Ads (728x90)


မြန်မာအသင်းနဲ့ ပတ်သက်ပြီး မပြောတော့ဘူးလို့ နေ နေတာပါပဲ ဒါပေမယ့်လည်း ပြောချင်စိတ်ကထိန်းမရတော့ ပြောလိုက်ပြီဗျာ...

#ပရိတ်သတ်အားပေးမှုအားနည်းလို့ လား..?
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဆိုရင် ဘယ်လောက်ပဲ ကျရှုံးနေပါစေ
ပရိတ်သတ်တွေကတော့ မြန်မာပွဲရှိတယ်ဟေ့ ဆိုတာနဲ့  ရှေ့ ဆုံးကသွားပြီး
နေရာယူတတ်ကြသလို ပြိုင်ပွဲတစ်ခုပြီးသွားတိုင်း မြန်မာပွဲဆို လုံးဝမှ မကြည့်တော့ဘူးကွာ... လို့ ပြောခဲ့တဲ့သူတွေတောင် မြန်မာအသင်း ဘယ်ပြိုင်ပွဲဝင်ပြိုင်နေတယ် ဘယ်အသင်းနဲ့ ဘယ်နေ့ တွေ့ မှာ ဆိုတာကအစ သိနေကြသလို ပွဲနေ့ မှာ အလုပ်အားအား မအားအား ကွင်းထဲအရောက်သွားပြီး အားပေးကြတဲ့သူတွေရှိသလို နီးစပ်ရာ လ္ဘက်ရည်ဆိုင်၊ ဘီယာဆိုင်တွေမှာ အစောကြီးကတည်းက နေရာသွားဦးပြီး အားပေးဖို့ အသင့်ပြင်နေသူတွေ ချည်းပါပဲ။

ဒါပေမယ့်...
ပရိတ်သတ်တွေက အမြဲတမ်း မြန်မာအသင်းအတွက် အသင့်ရှိနေပြီး
၁၂ ယောက်မြောက်ကစားသမားအဖြစ် ပြိုင်ပွဲတိုင်းမှာ အားကြိုးမာန်တက်
အချိန်တွေ ငွေတွေသုံးဖြုန်းပြီး အားပေးခဲ့ကြပေမယ့် မြန်မာ့လက်ရွေးစင် အသင်းရဲ့  ရလာဒ်တွေကတော့ မပြောင်းလဲပဲ အမြဲတမ်းရှုံး ဆိုတဲ့ စံချိန်ကို ဆက်ပြီး ထိန်းနေခဲ့ကြတယ် ဒါက မြန်မာဘောလုံးပရိတ်သတ်တွေထဲက
အချို့ ကို တစ်ရံတစ်ခါမှာ ဆိုးသွမ်းပရိတ်ဖြစ်သွားစေခဲ့ပါတယ် နိုင်ငံကိုချစ်စိတ်
လက်ရွေးစင်အသင်းရဲ့ အနိုင်ရလာဒ်ကို ဆာလောင် ငတ်မွတ်မှုတွေက
လိုချင်တဲ့ ရလာဒ်မဖြစ်ပေါ်လာတဲ့အချိန်မှာ ဆိုးသွမ်းဖို့ လမ်းစဖြစ်သွားပါတယ်။

လူရောစိတ်ရောနှစ် အသံကုန်ဟစ်ပြီး ချွေးတွေသံတွေကြားထဲက
တဒိတ်ဒိတ်ခုန်နေတဲ့ရင်ခုန်သံတွေနဲ့  နှလုံးခုန်ရပ်မတတ် မြန်မာအသင်းကို
သဲကြီးမဲကြီးအားပေးခဲ့ကြတာ မြန်မာအသင်းကိုချစ်မြတ်နိုးတဲ့ နိုင်လိုစိတ် ပြင်းထန်တဲ့ မြန်မာဘောလုံးချစ်ပရိတ်သတ်တွေပါ ဒီပရိတ်သတ်တွေက အမြဲတမ်း
တာဝန်ကျေခဲ့ပါတယ်။


#ကစားသမားတွေမကြိုးစားခဲ့လို့ လား..?
ကြိုးစားခဲ့ကြသလားလို့ မေးရင် ကြိုးတော့ကြိုးစားခဲ့တယ် ဒါပေမယ့် အတော်အတန်သင့်ပဲကြိုးစားခဲ့တယ်လို့  ပြန်ဖြေရမှာပဲ ဘာလို့ လဲ ဆိုတော့
လက်ရွေးစင်အသင်းမှာ လက်ရွေးစင်ကစားသမား မဖြစ်ထိုက်သူတွေ ပါဝင်နေလို့ ပဲ တစ်ချို ကစားသမားတွေ နိုင်ငံအတွက် လက်ရွေးစင်အသင်း အတွက် အမှန်အကန်ကြိုးစားပေးတယ် တစ်ချို့ ကစားသမားတွေ ၀တ်ကျေ တန်းကျေပဲ ကစားတယ် တစ်ချို့ ကစားသမားတွေ ကြိုးစားကြပေမယ့် အရည်အချင်းမပြည့်မှီသူတွေ ဖြစ်နေတော့ ထင်သလောက် ဖြစ်မလာဘူး
တစ်ချို့ ကစားသမားတွေ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်တွေနဲ့  ဖြစ်နေပြန်တယ်။

