Ads (728x90)





ဒီမနက် မဘသ ဥက္ကဋ္ဌ ကျေးဇူးတော်ရှင် အင်းစိန်ရွာမ ဆရာဆရာတော်ဘုရားက ကဆုန်လပြည့်ဗုဒ္ဓနေ့ နဲ့ ဆဋ္ဌသင်္ဂါယနာ နှစ်(၆၀) ပြည့် မင်္ဂလာအခမ်းအနား ကျင်းပနိုင်ဖို့အတွက် သြ၀ါဒပေးပါတယ်။
ပြီးတော့ဆရာတော်ဘုရားက "ငါ့ဆီ ခုဏက မူဆလင်ဒကာတစ်ယောက် လာတယ်၊ ကျိုင်းတုံကလို့ပြောတယ်၊ အဲဒါသူပစ္စည်းတွေ ပိုက်ဆံတွေလည်း တက္ကစီသမားက ယူပြေးလို့ ခုသူ့မှာ ပြန်ဖို့ဒုက္ခရောက်နေတယ်ပြောတယ်၊ တကယ် ဒုက္ခရောက်တဲ့ သူဆိုရင်တော့ ကုလားပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ကူညီပေးချင်တယ် အဲဒါ ဦးဇင်း အဲဒီကုလားဒကာက တကယ်ဒုက္ခရောက်နေတာဟုတ်မဟုတ် သေခြာမေးကြည့်ပါဦး" သူခုအပြင်မှာစောင့်နေတယ်လို့မိန့်ပါတယ်။

ဆရာတော်ပြောတဲ့ ကုလားကို မတွေ့ရသေးပေမယ့် လွန်ခဲ့တဲ့ ၂- လလောက်က စာရေးသူတွေ့ကြုံရတဲ့ အဖြစ်အပျက်နဲ့ တစ်ပုံစံထဲဖြစ်နေပါတယ်။
စာရေသူနဲ့ အဖော်သံဃာတပါး ကြည့်မြင်တိုင်၊သာဓုတိုက် ဗုဒ္ဓတက္ကသိုလ်မှာ နံနက်-၈- နာရီလောက်လမ်းလျှောက်နေတုန်း အသက် ၃၀-ကျော်အရွယ် မူဆလင်ဒကာတစ်ယောက် မျက်နှာညှိုးငယ်စွာနဲ့ စာရေးသူတို့ဆီကိုရောက်လာပြီး ခုလိုလျှောက်ပါတယ် ။

"တပည့်တော်က တောင်ကြီးကပါ ရန်ကုန်ကို ကိစ္စရှိလို့ခဏလာတာ မနေ့ကကိစ္စပြီးလို့ တောင်ကြီးပြန်ဖို့ အဝေးပြေးသွားတာ လမ်းမှ အပေါ့သွားချင်လို့ တက္ကစီကို ခဏရပ်ခိုင်းပြီး အပေါ့သွားနေတုန်း တက္ကစီကမောင်းပြေးသွားလို့ တပည့်တော်ရဲ့ ပိုက်ဆံတွေကော အ၀တ်အစားတွေပါ ဘာတစ်ခုမှမရှိတော့ပါဘူး။ ခုတောင်ကြီးပြန်ဖို့ အခက်တွေ့နေလို့ ကူညီပါ" လို့ လျှောက်ပါတယ်။
ကြည့်မြင့်တိုင်ဗလီကို အကူအညီသွားတောင်းတော့လည်း သူတောင်းစားတစ်ယောက်လို မောင်းထုတ်တာခံရပါတယ် လို့ပြောပြီး ငိုပါတော့တယ်။
ဒီတော့ စာရေးသူလည်း မူဆလင်ကုလားဒကာကြီးကို သနားသွားပါတယ်။" ဒုက္ခရောက်နေချိန်မှာ ကြံရာမရဖြစ်ဖြစ်ပြီး ဒုစရိုက်တွေလုပ် သူခိုး ကြမ်းပိုးဖြစ်သွားမှာကိုလည်း စိုးရိမ်မိပါတယ်" ဒါ့ကြောင့် ရန်ကုန် တောင်ကြီး ခရီးစားရိပ်အပြင် အဝေပြေးသွားရမဲ့ တက္ကစီခနဲ့ လမ်းမှာ စားသောက်စာရိပ်အတွက်ပါ လုံလုံလောက်လောက် စွန့်ကျဲလှူလိုက်ပါတယ်။

မိမိတို့ ဗုဒ္ဓဘာသာ သံဃာတော်တွေဟာ မူဆလင်ကုလားပဲဖြစ်ဖြစ် တခြားဘယ်နိုင်ငံ ဘယ်ဘာသာကိုမှမမုန်းတဲ့အကြောင့် လောကကြီးကို ဒုက္ခမမေးဖို့ဘဲအလိုရှိတဲ့အကြောင်း ဒါကလည်း အစ္စလာမ်အပါအ၀င် ဘာသာအားလုံး ငြိမ်းချမ်းစွာနေရရေးအတွက်ဖြစ်ကြောင်းနဲ့ ကုလားတွေလည်း အေးအေးချမ်းချမ်းကောင်းကောင်းမွန်မွန်နေမယ်ဆိုရင် ညီအကိုအရင်လို သဘောထားကြောင်းပြောကြားပြီး " မူဆလင်ဒကာကြီးလည်း မိမိနဲ့ မိမိပတ်ဝန်ကျင်အတွက် တန်းဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်အောင် ကြိုးစားဖို့ မိမိရဲ့ အသိပညာဉာဏ်နဲ့ ဘယ်အရာမဆိုလေ့လာဖို့ အသိတရားကို အသုံးပြုဖို့ တောင် တရားအသိ ပေးလိုက်ပါတယ်။

