Ads (728x90)

2953 MU Closes in on Lucs Moura 35M Euros

ဘရာဇီးလ် သတင်းစာ Lance! မှ ရရှိသော သတင်းအရ မန်ချက်စတာ ယူနိုက်တက်သည် ဆော်ပေါလိုအသင်း၏ တက်သစ်စ ကြယ်ပွင့်ဖြစ်သူ လူးကပ်စ်မိုရာအား ဝယ်ယူရန် ယူရို ၃၅ သန်းဖြင့် ယနေ့တွင် ကမ်းလှမ်းခဲ့ကြောင်း သိရှိရသည်။

အသက် ၁၉ နှစ်ရှိ မိုရာသည် ဘရာဇီးလ်နိုင်ငံ၏ အတောက်ပဆုံး ကြယ်ပွင့်သစ်အဖြစ် နာမည်ထွက်နေသူဖြစ်ပြီး ဥရောပသို့ ပြောင်းရွှေ့ရန် အလားအလာ ကောင်းနေသည်။

မကြာက ဆော်ပေါလိုအသင်း၏ အားကစားဒါရိုက်တာ ယာအိုပေါလိုဒီဟာဆုစ်က အင်တာမီလန်အသင်း၏ ယူရို ၂၅ သန်းဖြင့် ကမ်းလှမ်းမှုအား ပယ်ချခဲ့သည်ဟု ထုတ်ဖော်ပြောကြားခဲ့သေးသည်။

ယင်းအတွက် လက်ရှိအချိန်တွင် သရဲနီတို့သည် မိုယာအား ခေါ်ယူရန် ပြိုင်ဖက်မရှိတော့ပဲ အသင်းတာဝန်ရှိသူ များသည်လည်း ဆော်ပေါလိုမြို့တွင် အသင်းစောင့်ဆိုင်းလျက်ရှိသည်ဟု သိရှိရသည်။

မိုရာသည် လာမည့် သတင်းပတ်အတွင်း လန်ဒန်အိုလံပစ်တွင် ပါဝင်ယှဉ်ပြိုင်ရန် ဘရာဇီးလ်အသင်းနှင့်အတူ လန်ဒန်သို့ ရောက်ရှိလာမည်ဖြစ်ပြီး အသင်း ၂ သင်းအကြား ပြောင်းရွှေ့ဈေးသာ သဘောတူညီမှု ရရှိခဲ့လျှင် မိုရာအနေဖြင့် အိုလံပစ်အပြီး မန်ယူကစားသမား ဖြစ်လာဖွယ် ရှိနေသည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...