Ads (728x90)



ရုံခါလို့ ၀ပြီလား အာဆင်နယ် သို့မဟုတ် ဆောင်းကလည်း ဗန်ပါစီ နည်းတူ အမြောက်တပ်ကို စွန့်ခွာပြီ
ရုံခါလို့ ၀ပြီလား အာဆင်နယ် သို့မဟုတ် ဆောင်းကလည်း ဗန်ပါစီ နည်းတူ အမြောက်တပ်ကို စွန့်ခွာပြီ
အသက် ၂၄နှစ်သား အဲလက်စ်ဆောင်းသည် စပိန်ကလပ် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ဖို့ရာ သဘောတူလိုက်သလို အာဆင်နယ်အသင်းမှလည်း လက်ခံလိုက်ပြီ ဖြစ်ရာ အဆိုပါ ကွင်းလယ်ကစားသမားသည် ဘာစီလိုနာမြို့သို့ ကိုယ်ရေးကိုယ်တာပိုင်းဆိုင်ရာ အချက်အလက်များ သဘောတူညီမှု ပြုလုပ်ရန် ခရီးထွက်ခွာတော့မည်ဟု သိရသည်။

ပေါင် ၁၅သန်းဖြင့် သဘောတူညီလိုက်သည်ဟု သိရပြီး မန်ယူသို့ ပြောင်းရွှေ့သွားခဲ့သည့် ဟော်လန်တိုက်စစ်မှူး ဗန်ပါစီ ပြီးနောက် ဒုတိယမြောက် အာဆင်နယ်၏ တန်ဖိုးအရှိဆုံး ကစားသမား တစ်ဦးကို အာဆင်နယ်တို့ ယခုနှစ်တွင် ဆုံးရှုံးလိုက်ရခြင်းလည်း ဖြစ်သည်။

တစ်နှစ်လျှင် ၂ယောက်ကျ ရောင်းထုတ်နေသလား ထင်ရအောင် အာဆင်နယ်အသင်း၏ တန်ဖိုးရှိ လူငယ် ကစားသမားများမှာ တခြားသော ပြိုင်ဘက် အသင်းများဆီသို့ တရွှေ့ရွှေ့ပြောင်းရွှေ့သွားနေခဲ့ရာ ယခုဆိုလျှင် ၃နှစ်အတွင်း ခြောက်ယောက်မြောက် လက်လွတ်ဆုံးရှုံးရခြင်းလည်း ဖြစ်သည်။

ဆောင်းသည် အာဆင်နယ်အသင်းမှ ထွက်ခွာကာ တနင်္လာနေ့တွင် ဆေးစစ်ဆေးမှု ခံယူသွားမည် ဖြစ်ပြီး နောက်တစ်ရက် နူးကမ့်ကွင်းတွင် ချစ်ကြည်ရေးခြေစမ်းပွဲ ကစားမည့် ဆန်းဒိုးရီးယားနှင့်ပွဲတွင်မူ ပါဝင်နိုင်ဦးမည် မဟုတ်ချေ။

ပြီးခဲ့သည့်နှစ်တုန်းက လာလီဂါဖလားပြေးလမ်းတွင် ဒုတိယဖြင့် ကျေနပ်ခဲ့ရသော ဘာစီလိုနာအသင်းသည် ဆောင်းအား ငါးနှစ်စာချုပ်ဖြင့် ချုပ်ဆိုသွားမည် ဖြစ်ပြီး စုစုပေါင်း တန်ကြေးမှာ ယူရို သန်း ၈၀ အထိ ဖြစ်သွားမည် ဖြစ်သည်။

ဘာစီလိုနာအသင်းတွင်လည်း အမြောက်တပ်တွင် အတူအမှုထမ်းခဲ့ဖူးသော ကွင်းလယ်တွဲဖက် ဖာဘရီဂတ်စ်လည်း ရှိနေပြီး ဖြစ်သည်။

ဘာစီလိုနာအတွက်မူ ဆောင်းအား ခေါ်ယူလိုက်ခြင်းမှာ ယခုနှစ် ဘောလုံးရာသီအတွက် ဒုတိယမြောက် ခေါ်ယူလိုက်သော ကစားသမားဖြစ်သွားခဲ့သည်။ ပထမဦးဆုံး ခေါ်ယူလိုက်သည့် ကစားသမားမှာ ဗလင်စီယာမှ ဗဟိုခံစစ်မှူး ဂျိုဒီအယ်လ်ဘာ ဖြစ်ပြီး ယူရို ၁၄သန်း ပေးချေခဲ့ရသည်။

ဆောင်းသည် ၂၀၀၅ ခုနှစ်တုန်းက ပြင်သစ်ကလပ် အက်စ်စီဘတ်စ်တီယားမှ အာဆင်နယ်သို့ ပြောင်းရွှေ့လာခဲ့ပြီး ပွဲပေါင်း ၂၀၅ပွဲကစားပေးခဲ့ကာ ၁၀ ဂိုးသွင်းယူပေးထားသည်။ ဆောင်းသည် ပရီးမီးယားလိဂ်၏ ရာသီသစ် ပထမဦးဆုံးပွဲဖြစ်သော ဆန်းဒါးလန်းနှင့် သရေကျခဲ့သည့် အာဆင်နယ်အသင်း၏ လူစါရင်းတွင် မပါဝင်ခဲ့ချေ။
Written by : နန
www.mutdfan.com မှ ပြန်လည်ကူးယူဖော်ပြပါသည် ။

Copy By : PunkGhost

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...