Ads (728x90)

 

ရာသီသစ်နဲ့အတူ အသင်းအတွက် ပြန်ကစားပေးနိုင်တော့မယ့် ဗီဒစ်

ဒဏ်ရာရ ကစားသမားတွေ များနေတဲ့ ယူနိုက်တက်အသင်းရဲ့ နောက်တန်း ပြဿနာဟာ လာမယ့်လ ရာသီသစ်မစတင်မီ အဆင်ပြေဖွယ်ရှိနေပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် DHL Tour လို့ ခေါ်ဆိုတဲ့ ရာသီကြိုခြေစမ်း ခရီးစဉ်မှာ ၀ါရင့်နောက်ခံလူ ဖာဒီနန်တစ်ယောက်ကိုသာ ခေါ်ဆောင်သွားနိုင်ခဲ့ပေမယ့် စမောလင်းနဲ့ ဗီဒစ်တို့ရဲ့ ဒဏ်ရာကသက်သာပီး အခြေအနေ တိုးတက်လာမှုတွေကို ဆာအဲလက်စ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါဘန်မြို့မှာ ရောက်ရှိနေတဲ့ ယူနိုက်တက် ဘောစ့်က ခုလိုဆိုပါတယ်…

ဂျွန်နီ အီဗန်ကို ခွဲစိတ်မှုပြုလုပ်ခဲ့ရပါတယ်။ သူရာသီသစ် စစချင်းမှာ ကစားနိုင်ဖို့တော့ မသေချာပေမယ့် အချိန်အကြာကြီးတော့ ယူစရာမလိုပါဘူး။ ဗီဒစ်ကတော့ ရာသီစစချင်းကို သေချာပေါက် ကစားမှာပါ။ ဒီမှာရှိနေတဲ့ ကစားသမားတွေလို ပြိုင်ပွဲအသွင်မျိုးမဟုတ်ပေမယ့် လုံလောက်တဲ့ ထရိန်နင်လည်း ကောင်းကောင်းဆင်းနိုင်နေပါပီ။

သူ့ကို ဒီခရီးစဉ်ကို ခေါ်လာလဲ အကျိုးမရှိပါဘူး။ ကာရင်တန်မှာ ပြည့်စုံတဲ့ ပစ္စည်းကရိယာတွေ၊ ကြံ့ခိုင်ရေးမှူးတွေနဲ့ဆိုတော့ ကျွန်တော်တို့ ဒီခရီးစဉ်ကအပြန်ဆို သူပြိုင်ပွဲတွေ ကစားနိုင်တဲ့ အခြေအနေကို ရောက်နေလောက်ပီပေါ့။

စမောလင်းလည်း လေ့ကျင့်ခန်း အနည်းအကျဉ်းတော့ လုပ်နေပါပီ။ သူ့ရဲ့ပေါင်ခြံ ကြွက်သား စုတ်ပြဲသွားတာဆိုတော့ တော်တော်လေးတော့ ဂရုစိုက်ခဲ့ရပါတယ်။ သူ့လည်း ရာသီအစမှာ ပါဝင်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
 
မှ 17 July 2012 နေ့တွင်ရေးသား၍ Man U News, Manchester United, Player News အမျိုးအစားဖြစ်သည် 3 Comments
 
မြန်မာမန်ယူဖန်ဆိုဒ်မှ .... ပြန်လည်ကူးယူဖော်ပြပါသည်  
 
 Copy By :PunkGhost

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...