Ads (728x90)

လူနေရပ်ကွက်အတွင်း စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင် ဖွင့်လှစ်ရန် ဆီသိုလှောင်ကန်များ စတင်တည်ဆောက် နေသည့်အတွက် မီးဘေးအန္တရာယ် ဖြစ်ပွားနိုင်ခြင်းကြောင့် ရပ်ကွက်သူရပ်ကွက်သားများ၏ အသက်အိုးအိမ် စည်းစိမ်အား ကာကွယ်စောင့်ရှောက် သည့်အနေဖြင့် ရပ်ကွက်လူထုမှ ဇူလိုင်လ ၁၂ ရက်နေ့က နေအိမ်များ၊ ဆိုင်များတွင် ပိုစတာများ ချိတ်ဆွဲကာ စုပေါင်းကန့်ကွက်မှု ဖြစ် ပွားခဲ့သည်။

စက်သုံးဆီအရောင်းဆိုင် ဖွင့်လှစ်မည့် နေရာမှာ မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ သီရီဟေမာ အနောက်ရပ်ကွက်၊ အကွက် ၂၃၉၊ ၂၆ လမ်း၊ ၉၀ နှင့် ၉၁ လမ်းကြားရှိ အိမ်အမှတ် (၂ဂ) တွင် ဖြစ်သည်။ ရပ်ကွက်နေ ပြည်သူများသည် ဇွန်လ ၃ ရက်နေ့ ထုတ် မန္တလေး နေ့စဉ်သတင်းစာတွင်ပါရှိသော မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီက ၄င်းစက်သုံးဆီအရောင်း ဆိုင်ဆောက် လုပ် ဖွင့်လှစ်မည်ဖြစ်၍ ကန့်ကွက်မည့်သူ ရှိပါက အထောက်အထား ခိုင်လုံစွာ (၇) ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခဲ့ သည်ကို သိရှိပြီး ဇွန်လ ၇ ရက် နေ့တွင် ကန့်ကွက်သည့် အကြောင်း လက်မှတ်ထိုးများဖြင့် မန္တလေးမြို့ စည်ပင်သာ ယာရေးကော်မ  တီနှင့် မန္တလေးမြို့ ဗဟိုမီးသတ်ဦးစီး ဌာနသို့ အကြောင်းကြားခဲ့သော်လည်း အရေးယူမှု မရှိသည့်အပြင် တည်ဆောက်ရေးလုပ်ငန်း များ ဆက်လက် ဆောင်ရွက်နေကြသည့်အတွက် ယခုကဲ့သို့ ကန့်ကွက်ဆန္ဒဖော်ထုတ် ကြခြင်းဖြစ်သည်။

ယခင်ကတည်းက ရှိနေသည့် ရပ်ကွက်နေအိမ်များကြားမှ ဓာတ်ဆီဆိုင်များကြောင့် မီးလောင်မှုမဖြစ်ပွားသည့် ဓာတ်ဆီဆိုင် မရှိ ခဲ့ကြောင်း နိဗ္ဗာန်သုခ လူမှုကူညီရေးအသင်းမှ ဦးကျော်ရွှင်က ရှင်းလင်းပြောကြားသည်။ ကန့်ကွက်မှုများကြားမှ ဆက်လက်ဆောင် ရွက်နေပါက ရပ်ကွက်နေပြည်သူများက စီတန်းလှည့်လည် ဆန္ဒပြကြဦးမည်ဟု ရပ်ကွက်သူ ရပ်ကွက်သားများ၏ ပြောဆိုချက်များ အရ သိရှိရသည်။

2939 mdy.res oppose gas station in.their neighbor2 2939 mdy.res oppose gas station in.their neighbor3

---

Photos by သားကြီး (ရွှေလုံး)

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...