Ads (728x90)

2920 Ohio Woman Dies After Obama Breakfast

အမေရိကန် ပြည်ထောင်စု အိုဟိုင်းအိုးပြည်နယ်သို့ လာမည့် ၂၀၁၃ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ဆင်းလာသည့် အမေရိကန် သမ္မတအိုဘားမားသည် Ann's Place အမည်ရှိ စားသောက်ဆိုင်၌ ပြည်သူများနှင့်အတူ နံနက်စာ စားသုံးခဲ့သည်။

ထို့နောက် သမ္မတအိုဘားမားက ဆိုင်ရှင် အသက် ၇၀ အရွယ် အမျိုးသမီးကြီး Ann Harris နှင့် ဆိုင်အလုပ်သမားများအား ကျေးဇူး တင် နှုတ်ဆက်စကားဆိုပြီး ယင်း၏ တစ်နေ့တာ ခရီးစဉ်အား စတင်ခဲ့သည်။

သို့သော်လည်း ဆိုင်ရှင်ဖြစ်သူ Ann သည် သမ္မတ ထွက်သွားပြီး မကြာမီတွင်ပင် နှလုံးဖောက်ပြန်လာသဖြင့် ဆေးရုံသို့ အရေးပေါ် တင်ပို့ခဲ့သော်လည်း ဆေးရုံအရောက်တွင် ဝမ်းနည်းဖွယ်ရာ အသက်ဆုံးရှုံးခဲ့ရသည်ဟု ဒေသခံ Akron Beacon ဂျာနယ် တွင် ဖော်ပြပါရှိသည်။

အဆိုပါ ဂျာနယ်၏ အဆိုအရ Ann သည် သမ္မတအား ရင်းရင်းနှီးနှီး ပွေ့ဖက်နှုတ်ဆက်ခဲ့ကြောင်း၊ ယင်းနောက်တွင် မည်သို့မည် ပုံ နှလုံးဖောက်ပြန်ပြီး ယခုကဲ့သို့ အဖြစ်ဆိုးမျိုးနှင့် ကြုံတွေ့ခဲ့ရသည်ကို မရှင်းပြနိုင်အောင်ပင် ဖြစ်ခဲ့ရကြောင်း သိရှိရသည်။

သမ္မတ အိုဘားမား၏ ရုံးအဖွဲ့ကမူ အဆိုပါဖြစ်ရပ်နှင့် စပ်လျဉ်းပြီး ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။

---

Photo: AFP/Jim Watson

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...