မလေးရှားနိုင်ငံတွင် ယှဉ်ပြိုင်ခဲ့သည့် ဆီးဂိမ်းစ် အမျိုးသားဘောလုံး အုပ်စု(က)အဖွင့်ပွဲစဉ်တွင် စင်ကာပူ ယူ-၂၂ အသင်းကို (၂-၀) ဂိုးဖြင့်အနိုင်ရခဲ့သည့် မြန်မာ ယူ-၂၂ အသင်းအား ထူးကုမ္ပဏီများအုပ်စု ဥက္ကဋ္ဌ ဦးတေဇ မှ ဒေါ်လာတစ်သောင်း ဂုဏ်ပြု ချီးမြှင့်ခဲ့ပါသည်။
ဥက္ကဋ္ဌဦးတေဇသည် သြဂုတ်လ (၁၃)ရက်နေ့ ကတည်းက မလေးရှားနိုင်ငံသို့ မြန်မာဘောလုံးအဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်း၊ ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ (ရန်ကုန် ယူနိုက်တက်အသင်းဥက္ကဋ္ဌ) တို့နှင့်အတူ ရောက်ရှိနေခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ မနက်ပိုင်းက မြန်မာအသင်းတည်းခိုရာ ကွာလာလမ်ပူမြို့ ဖက်ဒရယ်ဟိုတယ်သို့ သွားရောက်ပြီး မြန်မာအသင်းသားများကို တွေ့ဆုံနူတ်ဆက်ကာ ဆီးဂိမ်းပြိုင်ပွဲ အောင်နိုင်ရေးအတွက် ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများနှင့်အတူ ၀ိုင်းဝန်းဆောင်ရွက်ခဲ့ကြပါသည်။
မြန်မာအသင်း၏ရည်မှန်းချက်မှာ ချန်ပီယံဖြစ်ရေး ဖြစ်ခြင်းကြောင့် ယခု အနိုင်ပွဲနှင့် ကျေနပ်မနေဘဲ ဆက်လက်၍ များစွာကြိုးစားရဦးမည် ဖြစ်ပါသည်။ သို့သော် စင်ကာပူကို (၂-၀)ဂိုးဖြင့် အနိုင်ရခြင်းကြောင့် လက်ကျန်ပွဲစဉ်များ အနိုင်ရရှိရန် အသင်းသားများ အားလုံး ယုံကြည်မှု ပိုရှိ လာခဲ့ကြောင်း မြန်မာ ယူ၂၂ အသင်း နည်းပြချုပ် ဂတ်ဆီဇီက ပွဲပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။
အဆိုပါပွဲတွင် ပရိသတ်ဦးရေ (၄၀၀၀)နီးပါးရှိပြီး စင်ကာပူနှင့် မလေးရှားရောက် မြန်မာများ အများအပြား လာရောက်အားပေးကြကြောင်း သိရှိရသည်။
ထူးကုမ္ပဏီများအုပ်စု အနေဖြင့် မြန်မာ့ဘောလုံးအားကစား တိုးတက်ရေး အတွက် ကူညီပံပိုး ပေးခဲ့သော ဥက္ကဋ္ဌဦးတေဇ အတွက် ဂုဏ်ယူပါကြောင်းနှင့် မြန်မာအသင်းဆီးဂိမ်းစ်ချန်ပီယံ ဖြစ်ရေး အတွက်လည်း အားပေးဆုတောင်းပေးနေပါကြောင်း ဖော်ပြအပ်ပါသည်။
photo credit : MFF
Post By :
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။