ကမ္ဘာပေါ်ရှိ တိုက်ခိုက်ရေးပညာပေါင်းစုံကို အသုံးပြုပြီး ယှဉ်ပြိုင်ခွင့်ပြုသော Mixed Martial Art (MMA) ပြိုင်ပွဲ တစ်ရပ်ဖြစ်သည့် STATE OF WARRIORS ပြိုင်ပွဲ အကြို စာနယ်ဇင်းရှင်းလင်းပွဲအား ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၏မင်္ဂလာခန်းမ၌
ယနေ့ နေ့လည် (၂)နာရီခန့်တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
ထို့နောက်အခမ်းအနားအစီအစဉ်အရ First National Insurance ၏
Deputy Managing Director ဦးအောင်ကိုကိုတင်ဝင်းမှ
One Championship ၏ STATE OF WARRIORS ပြိုင်ပွဲဖြစ်မြောက်ရေး အတွက် မိမိတို့ကုမ္ပဏီအနေဖြင့် ပါဝင်ကူညီရခြင်း၏ရည်ရွယ်ချက်ကို ဆက်လက်ရှင်းလင်းပြောကြားခဲ့ပါသည်။
“ FNI အနေနဲ့ One Championship နဲ့အတူ ပထမဆုံးအကြိမ် ပူးပေါင်းပါဝင်ခွင့်ရတာပါ။ ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်းကိုလည်း အားကစားလောကဖွံ့ဖြိုးဖို့အတွက် ကျွန်တော်တို့ အဓိကစပွန်ဆာအနေနဲ့ ပေးထားပါတယ်။ Miss Universe organization ကိုလည်း ကျွန်တော်တို့ sponsor အနေနဲ့ ပါဝင်ကူညီပေး ထားပါတယ်။
FNI ကုမ္ပဏီဟာ အားကစားလောက တိုးတက်ရေးနဲ့ နိုင်ငံသူနိုင်ငံ သားတွေရဲ့ ကာယ၊ဥာဏတိုးတက်ရေး၊ကျန်းမာရေးနဲ့ ပညာရေးစတာတွေကို ဦးစားပေးပြီး စပွန်ဆာပေးနေတဲ့ အာမခံကုမ္ပဏီတစ်ခုပဲ ဖြစ်ပါတယ်” ဟု ဦးအောင်ကိုကိုတင်ဝင်း မှ ပြောကြားခဲ့ပါသည်။
ONE Championship ( STATE OF WARRIORS)ကို လာမည့် အောက်တိုဘာလ (၇)ရက်နေ့၊ ညနေ (၇) နာရီတွင် သုဝဏ္ဏအားကစားကွင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အဆိုပါပြိုင်ပွဲကြီးတွင် ပရိတ်သတ် စိတ်ဝင်စားမှုအမြင့်မားဆုံးဖြစ်လာနိုင် သည့်ပြိုင်ပွဲ မှာ မြန်မာလက်ဝှေ့ပရိတ်သတ်၏ ချစ်ခင်အားပေးမှုကိုများစွာ ရရှိလျက်ရှိ သည့် အောင်လအန်ဆန်နှင့် ပိုလန်နိုင်ငံမှ တိုက်ခိုက်ရေးသမား ပတ်စတာနက်ခ်တို့၏ ယှဉ်ပြိုင်မှုပင်ဖြစ်ပါသည်။ သူတို့နှစ်ဦးအနက် ယခု ONE Championship ( STATE OF WARRIORS) တွင် အနိုင်ရရှိသူသည် လာ မည့် နှစ်ကုန်ပိုင်းတွင် ပြုလုပ်မည့် ONE Championship ပြိုင်ပွဲ၏ မစ်ဒဲလ်ဝိတ် ဗိုလ်လုပွဲ သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။
Ref ; ONE Championship ( STATE OF WARRIORS) ပြိုင်ပွဲ၏ စာနယ်ဇင်းရှင်းလင်းပွဲ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်တွင် အောင်မြင်စွာကျင်းပပြီးစီး
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။