တစ်ချို့ ကစားသမားတွေကျတော့ ကလပ်အသင်းစွဲနေကြတုန်း လက်ရွေးစင်အသင်း နိုင်ငံအသင်းအတွက် တစ်သွေးထဲ၊ တစ်သံထဲ၊ တစ်စိတ်ထဲ ဖြစ်နေရမယ့်အနေအထားမှာ ကလပ်အသင်းစွဲပြီး ဟိုလူနဲ့ မတွဲ ဒီလူကိုမပေး ကလပ်အသင်းမှာ အတူကန်ခဲ့တဲ့ လည်ပင်းဖက်ပေါင်းတဲ့သူပဲ
ရွေးပေးနေတော့ Team Work နဲ့  ကစားရတဲ့ ကစားနည်းက ကပေါက်တိ ကပေါက်ချာ ဟိုမရောက်ဒီမရောက် ကြည့်လို့ လဲ မလှ ရလာဒ်ကလည်း မကောင်းဖြစ်ကုန်ရော #SUZUKI_Cup ပွဲမတိုင်ခင် ခြေစမ်းပွဲတွေကန်တယ်
ခြေစမ်းပွဲ နောက်ဆုံးပွဲ အိုမန်နဲ့ ပွဲမှာပဲကြည့် အပေးအယူအချိတ်အဆက်တွေက
တလွဲမှ တကယ့် တလွဲတွေ လွတ်နေတဲ့သူတွေကိုမပေးပဲ မလွတ်တဲ့ ကလပ်အသင်းတစ်ခုထဲမှာ အတူကစားခဲ့ဖူးတဲ့သူတွေဆီပဲ အတင်းထိုးပေးတော့
ပေးသမျှတွေက အပျက်ချည်းပဲ Team Work နဲ့  ကစားရတဲ့ပွဲကို ကိုယ့်လူနဲ့ ကိုယ်ပဲ အပေးအယူလုပ်ပြီးကစားမယ်ဆိုတဲ့ စိတ်မွေးထားတာက
ကိုယ့်ကိုယ် ကိုယ်တင်မကဘူး မြန်မာ့လက်ရွေးစင်အသင်းကိုပါ ဖျက်ဆီးရာ
ရောက်နေတယ်ဆိုတာကို သူတို့ သတိမပြုမိဘူး။

သူတို့ တစ်တွေမေ့နေတာက for the league for the national ဆိုတာကိုပဲ
ကလပ်အသင်းတွေဆိုတာ National Team အတွက် အထောက်အကူဖြစ်စေဖို့ 
တည်ထောင်ထားတဲ့ အသင်းတွေပဲ တိုင်းတွေ ပြည်နယ်တွေ မြို့ တွေအလိုက်
ကလပ်အသင်းတွေဘယ်လောက်ပဲ ကွဲကွဲ ဘယ်လောက်ပဲ ပြိုင်ဆိုင်မှု ဘယ်လောက်ပဲ ပြင်းထန်ပြင်းထန် ဟိုကလပ် ဒီကလက်က ကစားသမားတွေမို့ 
အချင်းချင်းဘယ်လောက်ပဲ မတည့်သည်ဖြစ်စေ နိုင်ငံအတွက် လက်ရွေးစင်မှာ
အားလုံး စုဝေးပြီးရောက်ရှိလာပြီဆိုရင် ကလပ်အသင်းဆိုတာတွေကိုမေ့
ပြိုင်ဆိုင်တာတွေကိုမေ့ ရန်ငြိုးတွေဆိုတာကိုမေ့ အားလုံးမေ့ထားပြီး တစ်သွေးထဲ
တစ်သားထဲ နိုင်ငံကိုချစ်စိတ် အားပေးတဲ့ပရိတ်သတ်ကို လေးစားချစ်ခင်စိတ်
မွေးပြီးတော့ မိနစ် ၉၀ အတွင်း အကောင်းဆုံးခြေစွမ်းတွေနဲ့  အောင်မြင်မှုတွေ
ရယူပေးနိုင်ဖို့  Team Work ကောင်းကောင်းလေးဖြစ်အောင် အားလုံး စုပေါင်းပြီး
ပူပေါင်းပါဝင်ပေးကြဖို့ လိုပါတယ်။

ကလပ်အသင်းတွေတုန်းက တစ်သင်းထဲမှာကစားပြီး အချင်းချင်း မတည့်တဲ့
ကစားသမားတွေလည်းရှိတယ် အဲ့ဒီလို ကစားသမားတွေအနေနဲ့ လည်း
လက်ရွေးစင်အသင်းမှာ အားလုံးပူးပေါင်းပါဝင်ပြီး နိုင်ငံအတွက် အလုပ်အကျွေး
ပြုရတဲ့အချိန်မှာ ညီအစ်ကိုအရင်းစိတ်ဓာတ်တွေမွေးပြီး တစ်သွေးထဲ တစ်သားထဲ
ဖြစ်အောင်လုပ်ကြဖို့ လိုပါတယ် အဲ့ဒီလိုမှ အားလုံး ညီညွှတ်ပြီး အင်အားတောင့်တင်းပြီး ပြိုင်ဘက်အသင်းတိုင်းက ကြောက်ရတဲ့ အသင်းတစ်သင်း မလွဲမသွေ ဖြစ်လာမှာပါ ခုတော့ အာဆီယံ နိုင်ငံအတွင်းမှာ
ကြာလာလေလေ လူမလေး ခွေးမခန့် တဲ့အသင်း ဖြစ်လာလေလေ ဖြစ်နေပါပြီ။

