Ads (728x90)

 

မန်ချက်စတာ ယူနိုက်တက် အသင်း၏ ကွင်းလယ် ကစားသမား မိုက်ကယ် ကားရစ် က လာမည့် ၂၀၁၂-၁၃ ပရီးမီးယား ဘောလုံးရာသီ အဖွင့် ပွဲစဉ် အဖြစ် အဲဗာတန် အသင်းနှင့် ပွဲစဉ်အား တနလာင်္နေ့ည မှ ယှဉ်ပြိုင်ရမည် ဖြစ်သဖြင့် ကျေနပ်နေကြောင်း သိရသည်။ ပရီးမီးယား အဖွင့်ပွဲစဉ်ကို လာမည့် သြဂုတ်လ ၁၈ ရက် စနေနေ့တွင် စတင်မည် ဖြစ်သော်လည်း မန်ယူ အသင်းသည် ရုပ်သံမှ တိုက်ရိုက် ထုတ်လွှင့်ခွင့် အဆင်ပြေစေရန် အတွက် အဲဗာတန် အသင်း၏ ဂူဒစ်ဆင်ပတ်ခ် ကွင်းတွင် တနလာင်္နေ့ည မှ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

မိုက်ကယ် ကားရစ်က "တစ်ချို့အရာတွေဟာ အကောင်းဘက်ကို ဦးတည်ပါတယ်။ တနလာင်္နေ့ညမှ ရာသီသစ် အဖွင့်ပွဲစဉ်ကို ယှဉ်ပြိုင်ရမှာ အလွန်ပဲ ကောင်းမွန်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ အဲဒီအချိန်မှာ နိုင်ငံတကာပွဲစဉ်တွေ အပြီးမှာ စတင်မှာမို့ပါ။ ဒီလိုမျိုး နောက်ကျတဲ့အခါမှာ ကျွန်တော်တို့ အတွက် ပြင်ဆင်ချိန်ပိုရသလို နိုင်ငံပွဲက ပြန်လာမယ့် ကစားသမားတွေ အနေနဲ့လည်း အနားယူချိန် ပိုမိုရရှိလို့ပါ။အဲဗာတန်ကွင်းမှာ သွားရောက် ရင်ဆိုင်သမျှဟာ ခက်ခဲတဲ့ ပွဲစဉ်တွေချည်းပါပဲ။ ဂူဒစ်ဆင်ပတ်ခ်မှာ ကျွန်တော်တို့ ရလာဒ်ကောင်းတွေ ရယူနိုင်ခဲ့သလို တခါတရံမှာ ရလာဒ်ဆိုးလည်း ကြုံတွေ့ခဲ့ရလေ့ ရှိပါတယ်။ဒါပေမယ့် အခုချိန်မှာ သူတို့ကို အကောင်းဆုံး ရင်ဆိုင်ဖို့ ကျွန်တော်တို့ အသင့်ဖြစ်နေပါပြီ။" ဟု အသင်းပိုင် ဝက်ဆိုဒ် ဖြစ်သည့် www.manutd.com မှ တဆင့် ပြောကြား သွားခဲ့ပါသည်။

 
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...