Ads (728x90)


ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင်ထိပ် တွင် မြန်မာနိုင်ငံအလံတော် အား အောင်လံအဖြစ် ဂုဏ်ယူစွာစိုက်ထူခဲ့သော မြန်မာတောင်တက် အဖွဲ့သည် ဒေသစံတော်ချိန် နေ့လည် (၁)နာရီတွင် South Col သို့ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ပါသည်။

ဧ၀ရတ်တောင်ခြေစခန်း (Base Camp) မှ ပေးပို့သော သတင်းများ အရ မြန်မာ လူငယ်တောင်တက်သမားနှစ်ဦး သည် မနက်ဖြန် မေလ (၂၀)ရက်နေ့တွင် လက်ရှိရောက် ရှိနေသော South Col ရှိ (၈,၀၀၀) မီတာမြင့်သော Camp – 4 စခန်းနေ၍ camp – 3 ကို ကျော်ဖြတ်ကာ အမြင့် (၆,၄၀၀ ) မီတာရှိသော Camp-2 သို့ တိုက် ရိုက် ဆင်းသက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

တောင်တက်အားကစားတွင် မြင့်မားလှစွာသော တောင်ထိပ် (summit) သို့ အောင်မြင်စွာ တက်ရောက်နိုင် သည်နှင့် တောင်တက်ခရီးအောင်မြင်စွာ ပြီးဆုံးပြီဟု မဆိုနိုင်ပါ။ ထို့ကြောင့် မြန်မာတောင်တက် သမားနှစ်ဦး ဖြစ်သော ကိုပြည့်ဖြိုးအောင်နှင့် ကိုဝင်းကိုကိုတို့ သည် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ပြန်လည်ဆင်းသက် ရဦးမည်ဖြစ်ပါသည်။
ထို့အပြင် တောင်တက်အားကစားသည် တစ်ဦးကောင်း တစ်ယောက်ကောင်းဖြင့် အောင်မြင် မှုရရှိအောင် ကြိုးပမ်းရခြင်း မဟုတ်ဘဲ (team work) ဖြင့် လုပ်ဆောင်ရပြီး ခန့်မှန်းရန် ခက်ခဲလှစွာသော သဘာဝတရားနှင့် ယှဉ်ပြိုင်ရသော သက်စွန့်ကြိုးပမ်းရသည့် အားကစားနည်းတစ်ခုဖြစ်ပါသည်။

ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင်ထိပ်သို့ အောင်အောင်မြင်မြင် တက်ရောက်နိုင်ခဲ့သည့် မြန်မာလူငယ် တောင်တက်သမား (၃)ဦး၏ သက်စွန့်ကြိုးပမ်း စွမ်းဆောင်မှုကို ထူးဖောင်ဒေးရှင်းမှ အသိအမှတ်ပြု ဂုဏ်ပြုချီးကျူးပါကြောင်း ပြောကြားအပ်ပါသည်။



Htoo Foundation

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...