Ads (728x90)


သြဂုတ်လ(၁၉)ရက်နေ့ ည (၇)နာရီတွင် တာချီလိတ်လူငယ်များအဖွဲ့တို့သည် တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်၏ ရပ်ကွက်ရုံးဘေးတွင် တည်ဆောက်ထားသော သာရေး နာရေး ဓမ္မာရုံအတွင်း၌ ကျောင်းဖွင့်ရာသီ တနင်္ဂနွေနေ့ ညတိုင်း ကလေး သူငယ်များကို ယဉ်ကျေးလိမ္မာသင်တန်း ပို့ချ့ပေးနေလျက်ရှိသော နေရာသို့ သွားရောက်ပြီး စာအုပ်(၅၇)ဒါဇင်နှင့် ခဲတံ၊ ပေတံ၊ ခဲဖျက် အပြင် မုန့်များနှင့် တစ်ဦးချင်းစီ ပေးဝေခဲ့ကြသည်။



ထို့အပြင် ယဉ်ကျေးလိမ္မာသင်တန်းပို့ချပေးနေသော အဖွဲ့အား တာချီလိတ်လူငယ်များအဖွဲ့မှ အထွေထွေအသုံးပြုနိုင်ရန်အတွက် အလှူငွေ ( ၃၀၀၀ ) ဘတ်ကို ပေးလှူခဲ့ကြပါသည်။


ထို့ကဲ့သို့ လှူဒါန်းနိုင်ရန်အတွက် တာချီလိတ်လူငယ်အဖွဲ့အား တာချီလိတ်မြို့ရှိ စေနာရှင်များမှ ပါဝင်လှူဒါန်းကြရာ
  1. မအားရီ - စာရေးကိရိယာ(၅၂)ဒါဇင်
  2. မအေးမန်း - စာရေးကိရိယာ(၅)ဒါဇင်
  3. ကိုအောင်နိုင်ဦး - ၁၀၀၀ ဘတ်
  4. မမီးငယ်လေး - ၁၀၀၀ ဘတ်
  5. ကိုစိုင်းအောင်ဦး နှင့် စက်ချုပ်ဆရာမများ - ၈၀၀ ဘတ်
  6. ကိုထင်လင်း ( ဓါတ်ပုံ/ဗွီဒီယို ရိုက်ကူးရေး ) - ၅၀၀ ဘတ်
  7. ကိုစိုင်းနော်လိတ် ( ဟန်ဝင်း - ဆိုင်ကယ်ပြင်ဆိုင် ) - ၅၀၀ ဘတ်
  8. မနန်းရှဲန်မွန်း ( ဟန်ဝင်း - ဆိုင်ကယ်ပြင်ဆိုင် ) - ၅၀၀ ဘတ်
  9. မတင်နီလာဝင်း - ၅၀၀ ဘတ်
  10. ကိုဇာနည်(ပုန်းထွန်) - ၃၀၀ ဘတ်
  11. ကိုငယ်လေး(အလူရာ-ဟိုတယ်) - ၂၀၀ ဘတ်
  12. မလတ် (အလူရာ-ဟိုတယ်) - ၂၀၀ ဘတ်
  13. မသန္တာ (အလူရာ-ဟိုတယ်) - ၁၀၀ ဘတ်
တို့ဖြစ်ကြပါသည်။

တာချီလိတ်လူငယ်များအဖွဲ့သည် သာရေး နာရေး နာမှု နှင့် လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ရန်အတွက် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပါသည်။

တာချီလိတ်လူငယ်များအဖွဲ့သို့ ဆက်သွယ်ရန်
-=-=-=-=-=-

ယဉ်ကျေးလိမ္မာသင်တန်းအဖြစ် ကလေးသူငယ်များအား သင်ကြားပို့ချပေးနေသော အဖွဲ့မှာ ၀မ်ကောင်းရပ်ကွက်နေ ကိုထွန်းလူ နှင့် လူငယ်များမှဖြစ်ကြသည်။


၎င်းတို့အနေဖြင့် ပြီးခဲ့သော ကျောင်းပိတ်ကာလ များတွင်လည်း သင်ကြားခဲ့ပါသည်။ ၎င်းတို့သည် ကျောင်းဖွင့်ကာလတွင် တစ်ပတ်မှာ တစ်ရက်(တနင်္ဂနွေ့) ကလေးသူငယ်များအား ဗုဒ္ဓဘာသာနဲ့ပတ်သက်၍ လိမ္မာတတ်သိ နားလည်စေရန်အတွက် သင်ကြားပေးနေလျှက်ရှိသည်။ ထိုကဲ့သို့ သင်ကြားပေးနေခြင်းသည် ကလေးသူငယ်များအဖို့ အထူးလိုအပ်သော ကိစ္စတစ်ရပ်ဖြစ်ပါသည်။

၎င်းတို့အဖွဲ့အား အလှူရှင်များအနေဖြင့် လှူဒါန်းလိုပါလျှင် အပတ်စဉ် တနင်္ဂနွေနေ့ ညစဉ်(၆)နာရီတိုင်း ၀မ်ကောင်းရပ်ကွက်ရုံးဘေးရှိ သာရေး နာရေး ဓမ္မာရုံသို့ သွားရောက် စုံစမ်းနိုင်ပါသည်။

ပုံများကိုကြည့်ရန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...