Ads (728x90)



မြန်မာ့တပ်မတော်နှင့် ရဲတပ်ဖွဲ့မှ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်ဘင်္ဂါလီများအား ဖမ်းဆီးအရေးယူမှုကြောင့်ဆိုသော ရေရာမှုမရှိသည့်တစ်ဖက်သတ်အကြောင်းပြချက်ဖြင့် မြန်မာနိုင်ငံတွင် လက်ခံကျင်းပနေသည့် ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲမှ ကန့်ကွက်ဆန္ဒပြသည့်အနေနှင့် မလေးရှားဘောလုံးအသင်းနှုတ်ထွက်ရန် စဉ်းစားနေကြောင်း မလေးရှားအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ နိုဝင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

မလေးရှားဘောလုံးအသင်းသည် နိုဝင်ဘာ ၁၉ ရက်နေ့ကတည်းက ပြိုင်ပွဲကနေထွက်ရန်အဆိုပြုခဲ့ကြောင်း သိရှိရသည်။


မလေးရှား လူငယ်နှင့်အားကစားရေးရာဝန်ကြီး ခိုင်ရီဂျာမာလူဒင်က ယခုကိစ္စများကို ယခင်ရက်သတ္တပတ်ကတည်းက အစိုးရအဖွဲ့ကို တင်ပြခဲ့ပြီး ယခုတစ်ပတ်တွင်လည်း ထပ်မံတင်ပြဦးမည်ဖြစ်ကြောင်း ၎င်း၏ Twitter အကောင့်၌ ရေးသားထားသည်။ 


ယခုကဲ့သို့ ပြိုင်ပွဲမှနှုတ်ထွက်ရန်အတွက် မလေးရှားအစ္စလာမ်ဘာသာရေးဆရာတစ်ဦးမှ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသောကိစ္စများနှင့် စပ်လျဉ်းပြီးကန့်ကွက်သည့်အနေဖြင့် စတင်တိုက်တွန်းခဲ့ကြောင်းသတင်းရရှိပါသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် တစ်နိုင်ငံအရေးကို တစ်နိုင်ငံမှကြားဝင်မစွက်ဖက်ရ ဆိုသောရေရှည်မူဝါဒကို ကျင့်သုံးလာခဲ့ကြပြီး မလေးရှားအစိုးရအဖွဲ့မှ နိုဝင်ဘာ ၂၅ ရက်နေ့တွင်တွေ့ဆုံဖို့ရှိနေကြောင်းနှင့်ယခုကိစ္စအပေါ် မည်ကဲ့သို့ဆုံးဖြတ်မည်ဖြစ်ကြောင်း မသိရှိရသေးပါ။ 


မလေးရှားအသင်းသည် ယနေ့တွင် ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်းတွင် ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါကြောင်းသိရှိရသည်။


 Ref ;
MHM - News & Entertainment

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...