Ads (728x90)

 

မန်ယူ နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က မန်ယူ အသင်း အနေနဲ့ လာမဲ့ ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖလားကို အိမ်နီးချင်း မန်စီးတီး အသင်းထံမှ ပြန်လည် ရယူ သွားမယ်လို့ ပြောကြား လိုက်ပါတယ်။ မန်စီးတီး အသင်းဟာ ပြီးခဲ့တဲ့ ရာသီက နောက်ဆုံး ပွဲစဉ် နောက်ဆုံး မိနစ်မှာမှ မန်ယူ အသင်းထံမှ ချန်ပီယံ ဖလားကို ရယူ သွားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ၄၄နှစ်ကြာ ဖလား လက်မဲ့နေတဲ့ မန်စီးတီး အသင်းအတွက် ပထမဆုံး အင်္ဂလန် ချန်ပီယံ ဖလားပဲ ဖြစ်ပါတယ်။ ဆာအဲလက်စ် ကတော့ လာမဲ့ရာသီမှာ အရှုံးကို သင်ခန်းစာ ယူပြီး မန်ယူ အသင်း အနေနဲ့ အကောင်းဆုံး ပြန်လာမှာ ဖြစ်ပြီး မန်စီးတီး အတွက်တော့ အနီးဆုံး အန္တရယ် အရှိဆုံး အသင်း တစ်သင်း အနေနဲ့ ပြန်လာမှာ ဖြစ်တယ်လို့  ဆိုလိုက်ပါတယ်။ နည်းပြကြီးက..

အကယ်၍ သင့်အနေနဲ့ သမိုင်းကို ပြန်ကြည့် လိုက်မယ် ဆိုရင် ကျွန်တော်တို့ အမြဲတမ်း အကောင်းဆုံး ပြန်လာ နိုင်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ၁၉၉၈ မှာ ကျွန်တော်တို့ လက်ထဲက အာဆင်နယ် အသင်း ဖလားယူ သွားတုန်းက လည်း ဒီလိုပါပဲ။ နောက်နှစ်မှာ ကျွန်တော်တို့ ဖလားသုံးလုံး ရခဲ့သည် အထိ ပြန်လာ နိုင်ခဲ့တာ ပဲလေ။ ကျွန်တော်တို့ဟာ စိန်ခေါ်မှုကို အမြဲတမ်း လက်ခံခဲ့ပြီး အကောင်းဆုံး တုံ့ပြန် ခဲ့တာ ပါပဲ။ ပြီးတဲ့အခါ ချဲလ်ဆီး အသင်းပေါ့ ။ သူတို့ကလည်း ပထမ နှစ်နှစ်လောက် အောင်မြင် ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီလိုပဲ အကောင်းဆုံး ပြန်လည် တုံ့ပြန်ပြီး အောင်မြင် ခဲ့ပါတယ်။ ကျွန်တော်တို့ ရာသီကြို ခြေစမ်းပွဲကို မြန်မြန်လေး ပြန်လည် စတင်နိုင်ဖို့ အစီအစဉ်တွေ အပြောင်းအလဲ လုပ်ခဲ့ပါတယ်။ ဒါဟာ ဇယားထိပ်ကို ပြန်လည် ရယူ နိုင်ဖို့ အထောက်အကူ ပြုပါလိမ့်မယ်။ ဒီလို အဖြစ်အပျက် မျိုးက လွန်ခဲ့တဲ့ ၁၄နှစ် ၁၅နှစ် လောက် ကတည်းက သုံးကြိမ်ခန့် ဖြစ်ခဲ့ ပြီးသားပါ။ ပြန်လာ နိုင်ဖို့က အရေး အကြီးဆုံး ဖြစ်ပြီး ဒီရာသီမှာလည်း ဒီလိုပါပဲ။ ဒါက ဘယ်တော့မှ ခြားနားခြင်း မရှိပါဘူး။ ကျွန်တော်တို့ ဇယားထိပ်ကို ပြန်လည် ရယူ ချင်ပါတယ်။ ပရီးမီယားလိဂ် နံပတ် ၁ ကို ပြန်လည် ရယူဖို့က ကျွန်တော်တို့ရဲ့ နံပတ် ၁ ဦးစားပေး ပါပဲ။

လို့ ဆိုသွားပါတယ်။
 
LEO20 မှ 17 July 2012 နေ့တွင်ရေးသား၍ Man U News, Sir Alex အမျိုးအစားဖြစ်သည် 2 Comments
 
 
မြန်မာမန်ယူဖန်ဆိုဒ်မှ .... ပြန်လည်ကူးယူဖော်ပြပါသည်  
 
Copy By :PunkGhost

Post a Comment

Blogger Disqus
  1. ပုံမှန်ခြေစွမ်းပြပီးရေပေါ်ဆီအသင်းကို အောက်ဆုံးကိုပြန်ပို့ ပေးသင့် တယ် :/

    ReplyDelete

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...