လက်ရွေးစင်အသင်းမှာ ကစားတဲ့ ကစားသမားတွေ အနေနဲ့  ၀တ်ကျေတန်းကျေ မကစားပါနဲ့  တစ်ကိုယ်ကောင်းမဆန်ပါနဲ့  ကလပ်အသင်းစွဲတွေကိုမေ့ထားပြီး
အားလုံးနဲ့ တစ်သွေးထဲ တစ်သားဖြစ်အောင်လုပ်ပါ အရည်အချင်း မမှီပေမယ့် လက်ရွေးစင်ဖြစ်နေတဲ့ ကစားသမားတွေအနေနဲ့ လည်း ကြိုးစားပါ အရည်အချင်း
ပြည့်မှီအောင်လုပ်ပါ မခိုပါနဲ့ မကပ်ပါနဲ့  ပြိုင်ပွဲတိုင်းရဲ့  မိနစ် ၉၀ မှာ ရေကုန် ရေခန်း ကြိုးစားပါ အမြဲတမ်းနိုင်လိုစိတ် နိုင်ငံအတွက် လူမျိုးအတွက် ပေးဆပ်ချင်စိတ်မွေးထားပါ ဒါဆိုရင် ပြိုင်ပွဲတွေမှာ သေခြာပေါက်
အောင်မြင်မှုတွေ ရရှိလာပါလိမ့်မယ်။

#နည်းပြရဲ့ လူရွေးချယ်မှုတွေနည်းစနစ်တွေမှားယွင်းနေတာလား.....?
သူ့ အရည်အချင်းကို အကဲဖြတ်ဖို့ ဆိုရင်တော့ အဲ့ဒီအကဲဖြတ်တာကို ပုံသေထားလို့ တော့ မဖြစ်နိုင်ဘူး နည်းပြ ဂတ် အနေနဲ့  #U-20 #Word_Cup ကိုရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တယ်ဆိုပြီး တောက်လျှောက် အထင်ကြီးလေးစားပြီး အမြဲတမ်း သူ့ အရည်အချင်းကို ဒီလိုပဲဆိုပြီး ယုံကြည်
ထားလို့ မရဘူး ဘာလို့ လဲဆိုတော့ အောင်မြင်အောင် တစ်ချိန်လုံး စွမ်းဆောင်နိုင်မှာ မဟုတ်လို့ ပဲ နောက်ပြီးတော့ သူ့ ဆုံးဖြတ်ချက်တွေ သူ့ လုပ်ရပ် အချို့ တွေက မေးခွန်းထုတ်စရာတွေ ဖြစ်နေခဲ့တာကို အားလုံးပဲ မြင်တွေ့  သိရှိကြမယ်ထင်ပါတယ်။
သူ့ ဆုံးဖြတ်ချက် or အဖွဲ့ ချုပ်ဆုံးဖြတ်ချက် ကြောင့် ကျော်ကိုကိုတို့ လို icon ကစားသမားတွေ အရှေ့ တောင်အာရှမှာ အမြင့်ဆုံးပြိုင်ပွဲတစ်ပွဲဖြစ်တဲ့ ဆူဇူကီးဖလား လိုပြိုင်ပွဲမှာ မပါဝင်လာတော့တာက လက်ရွေးစင်အသင်းအတွက်
နစ်စေတဲ့အချက်တစ်ချက် ဖြစ်စေခဲ့တယ် တကယ်လို့ များ ကျော်ကိုကိုလို တိုက်စစ်မှူး မြန်မာ့လက်ရွေးစင်အသင်းရဲ့ ရှေ့ တန်းမှာပါဝင်လာခဲ့မယ်ဆိုရင် တစ်ဖက်အသင်းက ကစားသမား အနည်းဆုံး ၂ ဦးတော့ သူ့ ကို လူကပ်ကစားမှာ
ဖြစ်သလို တစ်ဖက်အသင်းနည်းပြနဲ့  ကစားသမားတွေက သူ့ ကို danger player
အဖြစ် သတ်မှတ်ထားမှာဖြစ်လို့  တစ်ဖက်အသင်းကို ဖိအားတွေဖြစ်စေပါတယ်။

ဆူဇူကီးပွဲမတိုင်ခင် ပွဲအကြို Pre View တစ်ခုမှာ ရုပ်ရှင်သရုပ်ဆောင် ကို ပိုင်ဇေရဲထွန်းပြောသွားတာလေးတစ်ခုရှိတယ် သူကဘာပြောလည်းဆိုတော့
လာမယ့် ဆူဇူကီးပြိုင်ပွဲမှာ ကျော်ကိုကို တို့ မပါဝင်တော့ဘူးဆိုတာနဲ့ ပတ်သက်ပြီး
ပြောသွားတာလေးပါ "နည်းပြ or အဖွဲ့ ချုပ်နဲ့  ကစားသမားနဲ့ ကြားထဲမှာ ဘယ်လိုအခြေအနေတွေရှိတယ်ဆိုတာတော့ ကျွန်တော်လည်းမသိဘူး ကျွန်တော့်တုန်းက ကျွန်တော့်စိတ်နဲ့ ကျွန်တော် လက်ရွေးစင်မှာ မပါတော့ဘူးဆိုပြီးထွက်လာတယ် အဲ့ဒီတုန်းက အဖွဲ့ ချုပ်ကလူကြီးတွေက ကျွန်တော့်မိဘတွေကတဆင့် ကျွန်တော့ကိုပြန်ခေါ်တယ် ခုကျော်ကိုကိုတို့  ကိစ္စမှာလည်း ကစားသမားနဲ့ သူတို့ ကြားက မပြေလည်မှုကို ညိနှိုင်းပြီးဖြေရှင်းသင့်တယ်" လို့ ပြောသွားတာတွေ့ ရတယ် ဆိုလိုတာက ဒီလို ဒေသတွင်းအမြင့်ဆုံးပြိုင်ပွဲတစ်ပွဲဖြစ်တဲ့ ဆူဇူကီးပြိုင်ပွဲမှာ ကျော်ကိုကိုလို ကစားသမားမျိုးကို မချန်ထားခဲ့ပဲ မဖြစ်မနေ အသင်းမှာထည့်သွင်းသင့်တယ်
ဘာကြောင့်ချန်ထားခဲ့ရတာလည်းဆိုတာကိုတော့ နားမလည်နိုင်ဘူးဆိုပြီး
ပြောသွားတယ်။

