Ads (728x90)



ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ နန့်ယားကျေးရွာအုပ်စု၊ စဘော့မှော်ကျေးရွာမှ အပြစ်မဲ့ပြည်သူ ၇ ဦးကို KIA လက်နက်ကိုင်အဖွဲ့များက အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ၅ ဦးသာ ပြန်လည်စေလွှတ်ပေးခဲ့သဖြင့် ကျန်ရှိသူ ၂ ဦးအားကယ်ဆယ်နိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းများက ပြည်သူ့စစ်(ဌာနေ) အဖွဲ့များနှင့်ပူးပေါင်း၍ နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိရာ မေ ၁၆ ရက် နံနက်ပိုင်းတွင် ပွိုင့်-၆၄၆ ချန်ကာဘွမ်အနီး၌ KIA လက်နက်ကိုင်အဖွဲ့မှ အင်အား ၃၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ၎င်းတို့အဖွဲ့မှာ အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။


ဆုတ်ခွာထွက်ပြေးသွားသော KIA လက်နက်ကိုင်အဖွဲ့နောက်သို့ ထပ်ကြပ်လိုက်လံရှင်းလင်းခဲ့ရာ အလျား ၁၅ ပေ၊ အနံ ၇ပေ၊ အမြင့် ၆ ပေခန့်ရှိ မိုးကာအပြာမိုးထားသော မြေစိုက်တဲတစ်လုံးအား တွေ့ရှိရသဖြင့် ဝင်ရောက်ရှင်းလင်းရာ လက်နက်ငယ် ၃၉ လက်၊ လက်နက်ကြီး ၃ လက်၊ စုစုပေါင်း လက်နက်မျိုးစုံ ၄၂ လက်၊ ကျည်မျိုးစုံ ၂၀၅ တောင့်၊ ဗုံးသီး ၆ လုံး၊ လက်ပစ်ဗုံး ၄ လုံး၊ ကျည်အိမ်များ၊ မိုင်းထောင်ရာတွင် အသုံးပြုသော ယမ်းကြိုးများနှင့် ဓာတ်ခဲများအား ဖော်ထုတ်သိမ်းဆည်းရမိခဲ့သည်။ ထို့ပြင် မေ ၁၇ ရက် ညနေပိုင်းတွင် ၎င်းနေရာဝန်းကျင်၌ ကျည်မျိုးစုံ ၁၀၄၇၆ တောင့်၊ ဗုံးသီးမျိုးစုံ ၁၅ လုံး၊ စက်လတ် ကျည်ခါးပတ်တွဲ ၇ တွဲ၊ လက်ပစ်ဗုံး ၇၀ လုံး၊ လက်နက်ငယ်ကျည်အိမ် ၂၆ ခု၊ ယမ်းကြိုး အရှည်( ၅၀)ပေ ၁၅ ခွေ၊ ဒီတိုနေတာ ၂၆၀ ခုတို့အား ထပ်မံသိမ်းဆည်းရမိသည်။




(Unicode Version)
KIA လက်နက်ကိုင်အဖွဲ့ထံမှ လက်နက်၊ ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ ဖော်ထုတ်သိမ်းဆည်းရမိ
နေပြည်တော်၊ မေ ၁၈
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ နန့်ယားကျေးရွာအုပ်စု၊ စဘော့မှော်ကျေးရွာမှ အပြစ်မဲ့ပြည်သူ ရ ဦးကို KIA လက်နက်ကိုင်အဖွဲ့များက အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ၅ ဦးသာ ပြန်လည်စေလွှတ်ပေးခဲ့သဖြင့် ကျန်ရှိသူ ၂ ဦးအားကယ်ဆယ်နိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းများက ပြည်သူ့စစ်(ဌာနေ) အဖွဲ့များနှင့်ပူးပေါင်း၍ နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိရာ မေ ၁၆ ရက် နံနက်ပိုင်းတွင် ပွိုင့်-၆၄၆ ချန်ကာဘွမ်အနီး၌ KIA လက်နက်ကိုင်အဖွဲ့မှ အင်အား ၃၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ၎င်းတို့အဖွဲ့မှာ အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
ဆုတ်ခွာထွက်ပြေးသွားသော KIA လက်နက်ကိုင်အဖွဲ့နောက်သို့ ထပ်ကြပ်လိုက်လံရှင်းလင်းခဲ့ရာ အလျား ၁၅ ပေ၊ အနံ ရပေ၊ အမြင့် ၆ ပေခန့်ရှိ မိုးကာအပြာမိုးထားသော မြေစိုက်တဲတစ်လုံးအား တွေ့ရှိရသဖြင့် ဝင်ရောက်ရှင်းလင်းရာ လက်နက်ငယ် ၃၉ လက်၊ လက်နက်ကြီး ၃ လက်၊ စုစုပေါင်း လက်နက်မျိုးစုံ ၄၂ လက်၊ ကျည်မျိုးစုံ ၂၀၅ တောင့်၊ ဗုံးသီး ၆ လုံး၊ လက်ပစ်ဗုံး ၄ လုံး၊ ကျည်အိမ်များ၊ မိုင်းထောင်ရာတွင် အသုံးပြုသော ယမ်းကြိုးများနှင့် ဓာတ်ခဲများအား ဖော်ထုတ်သိမ်းဆည်းရမိခဲ့သည်။ ထို့ပြင် မေ ၁၇ ရက် ညနေပိုင်းတွင် ၎င်းနေရာဝန်းကျင်၌ ကျည်မျိုးစုံ ၁၀၄၇၆ တောင့်၊ ဗုံးသီးမျိုးစုံ ၁၅ လုံး၊ စက်လတ် ကျည်ခါးပတ်တွဲ ရ တွဲ၊ လက်ပစ်ဗုံး ရ၀ လုံး၊ လက်နက်ငယ်ကျည်အိမ် ၂၆ ခု၊ ယမ်းကြိုး အရှည်( ၅၀)ပေ ၁၅ ခွေ၊ ဒီတိုနေတာ ၂၆၀ ခုတို့အား ထပ်မံသိမ်းဆည်းရမိသည်။
အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် ပြည်သူများကယ်ဆယ်ရေးနှင့် KIA လက်နက်ကိုင်အဖွဲ့ ခိုအောင်းနေထိုင် လှုပ်ရှားမှုမရှိစေရေးအတွက် တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေးအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...