Ads (728x90)


 

 

Facial Spa တွေမှာ သွားပြုပြင်ပြီး အရမ်းကြည့်ကောင်းတဲ့ အသားအရေလေးကို လူတိုင်း လိုချင်ကြပါတယ်။ အဲလို အသားအရေမျိုးကို အလှပြင်ဆိုင်တွေမှာ အကုန်အကျခံလုပ်မှရမှာ မဟုတ်ပါဘူး။ အိမ်မှာလည်း သက်တောင့်သက်သာရှိပြီး ပိုက်ဆံလည်း အများကြီးမကုန်တဲ့ ကိုယ်ပိုင် Facial Spa လေးကို ဖန်တီးနိုင်ပါပြီ။ ကဲ..ပိုကြည့်ကောင်းစေဖို့ စိတ်ကူးပဲယဉ်မနေပါနဲ့။ ပိုက်ဆံတွေကိုလည်းချွေတာပြီး ပိုလှလာအောင် လက်တွေ့လုပ် ကြည့်ကြရအောင်။

Innocent  Innocent

 

 အဆင့် (၁)

- ရေနွေးနွေးလေးဆွတ်ထားတဲ့ မျက်နှာသုတ်ပုဝါကို မျက်နှာပေါ်မှာ မိနစ်အနည်းငယ်ကြာအောင် တင်ထားပါ။

- မျက်နှာသုတ်ပုဝါက အပူငွေ့ဟာ ချွေးပေါက်တွေကိုပွင့်စေပြီး အညစ်အကြေးတွေကို ညင်သာစွာ ဖယ်ရှားပေးပါတယ်။

 

အဆင့် (၂)

- မျက်နှာသုတ်ပုဝါကို ဖယ်ရှားလိုက်ပါ။

- သင့်အသားအရေအမျိုးအစားနဲ့ သင့်တော်မယ့် Facial Cleanser ကိုသုံးပြီး မျက်နှာသန့်စင်ပါ။

အဆင့် (၃)

- Exfoliating cream (Facial scrub)ကိုအသုံးပြုပြီး မျက်နှာသန့်စင်ရမှာဖြစ်ပါတယ်။

- Exfoliate လုပ်ခြင်းဖြင့် ဆဲလ်ဟောင်းတွေကို ဖယ်ရှားပေးနိုင်ပြီး မျက်နှာပြင်ကို နုပျိုကျန်းမာတဲ့အသွင်ဖြစ်စေကာ အရေးအကြောင်းတွေကိုလည်း လျော့နည်းစေပါတယ်။

- သတိပြုရမှာက အပြင်းစား Facial scrub တွေကို မသုံးမိပါစေနဲ့။

- Facial scrub ပမာဏအနည်းငယ်ကိုအသုံးပြုပြီး စက်ဝန်းသဏ္ဍန်နှိပ်နယ်ပေးပါ။

- မျက်လုံးတစ်ဝိုက်ကိုတော့ ရှောင်ရှားရမှာဖြစ်ပါတယ်။

- ထို့နောက် ရေနွေးနှင့်မျက်နှာသစ်ပါ။

 

 

အဆင့် (၄)

- Toner ကို အသုံးပြုပေးပါ။

- အရေပြားက Moisturizer ကို ကောင်းကောင်းစုပ်ယူနိုင်ဖို့အတွက် ဖြစ်ပါတယ်။

 

အဆင့် (၅)

- နောက်ဆုံးအဆင့်အနေနဲ့ သင့်အသားအရေအမျိုးအစားနဲ့ သင့်တော်မယ့် Moisturizer ကို အသားထဲစိမ့်ဝင်တဲ့အထိ ညင်သာစွာလိမ်းပေးပါ။

- လက်ညှိုးကိုသုံးပြီး အရေပြားကိုပင့်တင်တဲ့သဏ္ဍန် လိမ်းပေးရမှာဖြစ်ပါတယ်။

 

ဒီလို လွယ်ကူတဲ့နည်းအဆင့်ဆင့်ကို တစ်ပတ်ကို ၂ ကြိမ်ပြုလုပ်ပြီး နုပျိုတောက်ပတဲ့ မျက်နှာအလှပိုင်ရှင်လေးတွေ ဖြစ်နိုင်ပါပြီ။

ကျန်းမာရေးနဲ့ အလှအပဗဟုသုတ အတိုအထွာလေးတွေကို Facebook က Myanmar Sky Link Page မှာ ဖော်ပြပေးသွားမှာပါ သူငယ်ချင်းတို့ရေ..။ ဒါကြောင့် Facebook Page ကို Like ပေးထားရင် ပိုအဆင်ပြေမှာပါ။ ပို့စ်တွေ ဘယ်ဘက်က Facebook Like Box မှာလည်း Like လုပ်လို့ ရပါတယ်ရှင်။ Facebook မှာ Like ပေးထားရင် ပို့စ်အသစ်တင်တိုင်း သိနိုင်ပါတယ် သူငယ်ချင်းတို့ရေ..  Thx A Lot !!!

ပို့စ်ကို ကူးယူဖော်ပြမယ်ဆိုရင် 

Myanmar Sky Link
(Myanmar Health & Beauty Website)
www.myanmarskylink.com    မှ ကူးယူဖော်ပြပါသည်

Post a Comment

Blogger Disqus
  1.ေိခိ အိမ်မှာကိုယ့် ဘာသာကမြင်းကြည့် လို့ ရဒယ်ဆိုပဲ :D

    ReplyDelete

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...