မူဆလင်ကူလားဒကာရဲ့ ဂုဏ်သိက္ခာကိုထောက်ထားငဲ့ငှာလို့ ဓါတ်ပုံတောင် မရိုက်လိုက်ပါဘူး သံဃာတော်တွေဟာ အဲလောက်အထိ ကုလားအပေါ်မှာ မေတ္တာထား ကရုဏာပွားပါတယ်။ လူ့ဂုဏ်သိက္ခာကို လေးစားပေးပါတယ်။
ခု မဘသ ဥက္ကဋ္ဌဆရာတော်ဘုရားဆီ လာတဲ့ကုလားနဲ့ စာရေးသူဆီလာတဲ့ကုလားရဲ့ ပြောစကားတွေ အဖြစ်အပျက်တွေကို သုံးသတ်ကြည့်လိုက်တော့ တောင်ကြီး နဲ့ ကျိုင်းတုံးသာ ကွဲပြီး ကျန်တဲ့အချက်အလက်တွေအတူဖြစ်နေတာမို့ ကုလားတစ်ယောက်ထဲဖြစ်ဖို့များပါတယ်။ ဒါ့ကြောင့် ဆရာတော်ကြီးကို စာရေးသူရဲ့ အဖြစ်အပျက်ကိုလျှောက်ထားလိုက်ပါတယ်။

ခုကုလားဟာ တကယ့်ဒုက္ခရောက်နေတာဖြစ်ရင် ကူညီဖို့အတွက် ကုလားကို ခေါ်လိုက်တော့မှ စာရေးသူကို တောင်ကြီးပြန်ဖို့ဆိုပြီး လိမ်ညာပြီး ပိုက်ဆံတောင်းသွားတဲ့ကုလားဖြစ်နေတာပါတယ်။
စာရေးသူကိုမြင်တော့ ကုလားဟာ အခြေအနေမဟန်မှန် ရိပ်စားမိပုံပေါ်ပါတယ်။ ဒကာကြီး ဘုန်းဘုန်းကိုမှတ်မိလားလို့မေးတော့ မှတ်မိတယ်လို့ဖြေပါတယ်။

လွန်ခဲ့တဲ့ -၂ လလောက်ကတည်းက တောင်ကြီးပြန်ဖို့ဆိုပြီး ပိုက်ဆံတောင်းသွားတာခုထိ မပြန်ရသေးဘူးလား မေးတော့ ဝေ့လည်ကြောင်ပတ်လုပ်နေပါတယ်။ ဦးဇင်းကိုပြောတော့ တောင်ကြီး နဲ့ ကျိုင်းတုံက အတူတူပဲ လို့ဆိုပြီးထပ်လိမ်နေပါသေးတယ်။

ဒီ မဘသ ဥက္ကဋ္ဌဆရာတော်ကြီးဆီ ဘာလာလုပ်တာလည်း ဒကာက ဘယ်ကလည်း အမှန်အတိုင်းမဖြေရင် ရဲလက်အပ်မယ်ဆိုမှ " ရန်ကုန် အလုံမှာနေတဲ့အကြောင်း နာမည်က ကလိဖြစ်တဲ့အကြောင်း အဖေက မူးမာမက် ဖြစ်ပြီး အမေက ဖာတမာဘီဖြစ်ကြောင်း နဲ့ စိတ္တဘေဒအထူးပြုနဲ့ ဘွဲ့ရထားသူဖြစ်တဲ့အကြောင်းအမှန်အတိုင်းပြောပါတယ်" မေးမြန်းတဲ့အခါ မူဆလင်ကုလားကို လက်ဖျားနဲ့တောင်မထိဘဲ မေတ္တာအပြည့်နဲ့ အေးချမ်းစွားမေးတာပါ၊ မူဆလင်ဌာနချုပ် ဗလီကို ဗုဒ္ဓဘာသာသံဃာတစ်ပါးက ခုကုလား လုပ်သလိုသွားလုပ်ရင် ဘယ်လိုများ လုပ်ကြမယ်မသိဘူးလို့ လည်းတွေးလိုက်မိပါတယ်။

ခုကုလားဟာလိမ်ဖို့လာတာဆိုရင် သိပ်ကိစ္စမရှိပေမယ့် အကြံအသည်ကြောင့်လာတာဆိုရင်တော့ စိုးရိမ်စရာ သတိပြုစရာပါ။
မဘသဥက္ကဋ္ဌဆရာတော်ဘုရားကြီးအပါအ၀င် သံဃာတော်အားလုံးဟာ ကုလား မြန်မာ၊ မူဆလင် ဗုဒ္ဓဘာသာ မခွဲခြားဘဲ မေတ္တာ၊ကရုဏာထားတာကို ဒေါလာမှိုင်းမိသူ အားဏာလှိုင်းပိသူတွေမသိ ကြပေမယ့်၊ အစ္စလာမ်ဘာသာဝင် မူဆလင်ကူလားတွေက သိလို့သာ ဘုန်းတော်ကြီးကျောင်းများအထိ နောက်ဆုံး မဘသ ဗဟိုအထိ ရဲရဲတင်းတင်နဲ့ လိမ်ညာဝင်ထွက်နေတာဖြစ်ပါတယ်။

" သံဃာတော်များ၏ သစ္စာတရား မေတ္တတရား ကရုဏာထားခြင်းကို အမှန်းအတိုင်း သိမြင် ခိုလှုံနိုင်ကြပါစေ"

ဓမ္မ၀ီရ ဒေါက်တာ အရှင်တေဇနိယ

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...