Ads (728x90)

alt
မြန်မာနိုင်ငံမှထိုင်း၊ တရုတ်၊ အင်ဒိုနီးရှားသုံးနိုင်ငံတွင် ရောင်းစား ခံခဲ့ရသော အမျိုးသား အမျိုးသမီး ၂၇ ဦးသည် မြန်မာနိုင်ငံသို့ ပြန် လည် ရောက်ရှိခဲ့ပြီးသည့်နောက်တို့နှင့် တွေ့ဆုံဆွေးနွေးပွဲ တစ်ခုကို ရန်ကုန်မြို့ရှိ Chatrium Hotel ဇူလိုင်လ ၁၂ ရက်နေ့ မွန်းလွဲ တစ်နာရီခန့်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲကို "နှလုံးသားမှ စကားသံများ မျှဝေ ခံစားကြစို့လား" ဟု အမည်ပေးထားပြီး လူကုန်ကူး ခံရသူများထဲမှ သုံးဦးက တို့ ရောင်းစားခံခဲ့ရပုံ၊ ကြုံတွေ့ ခဲ့ရသောအခက်အခဲများကို ပွင့်ပွင့်လင်းလင်း ပြောပြ မျှဝေပေးခဲ့သည်။
"ကျွန်မတို့ မိသားစု စားဝတ်နေရေးအတွက် အလုပ်လုပ်ပြီး ငွေရှာချင်တာပဲ သိတယ်၊ ကျွန်မက ဈေးထဲမှာ ကုန်စိမ်းရောင်းတယ်၊ ဒါပေမယ့် သူများလိုရောင်းတာ မဟုတ်ဘူး၊ ကျပန်းပေါ့။ မိုးရွာရင်တောင် ထီးမရှိဘဲ ရောင်းတာ။ အသိ တစ်ယောက်က ကျွန်မကို အလုပ်ရမယ် ဆိုပြီး လာခေါ်တာပါ။ ဟိုရောက်တော့ရုတ်အမျိုးသား တစ်ယောက်နဲ့ လက်ထပ်ရမယ် ဆိုပြီး ပြောတယ်။ အဲ အချိန်မှာ ပြန်လာလို့လဲ မရတော့ဘူး၊ ကျွန်မ လက်မခံချင်ပေမယ့် လက်ခံခဲ့ရတယ်၊ နောက် အကြိမ်ကြိမ် ထွက်ပြေးဖို့ လုပ်ခဲ့ တယ်။ မြန်မာ သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး ထွက်ပြေးလာတာ၊ ကလေး နှစ်ယောက် ကျန်ခဲ့ပါတယ်" ဟု လူကုန်ကူး ခံခဲ့ရခြင်း မှ ပြန်လည် လွတ်မြောက်လာသူ အသက် ၂၀ ကျော် အမျိုးသမီးငယ် တစ်ဦးက ပြောသည်။
လူကုန်ကူးမှုများတွင် ယခုအချိန်ထိ လာဘ်ပေးလာဘ်ယူကိစ္စများ ရှိနေကြောင်း၊ လူကုန်ကူး နေသူများအား ဖမ်းဆီး ရန် နှောင့်နှေး နေသေးကြောင်း၊ လူကုန်ကူးမှု လျှော့ချရေးအတွက် ဆောင်ရွက်နေသော်လည်း လူကုန်ကူးမှုများ ဆက် လက် ဖြစ်ပေါ်နေသေးကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင်လူကုန်ကူး ခံရသူ အများစုမှာ အခြေခံလူတန်းစားများ ဖြစ်ကြပြီး အဓိက အကြောင်းအရင်းမှာ ပြည်တွင်းတွင် အလုပ်အကိုင် ရှားပါးခြင်း၊ ဆင်းရဲခြင်းတို့နှင့် သက်ဆိုင်ကြောင်း လူကုန်ကူးမ တိုက်ဖျက်ရေး ဆောင်ရွက်နေသူ ရဲအရာရှိ တစ်ဦး က ပြောသည်။
အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ အသီးသီးမှ ပုဂ္ဂိုလ်များ၊ အနုပညာ ရှင်များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ လူကုန်ကူးခံခြင်းမှပြန်လည် လွတ်မြောက်လာသူများ၊ NGO အဖွဲ့အစည်း များမှ တာဝန်ရှိသူများ တက်ရောက်ကာ ဆွေးနွေးခဲ့ကြသည်။
2956-trafficed-victims-02
2956-trafficed-victims-03
---
Photos by ပြည်ချစ်မေ (ရွှေလုံး).

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...