Ads (728x90)

 

လာမည့်ရာသီ၌လည်း မန်ယူအသင်း၏ အရံခုံတန်းတွင် အချည်းနှီး အချိန်ကုန်ရဖွယ်ရှိနေသည့် ဘာဘာတော့ဗ်က ပြီးခဲ့သည့် ရက်ပိုင်းကပဲ မန်ယူအသင်းမှ ထွက်ခွာချင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ယခုအခါ အဆိုပါတိုက်စစ်မှူးအား အငှားဖြင့် ခေါ်ယူရန်အတွက် ၀က်စ်ဟမ်းအသင်းက ကမ်းလှမ်းလိုက်သည်။ ။

.

သူ၏ မန်ယူကစားသမား ဘ၀သည် ငရဲကျသကဲ့သို့ ဖြစ်နေကြောင်း ထုတ်ဖော်ကြေငြာခဲ့သည့် ဘာဘာတော့ဗ်၏ ပြောစကားကြောင့် ၀က်စ်ဟမ်းအသင်းက သူ့ကို ခေါ်ယူရန် အတင့်ရဲလာရခြင်း ဖြစ်သည်။ ။

.

ဝက်စ်ဟမ်းအသင်းသည် အဆိုပါ ဘယ်လ်ဂျီယံသား ဘာဘာတော့ဗ်အပြင် အင်္ဂလန်နှင့် လီဗာပူးလ်အသင်းတို့၏ တိုက်စစ်မှူး အန်ဒီကာရိုးလ် ကိုလည်း ခေါ်ယူရန် ကြိုးပမ်းနေပေမယ့် ကာရိုးလ်က သူအောင်မြင်ခဲ့သည့် အသင်းဟောင်း နယူးကာဆယ်သို့ ပြောင်းရွှေ့ ကစားရန် ပိုမိုစိတ်အားထက်သန်နေသည်။ ။

.

(၃၁)နှစ် ရှိပြီးဖြစ်သည့် ဘာဘာတော့ဗ်က လာမည့်ရာသီတွင် ပထမဦးစားပေး ပွဲထွက် ကစားခွင့် ရမည့် အသင်းတစ်သင်းသင်းသို့ ပြောင်းရွှေ့ ကစားချင်နေကြောင်း သူ၏ကိုယ်ပိုင် ဆန္ဒဖြင့် ထုတ်ဖော်ပြောကြားခဲ့သည်။ သို့ပေမယ့် မန်ယူအသင်းက သူတို့၏ တိုက်စစ်မှူးကို အသင်းမှ ထွက်ခွာခွင့် မပြုပဲ နောက်ထပ် (၁)နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းထားခဲ့သည်။ ဘာဘာတော့ကို ၀က်စ်ဟမ်းအနေဖြင့် အနည်းဆုံး ပေါင်(၅)သန်းထက် ပိုပေးဝယ်ယူနိုင်မှသာ အရယူနိုင်လိမ့်မည် ဖြစ်သည်။ ။

.

စပါးအသင်းနှင့်အတူ ကစားသမားဘ၀ တောက်ပြောင်လာသူ ဘာဘာတော့ဗ်ကို ၀က်စ်ဟမ်းအသင်းက အငှားဖြင့် လန်ဒန်အရှေ့ပိုင်းသို့ တဖန်ပြန်လည် ခေါ်ဆောင်ရန် ရည်မှန်းနေသည်။ ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ်မှ နန်းကျခဲ့သူ မန်ယူအသင်းကလည်း အစောပိုင်း ကတည်းက သူတို့၏ တိုက်စစ်မှူးကို ရောင်းချသွားရန် ကြိုးစားနေခဲ့သည်။ ။

.

ဘာဘာတော့ဗ်က သူ၏ အိုးထရက်ဖို့ဒ် ကစားသမားဘ၀ကို အရံခုံတန်း၌သာ အချည်းနှီး အချိန်ကုန်ခဲ့ရသည့် အတွက် အပြောင်းအရွှေ့ကိစ္စကို ရှင်းရှင်းလင်းလင်း သိရှိလိုကြောင်း ပြီးခဲ့သည့် ရက်ပိုင်းကပဲ သူ၏ဖေ့စ်ဘွတ် အကောင့်မှာ ရေးသားဖော်ပြခဲ့သည်။ ။

.

လွန်ခဲ့သည့် (၄)နှစ်က စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း(၃၀)ဖြင့် စပါးအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ ရောက်ရှိလာသူ ဘာဘာတော့ဗ်သည် မန်ယူအသင်းသို့ စရောက်ရောက်ခြင်း ပထမရာသီမှာတင် အသင်းအတွက် (၁၄)ဂိုး သွင်းယူပေးနိုင်ခဲ့သလို၊ ဒုတိယ ရာသီတွင်လည်း (၁၂)ဂိုး သွင်းယူပေးနိုင်ခဲ့သည်။ တတိယရာသီ၌ သွင်းဂိုး(၂၀) သွင်းယူခဲ့ကာ ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို မန်စီးတီး တိုက်စစ်မှူး ကားလို့စ်တီးဗက်စ်နှင့်အတူ ပူးတွဲ ရရှိခဲ့သည်။ ။

.

သို့သော်ငြားလည်း ပြီးခဲ့သည့်ရာသီတွင်တော့ ဘာဘာတော့ဗ်သည် ရွန်နီ၊ ၀ဲလ်ဘတ်၊ ဟာနန်ဒက်ဇ် တို့နောက်မှ စတုတ္ထ ဦးစားပေး ရွေးချယ်ခြင်း ခံရသည့် တိုက်စစ်မှူးအဖြင့် အရံခုံတန်းတွင်သာ အချိန်ကုန်ခဲ့ရသောကြောင့် အသင်းမှ ထွက်ခွာရန် စိတ်ဆုံးဖြတ် ခဲ့ရသည်။
 
မှ 17 July 2012 နေ့တွင်ရေးသား၍ Berbatov, Man U News, Player News, Transfer News အမျိုးအစားဖြစ်သည် 1 Comment

 

 

မြန်မာမန်ယူဖန်ဆိုဒ်မှ .... ပြန်လည်ကူးယူဖော်ပြပါသည်

Copy By :PunkGhost

 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...