Ads (728x90)

 

ကမ္ဘာကျော် အားကစား မဂ္ဂဇင်း တစ်ခုဖြစ်သည့် ဖိုးဘတ်စ် မဂ္ဂဇင်း မှ စစ်တမ်းကောက်ယူမှု အရ အင်္ဂလန် ကလပ် မန်ချက်စတာ ယူနိုက်တက် အသင်းသည် ကမ္ဘာ့တန်ဖိုး အရှိဆုံး အသင်းအဖြစ် အမေရိကန် ဒေါ်လာ ၂.၂၃ ဘီလီယံ ဖြင့် ထိပ်ဆုံး၌ ရပ်တည်နေကြောင်း သိရသည်။ အဆိုပါ စာရင်းတွင် အားကစားလောကရှိ အသင်းများ ပါဝင်လာပြီး ထိပ်ဆုံး ၁၀ သင်းတွင် ဘောလုံး ကလပ် ၄ သင်း၊ အမေရိကန် ဘက်စ်ကက်ဘော အသင်း ၄ သင်း နှင့် မေဂျာလိပ် ဘေ့စ်ဘော အသင်း ၂ သင်း တို့ ရပ်တည်နေကြောင်း သိရသည်။ ဘောလုံး ကလပ် အသင်း ၄ သင်းတွင် ထိပ်ဆုံး အဆင့် ၁ ၌ မန်ချက်စတာ ယူနိုက်တက် အသင်းရပ်တည်နေပြီး အဆင့် ၂ နေရာ၌ စပိန်ကလပ် ရီးရဲလ် မက်ဒရစ် အသင်း၊ အဆင့် ၈ နေရာ၌ ဘာစီလိုနာ အသင်း နှင့် အဆင့် ၁၀ နေရာတွင် အာဆင်နယ် အသင်းတို့ ရပ်တည်နေကြောင်း သိရသည်။

ကမ္ဘာ့တန်ဖိုး အရှိဆုံး အသင်း ၁၀ သင်းမှာ

၁။ မန်ချက်စတာ ယူနိုက်တက် – ဒေါ်လာ ၂.၂၃ ဘီလီယံ
၂။ ရီးရဲလ်မက်ဒရစ် – ဒေါ်လာ ၁.၈၈ ဘီလီယံ
၃။ နယူးယောက်ခ် ရန်ကီး – ဒေါ်လာ ၁.၈၅ ဘီလီယံ
၎။ ဒါးလက်စ် ကောင်းဘွိုင် – ဒေါ်လာ ၁.၈၅ ဘီလီယံ
၅။ ဝါရှင်တန် ရက်ဒ်စကင်း – ဒေါ်လာ ၁.၅၆ ဘီလီယံ
၆။ လော့အိမ်ဂျယ်လိစ် ဒေါ့ခ်ကာ – ဒေါ်လာ ၁.၄၀ ဘီလီယံ
၇။ နယူး အင်္ဂလန် ပါ့တ်ထရီရော့ – ဒေါ်လာ ၁.၄၀ ဘီလီယံ
၈။ ဘာစီလိုနာ – ဒေါ်လာ ၁.၃၁ ဘီလီယံ
၉။ နယူးယောက် ဂျိုင်းယန့်စ် – ဒေါ်လာ ၁.၃၀ ဘီလီယံ
၁၀။ အာဆင်နယ် – ဒေါ်လာ ၁.၂၉ ဘီလီယံ

 
 

Post a Comment

Blogger Disqus
  1.ေိခိ ဒါကတော့ မြန်မာမန်ယူဖန်ဆိုဒ်ကကော်ပီလာတာပါဂျာ တားလဲမန်ယူဖန်ပဲနော် ကော်ပီလို့ ရတယ်ဟုတ် နောက်မှ ခရတ်ဒစ် ပေးတော့ မယ် ခုတော့ တာ့ တာ ပေးဖို့ မေ့ တွားရို့  :Bye ;)

    ReplyDelete

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...