Ads (728x90)

2961 56th martyrs.day celeb ny1အာဇာနည်နေ့ အခမ်းအနားတွင် ဟောပြောနေသည့် စာပေဝေဖန်ရေးဆရာ၊ ကဗျာဆရာ မောင်စွမ်းရည်။

လာမည့် ဇူလိုင်လ ၁၉ ရက် (ကြာသပတေးနေ့) တွင် ကျရောက်မည့် ၆၅ ကြိမ်မြောက် အာဇာနည်နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် အာဇာ နည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ ဇူလိုင်လ ၁၅ ရက် တနင်္ဂနွေနေ့တွင် မွန်းလွဲ ၁ နာရီမှ ၄ နာရီ အထိ၊ နူးယောက်ခ် မြို့ တရုတ်တန်းရှိ Project Reach ခန်းမတည်ရှိရာ 39 Eldridge Street ၌ ကျင်းပရာ အခမ်းအနားသို့ ရဟန်းသံဃာတော်များ၊ စာပေပညာရှင်များနှင့် ဖိတ် ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း ၅၀ ကျော်တက်ရောက်ခဲ့ ကြသည်။

အဆိုပါ ၆၅ ကြိမ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားအား မွန်းလွဲ ၂ နာရီတွင် အခမ်းအနားမှူး မချောအိသိမ်းက အခမ်း အနားဖွင့် လှစ်ကြောင်း ကြေညာပြီး၊ ဧည့်ပရိသတ်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင် ကြီးများအား ဦးညွတ် အလေးပြုခဲ့ပြီးနောက်၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ စက္ကန့် ၃၀ ခန့် ငြိမ်သက်စွာ ဂုဏ်ပြုခဲ့ကြသည်။

2961 56th martyrs.day celeb ny2 2961 56th martyrs.day celeb ny3

အာဇာနည် ၉ ဦး၏ အထ္တုပတ္တိများအား ဖတ်ရှုနေကြသည့် ဧည့်ပရိသတ်များ။

ထို့နောက် အာဇာနည်နေ့အကြောင်း ဟောပြောပွဲအား ကျင်းပရာ စာရေးဆရာ ဦးကံထွန်းသစ် (ဆရာတော် ဦးဇာဂတ)၊ ဦးပညာ ဇော တ၊ ဒေါက်တာ ဦးစိန်ဝင်း (ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကိုအကြီဆုံးဖြစ်သူ ဦးဘ၀င်း၏ သား၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အကို တော်စပ် သူ)၊ သတင်းစာ ဆရာကြီး ဦးခင်မောင်ကြီး၊ စာပေဝေဖန်ရေးဆရာ၊ ကဗျာဆရာ မောင်စွမ်းရည် နှင့် သမိုင်းဆရာ ဦးအောင်စောဦးတို့ က ဟောပြောရာ အာဇာ နည်ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးနှင့် အစဉ်အလာတို့မှာ တိမ်ကောပျောက်ကွယ်လု ဖြစ်နေ ၍ နောင် လာနောက်သားတို့က အာဇာ နည်ခေါင်းဆောင်ကြီးများ၏ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းရမည် ဖြစ်ကြောင်း၊ ခေါင်းဆောင်ကြီး များ၏ သမိုင်းကို အမှာင်ချ၊ ဖျောက်ဖျက်မှု များ မလုပ်သင့်ကြောင်း၊ ယနေ့ကျင်းပသည့် အာဇာနည်နေ့အခမ်းအနားပွဲအား တက်ရောက် သူများမှာ လူနည်းစုသာဖြစ်ကြောင်း၊ ထိုသို့ဖြစ်ရခြင်း မှာ သမိုင်းကို မေ့လျော့အောင် ဖျောက်ဖျက်သူများကြောင့်ဖြစ်ကြောင်း၊ သမိုင်း ကို ဖော်ထုတ်သူများရှိနေသေးသ၍ သမိုင်းသည် ဆက်လက်တည် ရှိနေမည်ဖြစ်ပြီး သမိုင်းကို အမှောင်ချသူများ၊ ဖျောက်ဖျက်သူများ သည် သမိုင်း၏ တရားခံများဖြစ်ကြမည် ဖြစ်ကြောင်း... စသည်ဖြင့် ဟောပြောသွားခဲ့ကြသည်။

ယခုနှစ် အာဇာနည်နေ့ အထိမ်း အမှတ် အခမ်းအနားပွဲ၏ ထူးခြားချက်မှာ အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ပတ်သက်သည့် စာစီစာ ကုံး၊ ပန်းချီကား၊ ကဗျာ၊ ဓာတ်ပုံ နှင့် ကာတွန်း စသည့် ဆုပေးဂုဏ်ပြုပွဲအား ထည့်သွင်းထားခြင်းပင်ဖြစ်သည်။

2961 56th martyrs.day celeb ny4

ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုနေစဉ်။

2961 56th martyrs.day celeb ny5 2961 56th martyrs.day celeb ny6
2961 56th martyrs.day celeb ny7 2961 56th martyrs.day celeb ny8

ပုံ အထက် ၀ဲ မှ ယာ - စာရေးဆရာ ဦးကံထွန်းသစ် (ဆရာတော် ဦးဇာဂတ)၊ ဆရာတော် ဦးပညာဇောတ။

ပုံ အောက် ၀ဲ မှ ယာ - ဒေါက်တာ ဦးစိန်ဝင်း၊ သတင်းစာဆရာကြီး ဦးခင်မောင်ကြီး။

---

Photos by K. Hein (ရွှေလုံး)

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...