ပြောနိုင်မှာမဟုတ်ဘူး”ဟု အင်ဂျင်နီယာ တစ်ဦးက ပြောပြခဲ့သည်။

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတွင် ပါဝင်လုပ်ဆောင်နေသည့် အင်ဂျင်နီယာတစ်ဦးကလည်း “စီမံကိန်းကို ချမှတ်တဲ့သူတွေ အမြော်အမြင်နည်းလို့ပဲ။ စီမံကိန်းတစ်ခုစပြီဆိုရင် အရင်ဆုံးရှောင်သွားရမယ့် လမ်းကိုကောင်းမွန် လုံလောက်အောင် လုပ်ရတယ်။ ဒါပြီးမှ တည်ဆောက်ရတာ။ အခုလို ထပ်ချဲ့စရာ၊ ရှောင်စရာ သိပ်မပေးနိုင်တဲ့နေရာမျိုးမှာ ဆောက်မယ်ဆိုရင် အတွေ့အကြုံရှိတဲ့ ကုမ္ပဏီကိုခေါ် ယန္တရား၊ ပစ္စည်းအင်အားကို ပုံအောသုံးပြီး အချိန်မီပြီး အောင်ဆောက်နိုင်မယ့် ကုမ္ပဏီမျိုးကို ရှာဖို့လိုတယ်။ ဒါက ကုမ္ပဏီအင်အားသုံးဖို့လိုသလို အစကတည်းက စီမံခန့်ခွဲသူတွေ စဉ်းကိုစဉ်းစားပေးရမယ့်အချက်။ အခုက တစ်ရက်မပြီးရင် တစ်ရက်ခရီးသွားပေါင်းများစွာ ဒုက္ခတွေ့ရတဲ့နေရာပါ။ အတွေ့အကြုံသာ ရှိရင်တော့ ဒီလိုနေရာမှာ ဘယ်နှုန်းနဲ့ဆောက်သင့်တယ်ဆိုတာ သိကြမှာပေါ့။ စီမံခန့်ခွဲသူတွေက အဓိကပါပဲ”ဟု သုံးသပ်ခဲ့သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌဦးစိုးသိန်းက ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့တွင် ခုံးကျော်များအား လေးလအတွင်း အပြီးတည်ဆောက်မည် ဟု စတင်ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း၊ စတင်ပြောကြားရာတွင် BOT စနစ်ဖြင့် တည်ဆောက်မည်ဆိုသော်လည်း ဝေဖန်မှုများကြောင့် BOT စနစ်ဖြင့် တည်ဆောက်မည် မဟုတ်ဘဲ BT စနစ် ဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ခုံးကျော်များ တည်ဆောက်ခွင့် ချထားပေးရာတွင်လည်း လေလံခေါ်ယူကာ ယှဉ်ပြိုင်လုပ်ကိုင်သည့် စနစ် ဖြင့်မဟုတ်ဘဲ လက်ရှိတာဝန်ယူ တည်ဆောက်နေသည့် ပြည်တွင်း ကုမ္ပဏီအချို့ကိုသာ ချထားပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ ဘုရင့်နောင်နှင့်လှည်း တန်းခုံးကျော်တံတားများ တစ်ပြိုင်နက်တည်ဆောက်နေပြီး ဘုရင့်နောင် နှင့် လှည်းတန်းမီးပွိုင့်များအား ဖြတ်သန်းသွားလာရသည့် လှိုင်သာယာ၊ အင်းစိန်၊ ရွှေပြည်သာ၊ ကမာရွတ်၊ လှိုင်၊ မရမ်းကုန်းစသည်ဖြင့် မြို့နယ်နေပြည်သူများမှ သွားလာသည့်အခါတွင် လည်းကောင်း အဆိုပါမြို့နယ် များ၊ စက်မှုဇုန်များသို့ သွားလာရသည့် အခြားမြို့နယ်နေ အများပြည်သူများသည်လည်းကောင်း ကားကြပ်မှုဒဏ်ကို ဆိုးရွားစွာခံစားနေရသည်။

ရန်ကုန်မြို့နေပြည်သူအများစုမှာ နေ့စဉ် အလုပ်သွားအလုပ်ပြန်မှုအတွက် ယာဉ်စီးချိန် အနည်းဆုံး ၁ နာရီမှ ၅ နာရီကျော်ကြာမြင့် သည်အထိ အချိန်ပေးစီးနင်းလာရကြောင်း၊ ခရီးသည်တင်ယာဉ်များ အနေဖြင့် လည်း ယခင်က တစ်ရက်ပြေးဆွဲနိုင်သော အခေါက်ရေထက် ၂၀ ရာခိုင် နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ လျော့ကျ လာကြောင်း အထောက်အထားများဖြင့် ပြောကြားလာသည်။

