Ads (728x90)



ထိုင်းနိုင်ငံ ချင်းရိုင်းမြို့နယ် မယ့်စလွေးရပ်ကွက်ရှိ စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်နံပါတ်များမတပ်ထားသော ဟွန်ဒါဆိုင်ကယ် အနက် အနီ ငွေရောင် (၃)စီးကို မောင်းနှင်လာသည့် လူ(၆)ဦးအား မသင်္ကာ၍ ထိုင်းရဲတပ်ဖွဲ့များမှ ရပ်တန့်စစ်ဆေးရာ ( ၆ )ဦးအနက် (၁)ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ကျန်(၅)ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည်။


ဖမ်းဆီးရမိသော တရားခံ(၅)ဦးထဲတွင် အသက်(၁၈)နှစ်အရွယ်ရှိ တရားခံတစ်ဦးမှာ မြန်မာနိုင်ငံသားဖြစ်ကြောင်း သိရှိရသည်။

အသက်(၃၂)နှစ်အရွယ် တရားခံ နှင့် မြန်မာနိုင်ငံသားဟု ပြောကြားထားသော အသက်(၁၈)နှစ်အရွယ် အားမူ တွင် စိတ်ကြွရူးသွပ်ဆေး(၄၀၀)ပြားကို ဖမ်းဆီးရမိပြီး တဆက်တည်းမှာပင် ကျန်(၃)ဦးတွင် စိတ်ကြွရူးသွပ်ဆေးပြား ( ၄၀၀ )ပြားကို ထပ်မံဖမ်းဆီးရမိသည်။

တရားခံတို့၏ ထွက်ဆိုချက်အရ မူးယစ်ဆေးဝါးများကို သုံးစွဲရန်အတွက် ထိုင်းနိုင်ငံသား ဆွမ်ဖစ်ထံမှ ၀ယ်ယူခဲ့သည်ဟု ထွက်ဆိုခဲ့သည်။ တရားခံတို့၏ ထွက်ဆိုချက်အရ အသက်(၄၅)နှစ်အရွယ်ရှိသော ဆွမ်ဖစ်၏ နေအိမ်သို့ သွားရောက် ရှာဖွေစစ်ဆေးရာတွင် စိတ်ကြွရူးသွပ်ဆေးပြား (၆၀)၊ ဘိန်းဖြု(၁)ဂရမ်၊ ဘိန်းအစိမ်းမှုန့် (၆၀၄)ဂရမ်နှင့် ဘတ်ငွေ ( ၃၀၀၂၀ )တို့ကို သိမ်းဆည်းရမိခဲ့ကြပြီး တရားခံအားလုံးအား မယ်ဆိုင်မြို့ရှိ ရဲတပ်ဖွဲ့ထံသို့ ပို့ဆောင်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...