Ads (728x90)

 

 

မန်ယူ အရန် အသင်း နည်းပြဖြစ်သူ ဝါးရင်းဂျွိုက်သည် အသင်းမှ လူငယ် ကစားသမား ဖြစ်သူ ဝီလ်ကိန်း ၏ ဒဏ်ရာ ရရှိခဲ့မှု အပေါ် စိတ်ပျက်လျှက်ရှိကြောင်း သိရသည်။ မန်ယူ အရန်အသင်း တိုက်စစ်မှုး ဖြစ်သူ ဝီလ်ကိန်းသည် အင်္ဂလန် အသက် ၁၉ နှစ်အောက် လက်ရွေးစင် အသင်းအတွက် ပါဝင် ကစားပေးစဉ် ဒူးဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။ ဝီလ်ကိန်းသည် မန်ယူ အရန် အသင်းနှင့် အင်္ဂလန် လူငယ် လက်ရွေးစင် အသင်းအတွက် အားထားရသည့် တိုက်စစ်မှုး တစ်ဦး ဖြစ်ပြီး အနာဂတ်တွင် ထွန်းတောက်လာမည့် ကစားသမား အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။

ဝါးရင်းဂျွိုက် က "ဒါဟာ ကစားသမားကောင်း တစ်ယောက်အတွက် ကံမကောင်းမှုပါ။ ဒီပွဲစဉ်ဟာ သူ့ရဲ့ အနားယူရက် မတိုင်ခင် ကစားရတဲ့ နောက်ဆုံးပွဲစဉ်ပါ။ အခုတော့ သူဒဏ်ရာရလာတဲ့အတွက် သူ့ကို ဒဏ်ရာမပျောက်မချင်း ကျွန်တော်တို့ ကုသရတော့မှာပါ။ ဒါဟာ ကစားသမား အတွက်ရော၊ ကလပ် အသင်းအတွက်ပါ စိတ်ပျက်စရာပါ။" ဟု ထုတ်ဖော် ပြောကြားသွားခဲ့သည်။
 
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...