Ads (728x90)

 

စပိန် သတင်းစာ El Mundo Deportivo အဆို အရ မန်ယူ အသင်းသည် အာဆင်နယ်၊ ချယ်ဆီး အသင်းတို့နှင့် အပြိုင် စပိန်ကလပ် ဘာစီလိုနာ အသင်း၏ လူငယ် တောင်ပံတိုက်စစ်မှုးလေးကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ စပိန်လူငယ် လက်ရွေးစင် ကစားသမား ဖြစ်သူ ဂီရတ် ဒီလိုဖျူလ် ဆိုသည့် အသက် ၁၈ နှစ် အရွယ် ကစားသမားလေးသည် ဘာစီလိုနာ နာမည်ကျော် လာမာစီယာ အကယ်ဒမီထွက် ကစားသမား တစ်ဦးဖြစ်ပြီး ခရစ္စတီယာနို ရော်နယ်ဒို လက်သစ်လေး အဖြစ် တင်စားခံနေရသည့် ကစားသမားလေး ဖြစ်သည်။ တိုက်စစ်မှုး အဖြစ် ကစားနိုင်သလို ကွင်းလယ် ဘယ်တောင်ပံ တွင်လည်း ကျွမ်းကျင်ပိုင်နိုင်စွာ ကစားနိုင်သည့် ကစားသမားလေးသည် မက်ဆီ နောက်ပိုင်း လာမာစီယာ ၏ အထွန်းတောက်ဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။ ဘာစီလိုနာ B အသင်းတွင် ၃၅ ပွဲကစားကာ ၉ ဂိုး သွင်းယူးပေးနိုင်သဖြင့် ၂၀၁၁ ခုနှစ်တွင် ဘာစီလိုနာ အသင်းကြီးသို့ ခေါ်ယူခံခဲ့ရပြီး ၂၀၁၁ ဧပြီလ ၂၉ ရက်နေ့၌ ယှဉ်ပြိုင်ခဲ့သည့် ရီရဲလ် ဆိုစီဒက် အသင်းနှင့် ပွဲစဉ်တွင် ပွဲထွက် ပါဝင် ကစားခွင့်ရခဲ့သည်။ ကလပ် အသင်းတွင်သာမက စပိန် အသက် ၁၉ နှစ်အောက် အသင်းတွင်လည်း ၁၉ ပွဲ ကစားပေးပြီး ၅ ဂိုး သွင်းယူပေးထားသည့် အဓိက ကစားသမား တစ်ဦးလည်း ဖြစ်သည်။ ဂီရတ် ဒီလိုဖျူလ် အား ပရီးမီးယား ကလပ်များ အပြင် ဘာစီလိုနာ၏ အဓိက ပြိုင်ဘက် ရီးရဲလ် မက်ဒရစ် အသင်းမှ လည်း ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။
.



.

သရဲနီရွှေမန်းသား မှ 17 July 2012 နေ့တွင်ရေးသား၍ Barcelona, Manchester United, Transfer News အမျိုးအစားဖြစ်သည် 2 Comments
မြန်မာမန်ယူဖန်ဆိုဒ်မှ .... ပြန်လည်ကူးယူဖော်ပြပါသည်  
Copy By :PunkGhost

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...