မြန်မာနိုင်ငံအပေါ်
ဆိုက်ဘာတိုက်ခိုက်မှုများဖြင့် ရခိုင်ဒေသဖြစ်စဉ်များအပေါ်
ဖိအားပေးလာခြင်းကြောင့် မြန်မာ UG Hacker များက တုံ့ပြန်တိုက်ခိုက်မှုများ
စတင်နေပြီဖြစ်ကြောင်း သိရသည်။
သြဂုတ်လ
၃၁ ရက်နေ့က တူရကီအခြေစိုက်ဟု ယူဆရသည့် ဟက်ကာအဖွဲ့က မြန်မာနိုင်ငံအပေါ်
ဆိုက်ဘာစစ်ပွဲ ဆင်နွဲသွားမည်ဟု လူမှုကွန်ရက် ဖေ့ဘွတ်ခ်စာမျက်နှာမှ တဆင့်
ရေးသားခြိမ်းခြောက်ခဲ့ပြီး စက်တင်ဘာ ၁ ရက်တွင် တိုက်ခိုက်မှုများ
စတင်ခဲ့သည်။
ယင်းတိုက်ခိုက်မှုကြောင့်
နောက်ဆုံးသိရသည့် အချက်အလက်များအရ မြန်မာအစိုးရနှင့်ဝ န်ကြီးဌာနဝက်ဘ်ဆိုက်
၂၂ ခု တိုက်ခိုက်ခံထားရပြီး ရခိုင်ဒေသအတွင်း လူမျိုးတုံးသတ်ဖြတ်မှု ရပ်
ဟူသည့် စာသားများကို လုပ်ကြံဖန်တီးပြီး Deface လုပ်ထားသည်။
မြန်မာဟက်ကာများက
လက်ရှိအချိန်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင် ဝက်ဘ်ဆိုက်များကို
ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်နေပြီး ရခိုင်ဒေသတွင်း ဒေသခံလူမျိုးများ
အစွန်းရောက် အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းကို ခံနေရကြောင်း၊
မြန်မာလူမျိုးများကို ကယ်တင်ပါ စသည့် စာသားများနှင့် အကြမ်းဖက်လုပ်ရပ်များ၏
မှတ်တမ်းဓာတ်ပုံများကို ဖော်ပြထားကြသည်။
လက်ရှိအချိန်တွင် ဘင်္ဂလားဒေ့ရှ် ဝက်ဘ်ဆိုက် ၁၄ ခုကို တိုက်ခိုက်ထားသည်။
မြန်မာကွန်ပျူတာအရေးပေါ်တုံ့ပြန်မှုအဖွဲ့
(MMCERT) က မြန်မာနိုင်ငံအပေါ် ပစ်မှတ်ထားသည့် ဆိုက်ဘာစစ်ပွဲ
ဖြစ်ပွားလာနိုင်သည်ဟု နှိုးဆော်အသိပေးထားပြီး လိုအပ်သည့် အကူအညီများ
တောင်ခံနိုင်သည်ဟုလည်း ထုတ်ပြန်ထားသည်။
Credit : The Voice
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။