Ads (728x90)


May 19 Breaking News
မြန်မာတောင်တက်အဖွဲ့ဟာ မေလ ၁၈ရက်နေ့ ဒေသစံတော်ချိန်ည ၉း၀၀ အချိန်မှာ ဧဝရက်တောင်ထိပ်ကိုတက်ဖို့အတွက် အမြင့်ပေ ၂၆၀၀၀ ကျော်မှာရှိတဲ့ Camp 4 ကနေ စတင်ထွက်ခွာပါတယ်။ တောင်ခြေစခန်းကနေ မြင်ရတဲ့ မြင်ကွင်းအရ တောင်ထိပ်မှာ မြူအနည်းငယ်ရှိနေတာကလွဲရင် တိမ်ထူနေတာမျိုး ရာသီဥတုဆိုးရွားနေတဲ့အခြေအနေမျိုးမရှိဘဲ ပကတိကြည်လင်လျက်ရှိပါတယ်။
တစ်ညလုံးအပြင်းအထန်ကြိုးစားရင်း Death zone ကို အောင်မြင်စွာကျော်ဖြတ်ပြီး ဒေသစံတော်ချိန် နံနက် ၇း၁၇ အချိန်မှာ မြန်မာတောင်တက်အဖွဲ့ဟာ ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်မှာ အောင်မြင်စွာခြေချနိုင်ပြီး အောင်ပွဲခံနေပါပြီ..။
We are MYANMAR!!!
Myanmar expedition team successfully arrive to the Everest summit at 7:7 am local time.
Climber Poe Pin Nyi Nyi Aung Doelone Win Ko Ko




Myanmar Flag on Everest
 
 ကိုပြည့်ဖြိုးအောင်နဲ့ ကိုဝင်းကိုကိုတို့နှစ်ဦး ယနေ့ မေလ(၁၉)ရက်၊ နံနက် (၇)နာရီ၊ (၇)မိနစ် တိတိမှာ (၈,၈၄၈)မီတာမြင့်သော ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင်ထိပ်သို့ အောင်မြင်စွာ ရောက်ရှိကြောင်း မိမိထံသို့ ဆက်သွယ်အကြောင်းကြားတဲ့ အသံဖိုင်ကို အများပြည်သူ သိရှိဖို့ ဖော်ပြလိုက်ပါတယ်။ ညီလေး နှစ်ဦးရဲ့ တိုင်းပြည်ဂုဏ်ဆောင်နိုင်မှုကို မိမိ အနေနဲ့ လွန်စွာ ၀မ်းမြောက်ဂုဏ်ယူကြောင်း ပြောလိုပါတယ်။ အဆင်းလမ်းမှာ သတိ၊ အသိ အပြည့်ထားပြီး ဆင်းကြပါလို့ မှာလိုပါတယ်။ ညီလေးနှစ်ဦး တောင်ခြေစခန်းသို့ ချောမွေ့အောင်မြင်စွာ ပြန်ရောက်လာပြီ ဆိုတဲ့ သတင်းကို စောင့်မျှော် နားထောင်နေမယ်လို့ ပြောရင်း ဧ၀ရတ်တောင်ထိပ် မြန်မာနိုင်ငံ အလံ စိုက်ထူခဲ့တဲ့ ဧ၀ရတ်တောင်သမိုင်းမှာ မြန်မာနိုင်ငံ အမည် ရေးထိုးခဲ့တဲ့ ညီလေးတို့တွေနဲ့ နောက်တန်းက ပံ့ပိုး ကူညီပေးနေသူတွေ အားလုံးကို ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ထပ်လောင်း ပြောကြားလိုက်ပါတယ်။


==============

I would like to present the sound file, which was sent from the two Myanmar climbers, Ko Pyae Phyo Aung and Ko Win Ko Ko who had successfully scaled the world highest mountain, Mount Everest, at 7.07 am today. Firstly, I would like to say congratulation to them who dignified the country. Moreover, I would like to say that you two, my brothers should take care yourselves with keen mindfulness, during your descending route. We are looking forward the amazing news that you two reached the base camp safely. Finally, I would like to say thanks profoundly to the two climbers, who scripted the new record of Myanmar in the history of Mount Everest. And my thanks also belong to the people, who were supporting to achieve this victory.
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...