Ads (728x90)

Thein Sein Hillary Clinton6

ကမ္ဘောဒီးယားနိုင်ငံ၊ ဆီယံရိတွင် ကျင်းပလျက်ရှိသည့် အာဆီယံ ရင်းနှီးမြှုပ်နှံမှုဖိုရမ်သို့ တက်ရောက်လျက်ရှိသည့် ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် မြန်မာကိုယ်စားလှယ်များသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီကလင်တန် ဦးဆောင်သည့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့ညနေပိုင်းတွင် တွေ့ဆုံဆွေးနွေးပြီး မြန်မာ-အမေရိကန် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍသစ်အား ရေးထိုးခဲ့ကြသည်။

ဗုဒ္ဓဟူးနေ့တွင် အမေရိကန် သမ္မတ အိုဘားမားက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးဆိုင်ရာ ပိတ်ဆို့ထားမှုများအား ရုတ်သိမ်းပေးခဲ့ပြီးနောက် ဦးသိးန်စိန်နှင့် အဖွဲ့အား မစ္စကလင်တန်က အမေရိကန်၏ ထိပ်သီးစီးပွားရေး လုပ်ငန်းများနှင့် ပထမဆုံးအကြီမ်အဖြစ် တွေ့ဆုံမိတ်ဆက်ပေးခဲ့သည်။

Thein Sein Hillary Clinton

၂ နိုင်ငံအလံများ လွှင့်ထူးထားသည့် သာယာလှပသည့် ဟိုတယ်ပရဝုဏ်အတွင်း ဦးသိန်းစိန်နှင့် မစ္စကလင်တန်တို့ ရင်းနှီးစွာ လက်ဆွဲနှုတ်ဆက်ခဲ့ကြသည်။ မစ္စကလင်တန်က သမ္မတကြီး၏ မိသားစု ကျန်းမာပါကြောင်း မေးမြန်းခဲ့ပြီးနောက် သမ္မတကြီးအား "ကျွန်မအနေနဲ့ အမေရိကန် ထိပ်သီးစီးပွားရေးလုပ်ငန်းများက အကြီးအကဲတွေ့ကို သမ္မတကြီးနဲ့ တွေ့ဆုံဖို့ ခေါ်ဆောင်လာပါတယ်။ ကျွန်မအနေနဲ့ သူတို့အားလုံးကို သမ္မတကြီးရဲ့ အနာဂတ် လုပ်ငန်းစဉ်တွေအကြောင်းများကို ဒီနေ့ညမှာ ကြားသိစေချင်ပါတယ်။" ဟု ပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန် တွေ့ဆုံဆွေးနွေးခဲ့ရသည့် အမေရိကန် စီးပွားရေး ကိုယ်စားလှယ်အဖွဲ့သည် အရှေ့တောင်အာရှသို့ ရောက်ရှိလာခဲ့ဖူးသည့် အမေရိကန် စီးပွားရေး ကိုယ်စားလှယ် အဖွဲ့များအနက် အကြီးဆုံးအဖွဲ့လည်းဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး အမေရိကန် ကုမ္ပဏီများဖြစ်သည့် Coca Cola, Ford Motors, General Electirc, General Motors, Goldman Sachs and Google တို့ ဖြစ်ကြသည်။

Thein Sein Hillary Clinton4

ယနေ့အစောပိုင်းတွင် ပြုလုပ်ခဲ့သည့် အမျိုးသမီး ညီလာခံ၌ မစ္စကလင်တန်က အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ချုပ်ချယ်ကန့်သတ်မှုများသော အလုပ်သမား ဥပဒေအား မည်သို့မည်ပုံ ပြောင်းလဲသွားမည်ကို စိတ်ဝင်တစား စောင့်ကြည့်နေသည်ဟု ဆိုခဲ့သည်။ သူမက "အလုပ်သမားတွေမှာ အခွင့်အရေးတွေ ရလာပါပြီ။ စုဝေးခွင့်တွေလည်း ရလာနေတာ တွေ့ရပါတယ်။ သို့သော်လည်း အလုပ်သမား သမဂ္ဂဝင်ဖို့ ခက်ခဲ့ပြီး မှတ်ပုံတင်မထားတဲ့ သမဂ္ဂကို ဝင်မိရင်လည်း ပြင်းထန်တဲ့ အပြစ်ဒဏ်တွေကို ခံနေရသေးပါတယ်။ အခက်အခဲတွေ အများကြီးရှိတာ သိပါတယ်။ ဒါပေမယ့် ရှေ့ဆက်ပြီး ပြောင်းလဲမှုတွေ လုပ်ဆောင်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။" ဟု ဆိုခဲ့သည်။

ထို့အပြင် အမေရိကန် အစိုးရအနေဖြင့် ကျန်းမာရေး၊ ပညာရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍများအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ အား ၃ နှစ်တာ ကာလာအတွင်း မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးအပ်သွားမည်ဟု သိရှိရသည်။

---
Photos courtesy of AFP/Getty Images.

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...