မှန်ပါတယ် ကျော်ကိုကို မပါဝင်တဲ့ မြန်မာအသင်းတိုက်စစ်က
တစ်ဖက်အသင်းကို ဖိအားမပေးနိုင်တော့တာက 100% ပဲ
သူမပါပေမယ့် အောင်သူပါတယ် ၀င်းနိုင်စိုးပါတယ် လို့ တော့မပြောကြနဲ့ ပေါ့
သူတို့ တစ်တွေက မနေ့ တစ်နေ့ ကမှ တော်ကောက်လို့ စင်ပေါ်ရောက်လာ
တာတွေ ကျော်ကိုကိုလို icon ကစားသမားအဆင့် မရှိသေးဘူး ဒေသတွင်းက
ပြိုင်ဘက်အသင်းတွေက သူတို့ ကို danger player ပဲ icon ကစားသမားပဲလို့ 
သတ်မှတ်ထားသေးဘူး အဲ့ဒီအတွက် ပြိုင်ပွဲမှာ ထိပ်တိုက်တွေ့ ရင် one by one
လောက်ပဲ လူကပ်ကစားခိုင်းလိမ့်မယ် သူတို့ ကို ဖိအားပေးနိုင်တဲ့ ကစားသမား
အဖြစ် လုံးဝမှကို မသတ်မှတ်ထားဘူး။

နောက်ပြီး လက်ရွေးစင်အသင်းမှာ တကယ်တော်လို့ တတ်လို့  အရည်အချင်း
ပြည့်မှီလို့ ဆိုပြီး ရွေးချယ်ထားတဲ့ကစားသမားတွေမဟုတ်ပဲ ဟိုကနေ ဒီကနေ
Recommend ပေးလို့ ဆိုပြီး ခေါ်ထားတဲ့ ကစားသမားတွေကိုမြင်တွေ့ ရတယ်
Myanmar National League မှာ အရမ်းထူးချွန်တဲ့သူ သူ့ နေရာနဲ့ သူ အရမ်း
ကောင်းတဲ့ကစားသမားတွေ အများကြီးပဲ ဒါပေမယ့် လက်ရွေးစင်မှာ ရွေးချယ်
မခံခဲ့ရပဲ ကျန်နေခဲ့တာ အများကြီးပဲ တကယ့်ပြိုင်ပွဲမှာ ထုတ်သုံးတဲ့သူတွေထက်
ပိုကောင်းတဲ့ ကစားသမားတွေကို မရွေးချယ်ခဲ့တာ ဘာကြောင်းများပါလိမ့်လို့ 
မေးခွန်းထုတ်စရာပါ နည်းပြကြီးအနေနဲ့  MNL ပွဲအချို့ ကို လိုက်ကြည့်တာတော့
မြင်တွေ့ ခဲ့ရပေမယ့် စစ်မှန်တဲ့ရွေးချယ်မှုတွေ မပြုလုပ်နိုင်ခဲ့ဘူးလို့ ထင်မိပါတယ်။

နောက်ထပ် မေးခွန်းထုတ်စရာက လက်ရွေးစင်အတွက် ဘောလုံးအဖွဲ့ ချုပ်ကနေ
လူစာရင်းထုတ်ပြန်တဲ့အချိန်မှာ နည်းပြကြီးက သူ့ နိုင်ငံကိုပြန်ပြီး နှပ်နေတဲ့အချိန်
မှာထုတ်ပြန်ခဲ့တယ် အဲ့ဒီလူစာရင်းထုတ်ပြန်မှုကြောင့် ဘောလုံးပရိတ်သတ်တွေ
အနေနဲ့  ဒီလူစာရင်းက နည်းပြကြီးကထုတ်ခဲ့တာလား အဖွဲ့ ချုပ်ကပဲရွေးချယ်ပြီး
ထုတ်ခဲ့တာလားဆိုတဲ့ သို့ လော.. သို့ လော ဆိုတဲ့ မေးခွန်းတွေ ဒွိဟဖြစ်မှုတွေ
ဖြစ်ခဲ့ပါသေးတယ် တကယ် ရွေးချယ်ခဲ့သူက မည်သူလဲ ဆိုတာကတော့ ပွင့်လင်း
မြင်သာမှု သိပ်မရှိသလိုပါပဲ Suzuki Cup ပြိုင်ပွဲမှာ အောင်မြင်မှုမရတော့လို့ 
ဒီနိုင်ငံနဲ့  လက်ရွေးစင်အသင်းကို တာ့တာ လုပ်ခါနီးမှ လူရွေးချယ်ခဲ့တာကို
စိတ်ကြိုက်ရွေးချယ်ခဲ့ရတာမဟုတ်ပဲ အဖွဲ့ ချုပ်က ၀င်ရောက်စွက်ဖက်ခဲ့ပါတယ်လို့ 
များပြောလာခဲ့ရင်တော့ အဲ့ဒီအချိန်မှာကွဲပြီပဲ။

