Ads (728x90)


(မြစ်မခ) ဇူလိုင် ၁၆ - မြန်မာနိုင်ငံတွင် စီးပွားရေးဆိုင်ရာ အပြောင်းအလဲများ ဖြစ်ပေါ်နေသော်လည်း တိုးတက်မှု အခြေအနေ မရှိသေးကြောင်းနှင့် မြန်မာအစိုးရအနေဖြင် ပွင့်လင်းမြင်သာမှုရှိသော စီးပွားရေး လုပ်ငန်းစဉ်များကို ဖွင့်လှစ်ပေးသင့်ကြောင်း အမေရိကန်လုပ်ငန်းရှင်များက ယနေ့တွင် ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်၌ ကျင်းပပြုလုပ်သည့် တွေ့ဆုံးဆွေးနွေးပွဲတွင် သုံးသပ်ပြောကြား ခဲ့ကြသည်။
“မြန်မာနိုင်ငံမှာ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေက ကောင်းပေမဲ့ တိုးတက်မှု အခြေအနေကို မတွေ့ရသေးပါဘူး။ မြန်မာအစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုရှိအောင် စီးပွားရေး လုပ်ငန်းစဉ်များကို ဖွင့်လှစ် ပေးသင့်ပါတယ်၊ အဲ့ဒါမှ ရင်းနှီးမြုပ်နှံမှုတွေ လာပြီးလုပ်ဆောင်နိုင်မယ်။” ဟု အမေရိကန်-အာဆီယံ စီပွားရေးကောင်စီ (American-ASEAN Business Council) ၏ အကြံပေးအရာရှိ Ms. Frances Zwenig က ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ လာရောက် ရင်းနှီးမြှုပ်နှံလိုသော အမေရိကန်နိုင်ငံမှ ကုမ္ပဏီနှင့် စီးပွားရေးလုပ်ငန်းစု ၃၈ ခု ရှိကြောင်းကိုလည်း အဆိုပါတွေ့ဆုံပွဲ၌ သိရှိခဲ့သည်။
အဆိုပါ ကုမ္ပဏီများတွင် ဘဏ္ဍာရေး၊ စွမ်းအင်၊ ကျန်းမာရေး၊ အခြေခံအဆောက်အဦ၊ အကြံပေး၊ ကုန်ထုတ်လုပ်ရေး ကဏ္ဍများမှ ကုမ္ပဏီများ ပါဝင်ပြီး ကဏ္ဍတစ်ခုတည်းတွင် မြန်မြန်ဆန်ဆန် ရင်းနှီးမြှုပ်နှံသွားမည် မဟုတ်ဘဲ လုပ်ငန်းပေါင်းစုံအား ရှေးဦးပထမ လေ့လာပြီးမှသာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့မှ တွဲဖက်ညွှန်ကြားရေးမှူး Mr. Anthony Nelson ကဆိုသည်။
အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီသည် အဆိုပါ အခမ်းအနား၌ မြန်မာအစိုးရ၊ အမေရိကန်အစိုးရနှင့် အရှေ့တောင်အာရှရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ NGO အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ပြီး ရေရှည် စီးပွားရေး လုပ်ကိုင်နိုင်မည့် နည်းလမ်းများအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ ယင်းအဖွဲ့အစည်းအား လွန်ခဲ့သော ၂၅ နှစ်က စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံသို့ လာရောက်ကာပြီး မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်းမှာမူ ယခု ပထမဦးဆုံး အကြိမ်ဖြစ်သည်။
---

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...