“တစ်ရက်ကိုအရင်က ၁၀ ခေါက် ဆွဲတဲ့ လိုင်းကားက တချို့လိုင်းက ၈ ခေါက်၊ တချို့လိုင်းက ၆ ခေါက် ပဲရတော့တယ်။ အခေါက်ရေက ယာဉ်ပိတ်ဆို့မှုကြောင့် ပိုလျော့လာတယ်။ ခရီးသည်တွေလည်း ကြန့်ကြာလို့ အခက်အခဲတွေ ကြုံနေရတယ်”ဟု မထသ(ရန်ကုန်တိုင်းဒေသကြီး)မှ ဒု-ဌာနမှူး ဦးဝင်းဇော်က ပြောသည်။

အချိန်များစွာပေးကာ လိုင်းကားစီးနင်းလာရသည့် ပြဿနာ၊ ကြာချိန်ခန့်မှန်း၍ မရသည့် ပြဿနာ များကြောင့် ကုမ္ပဏီအချို့မှ ၀န်ထမ်းများနောက်ကျလျှင် ကောက်ယူသည့် ဒဏ်ကြေးကိုပင် လျော့ချပေး ခဲ့ကြောင်း၊ ၀န်ထမ်းများ အနေဖြင့် ကုမ္ပဏီ ရုံးချိန်များစွာ နောက်ကျသည့် ရက်မျိုးဆိုလျှင် လမ်းတစ်ဝက်မှပင် လှည့်ကာ အိမ်ပြန်ရသည့် ရက်များ ရှိလာကြောင်း ထောက်ကြန့်မြို့တွင် နေထိုင်သူ ဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုမှဝန်ထမ်းတစ်ဦးကပြောသည်။

တံတားတည်ဆောက်နေစဉ် ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ နည်းပါးစေရန် ယင်းဧရိယာအတွင်း ၀င်ရောက်ပြေးဆွဲလျက်ရှိသော ခရီးသည်ယာဉ်လိုင်းများအား လျှော့ချခြင်း၊ ယာဉ်စည်းကမ်းအတွက် ယာဉ်ထိန်းများ ထပ်မံတိုးချဲ့ခြင်းများ ပြုလုပ်ထားကြောင်း၊ ဘုရင့်နောင်လမ်း ဆုံ၏အနေအထားမှာ နေရာပတ်ဝန်းကျင် ကျဉ်းမြောင်းခြင်းကြောင့် ခုံးကျော် တံတားတည်ဆောက်ရေး စီမံကိန်း တည်ဆောက်ရေး ကာလတွင် လှည်းတန်းခုံးကျော် တံတားဆောက်ရေးထက် ယာဉ်ကြော ပိုမိုကျပ်တည်းနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက တရားဝင်ပြောကြားထားပြီး ဖြစ်သည်။

ယခုအချိန်၌ပင် ဘုရင့်နောင် လမ်းဆုံတွင် တစ်နာရီကြာသည်အထိ စောင့်ဆိုင်းသွားလာရနေပြီး ထပ်မံကျပ်မည်ဆိုပါက မည်သို့အခြေအနေဖြင့် သွားလာရမည်ကို ကြိုတင် မှန်းဆနိုင်ကြပြီ ဖြစ်သည်။

ထိုသို့သော အခြေအနေတွင် ဘုရင့်နောင်နှင့် လှည်းတန်းခုံးကျော်များ အချိန်မီမပြီးသေးဘဲ ရွှေဂုံတိုင်ခုံး ကျော်တံတားကိုပါ တစ်ပြိုင်နက် တည်ဆောက်သွားလျှင် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ပေါင်းများစွာမှ သွားလာသူများ ယခု ထက်ပိုမိုဆိုးရွားသည့် ကားပိတ်ဆို့ မှုဒဏ်ကို ခံစားရမည်ဖြစ်သည့် အတွက် ခုံးကျော်တစ်ခု အမြန်ပြီးစီးအောင် တည်ဆောက်ပြီးမှ နောက်တစ်ခုကို တည်ဆောက်သင့်ကြောင်း ဆိုကြသည်။

ယခုပင် တစ်ရက်လျှင် ကားစီးချိန်တစ်နာရီမှ ငါးနာရီကြာအောင် အချိန်ပေးနေရသည် ဖြစ်ရာ ရွှေဂုံတိုင်ပါ တစ်ပြိုင်တည်းဆောက်မည်ဆိုပါက ရန်ကုန်မြို့နေ ပြည်သူများသည် ကားကျပ်မှုပြဿနာမှာ လွန်မင်းစွာ ဆိုးရွားမည်ဖြစ်သည်ဟု သုံးသပ်ကြသည်။

ရေရှည်ကောင်းရန်အတွက် ခဏတာကျပ်တည်းခြင်း၊ ခက်ခဲခြင်း ဟု ဆိုနိုင်သော်လည်း လိုအပ်သည်ထက် ပိုမိုအချိန်ကြန့်ကြာခြင်း၊ စီမံ ခန့်ခွဲမှုညံ့ဖျင်း၍ အများပြည်သူ ဒုက္ခ ရောက်ရသည့်အချိန် ပိုမိုများမည့် အရေးကိုလည်း ထည့်တွက်သင့်သည် ဟု အင်ဂျင်နီယာများက ဆိုသည်။
-------------
Admin - kzlm

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...