နည်းပြကြီးအနေနဲ့  ဥရောပခြေစမ်းပွဲတွေကစားခဲ့ပေမယ့် ဒေသတွင်းပြိုင်ပွဲမှာ
ဗိုလ်လုပွဲထိရောက်စေရမယ်ဆိုတဲ့စကားကိုပြောဖို့ နေနေသာသာ အုပ်စုက
တက်နိုင်မတက်နိုင်ဆိုတာကိုတောင် ရဲရဲအာမခံနိုင်ဘူးဆိုတဲ့ အင်တာဗျူးက
မြန်မာဘောလုံးချစ်ပရိတ်သတ်တွေ အသဲနှလုံးကို ဆူးနဲ့ ထိုးခဲ့သလို ဖြစ်ခဲ့ပါ
သေးတယ် ကိုယ် ကိုင်တွယ်တဲ့အသင်း ကိုယ်နည်းပြနေတဲ့အသင်းတစ်သင်းနဲ့ 
ပတ်သက်ပြီး တာဝန်ယူမှု တာဝန်ခံမှုက အင်မတန်မှ လျော့တိလျော့ရဲ ဖြစ်နေ
ခဲ့တာ အမှန်ပါပဲ နောက်ဆုံး မြန်မာပြည်သူတွေရဲ့ အသဲနှလုံးကို နင်းချေခဲ့သူ
ဒုတိယ ပက်ဆောင်ဟွာ ဖြစ်လာမလားဆိုတာကတော့ ဆက်လက် စောင့်ကြည့်
သွားရပါဦးမယ်။

#အဖွဲ့ ချုပ်ကပံ့ပိုးမှုတွေအားနည်းလို့ လား...?
ပံ့ပိုးမှုတွေကတော့ အားမနည်းဘူးလို့ ပြောရမယ် ဘောလုံးအဖွဲ့ ချုပ်ကို 2004/5 မှာ ဦးဇော်ဇော်စတင်ကိုင်တွယ်ကတည်းက တော်တော်လေးအားထည့်ပြီး
လုပ်ဆောင်ခဲ့တယ်ဆိုတာ အားလုံးလည်းသိပြီးဖြစ်မှာပါ မြန်မာ့ဘောလုံးလောက
တိုးတက်ဖို့ လုပ်ဆောင်ခဲ့ပေမယ့် အောင်မြင်မှုတွေမရရှိပဲ ဒေသတွင်းမှာ တဖြည်းဖြည်းနဲ့  ဘောလုံးအဆင့်အတန်းက အောက်ကို ရောက်ရောက်လာနေပြီပဲဖြစ်ပါတယ် တစ်ချိန်က ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ လိုအသင်းတွေဆိုတာ
မြန်မာအသင်းရဲ့ ငယ်နိုင်လို ဖြစ်နေခဲ့ပြီး ဘယ်အချိန်ထကန်ကန် နိုင်နိုင်တဲ့ အသင်းတွေပါ အခုတော့.... အဲ့ဒီအသင်းတွေကို မရှုံးဖို့ တောင် အသေအလဲ
လိုက်ကန်နေရတဲ့ အနေအထားတစ်ခု ဖြစ်လာနေခဲ့ပါပြီ။

အဖွဲ့ ချုပ်ရဲ့ စီမံခန့် ခွဲမှု အုပ်ချုပ်မှုအပိုင်းကလည်း လက်ရွေးစင်အသင်းပေါ်မှာ
အများကြီးသက်ရောက်ပါတယ် ဦးဇော်ဇော်လက်ထက်မှာ လက်ရွေးစင်အသင်း
နည်းပြအဖြစ် နိုင်ငံခြားသားနည်းပြ အများအပြားကို ခေါ်ယူခန့် ခဲ့သလို နည်းပြ
အပြောင်းအလဲ လည်း များစွာ လုပ်ခဲ့တာကို မြင်တွေ့ ရပါတယ် လက်ရွေးစင်
အသင်းကို အောင်မြင်စေချင်လို့  လုပ်ခဲ့ပေမယ့် အောင်မြင်မှုက တဖြည်းဖြည်းနဲ့ 
ကြာလေ ဝေးကွာလေပဲဖြစ်ဖြစ်လာပါတယ်။

ဒီနေရာမှာ မေးခွန်းထုတ်စရာက "နိုင်ငံခြားသား နည်းပြနဲ့ မှ လက်ရွေးစင်အသင်းက အောင်မြင်နိုင်မှာလား..?" အဲ့ဒီလို ယူဆထားတာများလား
လို့ မေးချင်မိပါတယ် နိုင်ငံအသင်းအချို့ မှာ ပြည်တွင်းနည်းပြနဲ့ ပဲ အောင်မြင်မှု
တွေရယူထားနိုင်တဲ့အသင်းတွေအများကြီးရှိပါတယ် အဝေးကြီးမကြည့်နဲ့  ဗီယက်နမ်လို အသင်းပဲကြည့် နိုင်ငံခြားသားနည်းပြနဲ့ လား သူတို့ ပြည်တွင်းက
နည်းပြနဲ့ ပဲလားဆိုတာ။

နိုင်ငံခြားသား နည်းပြနဲ့ မှမဟုတ်ဘူး ပြည်တွင်းနည်းပြနဲ့ လည်း အောင်မြင်မှု
ရယူပေးနိုင်တယ်ဆိုတာက အဲ့ဒါက သက်သေ သာဓကပဲ အမြဲတမ်း နိုင်ငံခြားသား နည်းပြငှားပြီး ကိုင်တွယ်ခိုင်းမယ့်အစား ပြည်တွင်းက နည်းပြတွေကိုလည်း နေရာပေးဖို့ လိုပါတယ် ကိုယ့်လူမျိုးအချင်းချင်းဆိုတော့
ဘာသာစကားအတွက်လည်း အခက်အခဲမရှိနိုင်တော့ဘူး ကစားသမားတွေကို သေခြာကိုင်တွယ်နိုင်မယ့် ပြည်တွင်းနည်းပြကိုပဲ ရွေးခန့် 
ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။

