Ads (728x90)

 

 

မန်ချက်စတာ ယူနိုက်တက် အသင်း နောက်ခံလူ ရီယို ဖာဒီနန် က မန်ယူ အသင်း၏ ရာသီကြိုခြေစမ်းပွဲစဉ်တိုင်းကို သွင်းဂိုးများ များများသွင်းနိုင်ရန် ကြိုးပမ်းပြီး နိုင်ပွဲများ ရယူနိုင်ရန် အလိုရှိနေကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။ မန်ယူ အသင်းသည် ယခုလ အတွင်း ရာသီကြို ခြေစမ်းပွဲ အဖြစ် တောင်အာဖရိက နှင့် တရုတ် နိုင်ငံများ မှ ကလပ် အသင်းများ နှင့် ခြေစမ်းမည် ဖြစ်ပြီး သြဂုတ်လ အတွင်း၌ ဘာစီလိုနာ ၊ ဟန်နိုဗာ အစရှိသည့် ကလပ်များ ဖြင့်လည်း ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

ဖာဒီနန်က "ရာသီအကြို ပွဲစဉ်တွေမှာ မရှုံးနိမ့်အောင် ကစားဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ဟာ မန်ချက်စတာ ယူနိုက်တက် ဖြစ်နေလို့ပါ။ ဒါကို ဟန်ဆောင်နေလို့ မရပါဘူး။ ဒါဟာ ပွဲကစားရုံ သက်သက် မဟုတ်ပါဘူး။ဒီကလပ်မှာ ကစားနေတဲ့ ထိပ်တန်း ကစားသမားတိုင်း အသင်းအတွက် အကောင်းဆုံး လုပ်ဆောင်ပေးဖို့ ဆုံးဖြတ်ထားကြပါတယ်။ နည်းပြကြီး ညွှန်ကြားသလို လိုက်နာဖို့နဲ့ သူတို့ကိုယ်တိုင်က အကောင်းဆုံး ခြေစွမ်းပိုင်ဆိုင်ကြောင်း သက်သေပြဖို့လိုအပ်ပါတယ်။ ရာသီကြို ပွဲစဉ်တွေမှာ ထက်မြက်တဲ့ တိုက်စစ်ကို ပုံဖော်နိုင်အောင် ကြိုးစားရပါမယ်။ တောင်အာဖရိကနဲ့ တရုတ် နိုင်ငံတွေကို သွားရောက်ရတာ အလွန်ကောင်းပါတယ်။ အဲဒီနိုင်ငံတွေမှာ မန်ယူ ပရိတ်သတ် အများအပြားရှိပါတယ်။ ဒါမှ သူတို့အနေနဲ့ အသစ်ခေါ်ယူထားတဲ့ ကစားသမားတွေ ရဲ့ ခြေစွမ်းကို မျက်ဝါးထင်ထင် တွေ့မြင်ရမှာပါ။ ခြေစမ်းပွဲတွေက ပြန်လာခဲ့ချိန်မှာ ရာသီသစ် စတင်ဖို့ ပြင်ဆင်ရပါမယ်။ ဒီအချိန်ရောက်ရင် ကစားသမား အားလုံးအနေနဲ့ ရာသီသစ်မှာ အစွမ်းပြဖို့ပဲ စိတ်ကူးနေကြမှာပါ။ ရာသီအစ အဖွင့်ပွဲစဉ်ကစပြီး ခက်ခဲတဲ့ပွဲစဉ်တွေ တွေ့ကြုံရပေမယ့် အစကောင်းအောင် ကြိုးစားမှ ရာသီအဆုံးမှာ ကိုယ်လိုချင်တဲ့ အကောင်းဆုံး ရလာဒ်တွေ ရနိုင်မှာပါ။" ဟု ထုတ်ဖော် ပြောကြားသွားခဲ့ပါသည်။
 
သရဲနီရွှေမန်းသား မှ 17 July 2012 နေ့တွင်ရေးသား၍ Manchester United, News, Pre-Season, Rio Ferdinand အမျိုးအစားဖြစ်သည် 0 Comments
 
မြန်မာမန်ယူဖန်ဆိုဒ်မှ .... ပြန်လည်ကူးယူဖော်ပြပါသည်  
 
Copy By :PunkGhost

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...