နောက်တစ်ခုက အဖွဲ့ ချုပ်အနေနဲ့  လက်ရွေးစင်အသင်းနဲ့ ပတ်သက်ပြီး အမှန်
တကယ်ကို အောင်မြင်စေချင်တယ်ဆိုရင်တော့ Foundation ကိုသေခြာလေး
ပြန်လုပ်မှဖြစ်မယ် လက်ရှိအနေအထားကတော့ အောက်ခြေကနေသေခြာ
မလုပ်တဲ့အတွက် အပေါ်မှာ ဖရိုဖရဲ ဖြစ်နေတဲ့သဘောပါပဲ လက်ရွေးစင်အသင်း
ကိုရောက်လာတဲ့ ကစားသမားတွေအပေါ်မှာ ဆုပေးဒဏ်ပေး စနစ်တွေသေခြာ
ကြပ်မတ်ပြီးလုပ်ဆောင်ဖို့ လိုပါမယ် ဟိုပွဲမှာ ဟိုကစားသမားက ဂိုးသွင်းလို့ ဆိုပြီး
အဲ့ဒီကစားသမားကို သီးသန့် ဆုပေးတာတွေ မလုပ်သင့်တော့ပါဘူး အဲ့ဒါက
အသင်းကို ဖျက်ဆီးရာရောက်စေပါတယ် ဆုပေးချင်ရင် တစ်သင်းလုံးကိုပေးပါ
တစ်ဦးတစ်ယောက်ထဲ ရွေးပေးတာက အသင်းသားတွေကို စိတ်ဝမ်းကွဲအောင်
လုပ်သလိုဖြစ်ပါတယ် မဖြစ်မနေ ရှောင်သင့်ပါတယ်။

လက်ရွေးစင်အသင်းအတွက် ကစားသမားရွေးချယ်ရာမှာလည်း MNL ကလပ်အသင်းတွေတိုင်းမှာ တကယ်တော်တဲ့ အရည်အချင်းရှိတဲ့ကစားသမားတွေ
များစွာရှိပါတယ် ဘယ်အသင်းက ဘယ်နေရာမှာကစားတဲ့ကစားသမားရှိတယ်
သူဆို လက်ရွေးစင်အတွက်သင့်တော်တယ် မတော်ဘူးဆိုတာ အဖွဲ့ ချုပ်နဲ့ 
မြန်မာ့ဘောလုံးအသိုင်းအ၀န်းက လူတွေအားလုံးသိကြပါတယ် သို့ သော်လည်း
နားမလည်နိုင်ဖြစ်ရတာက အဲ့ဒီလို အရည်အချင်းရှိတဲ့ကစားသမားတွေကို ချန်လှပ်ထားခဲ့ပြီး သူတို့ လောက်တောင် Skill မရှိသူ အတွေ့ အကြုံနည်းသူတွေ
ရွေးချယ်သွားတာမျိုးတွေက မဖြစ်သင့်တဲ့အရာတွေလို့ ထင်မိပါတယ် အဲ့ဒါတွေကို
အဖွဲ့ ချုပ်အနေနဲ့ သေခြာလေး အလေးထားဖို့ လိုပါတယ် နည်းပြစိတ်ကြိုက်
ရွေးပါစေဆိုပြီး သူရွေးချင်တဲ့သူရွေးတာ နည်းပြနဲ့ နီးစပ်လို့  Recommend ပေးတာတွေကြောင့် ရွေးတာမျိုးတွေ မဖြစ်စေရအောင် စောင့်ကြည့်ပြီး ကြပ်မတ်ဖို့ လိုပါလိမ့်မယ် မဟုတ်ရင် ဟိုးရှေးယခင်တုန်းက လက်ရွေးစင်အသင်းအတွက် လူရွေးသလို ဟိုလူနဲ့ ရင်းနှီးလို့  ဒီလူနဲ့ ရင်းနှီးလို့  ဟိုမျက်နှာ ဒီမျက်နှာတွေ နာစရာဖြစ်မှာစိုးလို့  ဒီလူတွေကိုရွေးတာပါဆိုတာမျိုးတွေ ဖြစ်ဖြစ်သွားနိုင်ပါတယ် MNL ကလပ်အသင်းတွေထဲက တကယ်အရည်အချင်းရှိသူတွေကိုသာ လက်ရွေးစင်အတွက် ရွေးချယ်နိုင်စေဖို့  လုပ်ဆောင်ပေးစေချင်ပါတယ်။

ဟိုတစ်ရက်က ဆူဇူကီးပြိုင်ပွဲတွေမစခင် အဲ့ဒီပြိုင်ပွဲနဲ့  မြန်မာ့လက်ရွေးစင်အသင်း အပေါ်အမြင်ကို ကိုမျိုးလှိုင်ဝင်း၊ ကိုမင်းသူ၊ ကိုပိုင်ဇေရဲထွန်း တို့  ဆွေးနွေးနေတာ
လေး နားထောင်လိုက်ရတယ် အဲ့ဒီမှာ ကိုမင်းသူ တို့  ကိုမျိုးလှိုင်ဝင်းတို့ ( ယခင်က
ဘောလုံးသမား ယခု နည်းပြ - မသိတဲ့သူများအတွက်ပြောပြတာပါ ) ပြောသွား
တာလေး တစ်ခုရှိတယ် သူတို့ ခေတ်တုန်းက လက်ရွေးစင်အသင်းမှာ(က)အသင်း
(ခ)အသင်းဆိုပြီးရှိတယ် လက်ရွေးစင်အသင်းကြီးမှာ ပါဝင်နိုင်ဖို့ ဆိုတာ အင်မတန်မှ ခက်ခဲတယ် ခုခေတ်ကျတော့ အဲ့လိုမဟုတ်ဘူး ယူ-၁၆၊ ယူ-၁၈၊ ယူ-၁၉၊ ယူ-၂၀၊ ယူ-၂၁၊ ယူ-၂၂၊ ယူ-၂၃ က ဟိုကစားသမားလေး ကောင်းတယ် ဆိုပြီး လက်ရွေးစင်အသင်းကို ကောက်တင်လိုက် ဒီကစားသမားလေး
ကောင်းတယ်ဆိုပြီး ကောက်တင်လိုက်နဲ့  အဆင့်တွေ ကျော်ပြီး
ကောက်တင်တယ် ဒါကမဖြစ်သင့်ဘူး တစ်ဆင့်ပြီးမှ တစ်ဆင့်တင်တင်သွား သင့်တယ်။

ဘာလို့ လည်းဆိုတော့ အဲ့ဒီလို အဆင့်တွေကျော်ပြီး ဆွဲတင်လိုက်တဲ့
အတွက် ရှိပြီးသားလူနဲ့ နောက်ရောက်လာတဲ့သူတွေက အဆင့်အရမ်းကွာသွား နိုင်တယ် အသင်းအတွက်အံဝင်ဂွင်ကျ မဖြစ်တော့ပဲ
Team Work ပါ ပျက်စီးသွားပြီး လိုချင်တဲ့အနေအထားမဖြစ်နိုင်တော့ဘူး
အဲ့ဒီမှာ ကိုမျိုးလှိုင်ဝင်းကပြောတယ် "ကျွန်တော်တို့ တုန်းက နည်းပြကြီးတွေ
ပြောတာကြုံဖူးခဲ့တယ် ဟေ့ဘယ်သူ မင်းကအရမ်းအဆင့်မြင့်လွန်းနေတယ်
ကျန်တဲ့သူတွေမလိုက်နိုင်ဘူး မင်းအဆင့်ကိုနည်းနည်းလေးပြန်ချ အဲ့ဒါမှ
သူနဲ့ တွဲနိုင်လိမ့်မယ် မဟုတ်ရင် မင်းက မင်းလိုချင်တဲ့အနေအထားကို ပေးလိုက်
ပေမယ့် သူက မင်းမှန်းထားသလို အမှီလိုက်နိုင်မှာမဟုတ်ဘူး မင်းသူနဲ့ တွဲနိုင်ဖို့ 
မင်းအဆင့်ကို ပြန်ချမှဖြစ်မယ် လို့ ပြောဖူးတယ် အဲ့ဒီမှာ ကိုမင်းသူပြောသလို
အဆင့်တွေကျော်ပြီး ဆွဲတင်ထားတော့ သူတို့ တွေမှာ တစ်ယောက်နဲ့ တစ်ယောက် ကွာဟမှုတွေ အရမ်းဖြစ်သွားနိုင်တယ် ဒါမျိုးကတော့ မဖြစ်သင့်ဘူး" ဆိုပြီး ကောက်ချက်ချသွားတယ်။

ကိုမျိုးလှိုင်ဝင်းတို့  ကိုမင်းသူတို့  ပြောသွားသလိုပဲ လက်ရွေးစင်အသင်းအတွက်
လူရွေးချယ်ရာမှာ အဆင့်တွေကျော်ပြီး ဟိုကနေဆွဲတင်လိုက် ဒီကနေဆွဲတင်လိုက်
မလုပ်သင့်ပါဘူး အဆင့်ဆင့် သူ့ အဆင့်နဲ့ သူသတ်မှတ်ထားပြီးမှ ဆွဲတင်သင့်ပါတယ်။

ဒါမှလည်း မြန်မာဘောလုံးသမားတွေ အားလုံးရဲ့ စိတ်ကူးယဉ်အိမ်မက်က တစ်နေ့ 
"လက်ရွေးစင်အသင်း" မှာ ပါဝင်ကစားနိုင်ဖို့  နဲ့  လက်ရွေးစင်အသင်းမှာပါဝင်ပြီး
နိုင်ငံအတွက် အောင်မြင်မှုတွေ ဆွတ်ခူးပေးနိုင်တဲ့ ကစားသမားဖြစ်ဖို့ ဆိုတဲ့
လက်ရွေးစင်ဖြစ်ချင်တဲ့စိတ်ကူးတွေ အိမ်မက်တွေ ပြန်လည်ပြီးရှိလာမှာပါ
ခုတော့... တစ်ပွဲကောင်းခြေစွမ်းပြနိုင်ရင် လက်ရွေးစင်ဖြစ်တယ်ဆိုတဲ့ ခပ်ပေါ့ပေါ့အတွေးရယ် လက်ရွေးစင်အဖြစ်ရွေးချယ်ခံရပြီးချိန်မှာ ရောက်နေတဲ့
နေရာကို တန်ဖိုးမထားပဲ ပေါ့ပေါ့နေ ပေါ့ပေါ့စား ၀တ်ကျေတန်းကျေပဲ ၀င်ကန်
နေတဲ့ကစားသမားတွေရှိနေပါတယ် အဲ့ဒီလို ကစားသမားတွေကို ရှင်းထုတ်ပြီး
လက်ရွေးစင်အသင်းအတွက် နိုင်ငံ့ဂုဏ်ဆောင်ပေးမယ့် အမှန်တကယ်ကို အရည်အချင်းရှိတဲ့ ကစားသမားတွေကို မွေးထုတ်ပေးနိုင်တဲ့ ရွေးထုတ်ပေးနိုင်တဲ့
အရည်အချင်းနဲ့  လုပ်ဆောင်နိုင်မှုက အဖွဲ့ ချုပ်ပေါ်မှာပဲ မူတည်နေပါတယ်။

မြန်မာ့ဘောလုံးအဆင့်အတန်း ဘာလို့ နိမ့်လာရလည်းဆိုတာ သေခြာ အဖြေရှာ အဖြေထုတ်ပြီး လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဖို့ လိုနေပါပြီ ထိုင်းမှာ မူကြိုကလေးတွေအတွက်တောင် ဘောလုံးအကယ်ဒမီတွေရှိတယ် မြန်မာပြည်မှာ မူကြိုမပြောနဲ့  ကျောင်းတိုင်းမှာတောင်ဘောလုံးကွင်းမရှိသလို ဘောလုံးကွင်းရှိတဲ့
ကျောင်းတွေမှာလည်း ကာယအချိန်မှာ ဘောလုံးကစားဖို့ တောင် တွန်းတွန်းတိုက်တိုက် အားပေးထားခြင်းမရှိပါဘူး ဒါမျိုးတွေကအစ အစိုးရနဲ့  ပူးပေါင်းပြီး လုပ်ဆောင်ဖို့ လိုပါတယ်။
ငွေကုန်ကြေးကျဘယ်လောက်ခံခံ ဘာတွေဘယ်လိုပဲလုပ်ခဲ့လုပ်ခဲ့
လက်ရှိအနေအထားကတော့ ဒေသတွင်း ဘောလုံးအဆင့်အတန်းက အောက်ကို
တဖြည်းဖြည်း ဆင်းနေတာပဲရှိပါတယ် "ပိုးသာကုန် မောင်ပုံစောင်းမတတ်"
ဖြစ်နေတာကို ဆန်းစစ်ပြီး အဖြေရှာသင့်နေပါပြီ အနာနဲ့ ဆေးလွဲနေလား ရေလိုက်လွဲနေတာလား သုံးသပ်ဖို့ လိုနေပါပြီ။

-----------------------------------------------------------
မနေ့ ကဗီယက်နမ်ကို ရှုံးလို့ ထရေးတာတော့မဟုတ်ပါဘူး ဟိုရက်တွေကတည်းက ရေးချင်နေခဲ့တာပါ Suzuki Cup ပြိုင်ပွဲ မစခင်ကတည်းက ကျွန်တော်နဲ့ ခင်တဲ့မင်တဲ့သူတွေကို ကိုပြောပြခဲ့ပါတယ် ဒေသတွင်းက ပြိုင်ဘက်အသင်းတွေရဲ့ ခြေနဲ့ 
မြန်မာ့လက်ရွေးစင်အသင်းရဲ့ ခြေက တော်တော်လေးကို ကွာဟနေပြီ လက်ရွေးစင်အသင်းရဲ့ လက်ရှိအနေအထားကလည်း အားရစရာမရှိဘူး ဒီပြိုင်ပွဲမှာ မြန်မာအသင်းက အိမ်ဖြည့်အနေနဲ့ ပဲပါတာပါ
အောင်မြင်မှုရဖို့ ကတော့ မျှော်မှန်းမနေနဲ့ ဆိုပြီး ပြောခဲ့ပါသေးတယ်။

ဒါပေမယ့် ကိုယ့်မြန်မာအသင်းဆိုတော့ ပြိုင်ပြီဆိုတဲ့အချိန်မှာ မနိုင်နိုင်ဘူးဆိုတာ သိလျှက်နဲ့  နိုင်ပါစေဆိုပြီး အားပေးဖြစ်တာပါပဲ ဟိုတစ်နေ့ က ကိုမျိုးလှိုင်ဝင်ပြောသွားတာလေး မှတ်မိသေးတယ် "လက်ရှိအနေအထားနဲ့ မြန်မာအသင်းကို အများကြီးမျှော်လင့်မထားရဲဘူး ဒါပေမယ့် နိုင်ပါစေလို့ တော့ ဆုတောင်းရမှာပဲ " လို့ ပြောသွားတယ် မြန်မာအသင်း အောင်မြင်မှုရဖို့ ဆိုတာ လက်ရှိခြေစွမ်းနဲ့  လက်ရှိအနေအထားနဲ့ ဆိုရင်တော့ ဆုတောင်းရုံမှတစ်ပါး အခြားမရှိပြီပေါ့။ :D
 
မြန်မာအသင်းကို မြန်မာဘောလုံးချစ်မြတ်နိုးသူတိုင်း မြန်မာပြည်သူပြည်သားတိုင်း နိုင်ပွဲတွေချည်း ရရှိပြီး အောင်မြင်မှုတွေ မကြာခန ဆွတ်ခူးနေတာကို မြင်ချင်ကြတာပါ ကျွန်တော်လည်း အဲ့ဒီထဲမှာ တစ်ယောက်အပါအ၀င်ပဲ မြန်မာအသင်းရဲ့ ရွှေရောင်သမ်းတဲ့နေ့ ရက်တွေကို လိုချင်မိ မြင်ချင်မိပါတယ် ဒါကြောင့် ဒီဝေဖန် လေကန်တဲ့စာလေးကို ရေးလိုက်ပါတယ်ဆိုတာ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်ဗျာ။


Aung Kyaw Soe ( 21.11.2016 - 6:35 PM )
( ဗီဒီယိုဖိုင်ကတော့ ပရိတ်သတ်တွေအတွက် ဂုဏ်ပြုတဲ့ ပြန်တင်ပေးလိုက်တာပါ ဘယ်လောက်ရှုံးနိမ့်နေပါစေ ပြိုင်ပွဲဝင်ပြီဆိုတာနဲ့  အမြင့်ဆုံးဆိုတာကို မှန်းပြီး အမြဲတမ်း ၁၂ ယောက်မြောက်ကစားသမားတွေအဖြစ် ရပ်တည်ပေးခဲ့ကြလို့ ပါ ^_^ )
Video by ; U Bo Htun
Sorry for tag ...


Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...