Ads (728x90)


-
 
-
 
-

-

-

၂၀၀၂ ခုႏွစ္တြင္ ဘြန္းဆိုင္းသစ္ပင္မ်ားကဲ့သို႔ ဘြန္းဆိုင္းေၾကာင္မ်ား ျပဳလုပ္ ေရာင္းခ်ေနျပီ ျဖစ္ေၾကာင္း ဝက္ဆိုဒ္ကို လႊင့္တင္ခဲ့ပါတယ္။ တိရိစၦာန္ခ်စ္သူမ်ားအၾကား အေတာ္ေလး ဂယက္ရိုက္ခဲ့ျပီး Humane Society of the United States, Michigan Society for the Prevention of Cruelty to Animals (MSPCA), တိရိစၦာန္အခြင့္အေရး ကာကြယ္ေစာင့္ေရွာက္ေရး အဖြဲ႕အစည္းမ်ား၊ တိရိစၦာန္ခ်စ္သူမ်ား ပါဝင္ ကန္႔ကြက္မႈမ်ား ျဖစ္ေပၚခဲ့ပါတယ္။ ဝက္ဆိုဒ္ရဲ႕ ေနာက္ေၾကာင္းကို လိုက္ခဲ့ၾကျပီး MIT ရိွ Web Server မွ ထုတ္လႊင့္ေၾကာင္း ႏွင့္ MIT တကၠသိုလ္ေက်ာင္းသားမ်ား ပါဝင္ပတ္သတ္ေၾကာင္း ေတြ႕ရိွခဲ့ၾကပါတယ္။
သို႔ပါေသာ္လည္း ဝက္ဆိုဒ္တြင္ ေက်ာင္းသားမ်ား၏ အခ်က္အလက္ကို လံုးဝေဖာ္ျပခဲ့ျခင္း မရိွခဲ့ေပ။ ဘြန္းဆိုင္းေၾကာင္ေလးမ်ား(Bonsai Kitten) အေနျဖင့္ Dr. Michael Wong Chang အမည္တုကို သံုးကာ အင္တာဗ်ဴးတစ္ခ်ိဳ႕ ေျဖၾကားခဲ့ၾကပါတယ္။ "ကၽြန္ေတာ္တို႔ရဲ႕ ရည္ရြယ္ခ်က္က လူေတြကို သဘာဝတရားအတိုင္းက အေကာင္းဆံုးပဲဆိုတာကို နားလည္ေစခ်င္တာပါ။ အရိုးသားဆံုး ဝန္ခံရရင္ သည္ကိစၥမွာ တိရိစၦာန္ကာကြယ္ေရး အဖြဲ႕အစည္းေတြ အားလံုးနီးပါး ပါဝင္ ကန္႔ကြက္လာလိမ့္မယ္ မထင္ခဲ့မိပါဘူး။ ကၽြန္ေတာ္တို႔ ရည္ရြယ္ခ်က္ကို နားလည္ျပီလို႔ ထင္ပါတယ္။"
တကယ္ေတာ့ ဘြန္ဆိုင္းေၾကာင္ဆိုတာ လိွမ့္လံုးသေရာ္မႈ သတ္သတ္သာ ျဖစ္ပါတယ္။ လက္ေတြ႕မွာ ဝက္ဆိုဒ္မွာ လႊင့္တင္ထားသလို ေၾကာင္ေပါက္ေလးေတြရဲ႕အရိုးကို ဖန္ပုလင္းပံုစံအတိုင္း ပံုသြင္းလို႔ မရပါဘူး။ တိရိစၦာန္ခ်စ္သူမ်ားကို အနည္းငယ္ဂယက္ရိုက္ေစဖို႔ ရည္ရြယ္ခဲ့ၾကေပမယ့္ တိရိစၦာန္ခ်စ္သူမ်ားရဲ႕ မေက်နပ္မႈက ဆက္လက္ၾကီးထြားလာပါတယ္။ ၂၀၀၁၊ ေဖေဖာ္ဝါရီလမွာ FBI အဖြဲ႕ ပါဝင္စံုစမ္းရသည္အထိ ကန္႕ကြက္ဆႏၵျပမႈမ်ား ျဖစ္ေပၚခဲ့ပါတယ္။ FBI ရဲ႕ စံုစမ္းစစ္ေဆးမႈမ်ား အဆံုးမွာ ေၾကာင္ေလးမ်ားကို MIT ေက်ာင္းသားမ်ား အေနျဖင့္ ဘိုင္ဆိုင္းျပဳလုပ္ထားေၾကာင္း သက္ေသမရိွသလို ေရာင္းခ်မႈကိုလည္း မေတြ႕ရိွခဲ့ပါဘူး။
ၾကီးထြားလာတဲ့ ျပႆနာမ်ားႏွင့္အတူ MIT Server မွ လႊင့္တင္ထားသည့္ ဝက္ဆိုဒ္ကို ဖ်က္သိမ္းခဲ့ၾကပါတယ္။ သို႔ပါေသာ္လည္း တိရိစၦာန္ခ်စ္သူမ်ားႏွင့္ သေရာ္သူမ်ားအၾကား ေၾကာင္ႏွင့္ၾကြက္ကစားသလို ပဋိပကၡမ်ား ဆက္လက္ျဖစ္ေပၚေနဆဲပါပဲ။ bonsaikitten.com ကို တျခား Server မ်ားတြင္ ဆက္လက္တင္ခဲ့ၾကပါတယ္။ မူလ ဝက္ဆိုဒ္လိပ္စာျဖစ္တဲ့ bonsaikitten.com ဟာ ၂၀၀၇ မွစျပီး ေၾကာင္စာ ႏွင့္ တိရိစၦာန္ေဆးဝါးမ်ား ေၾကာ္ျငာသူမ်ား၏ တစိတ္တေဒသ ျဖစ္လာပါတယ္။ ၂၀၁၅၊ ဇူလိုင္လ တြင္ ျမန္မာႏိုင္ငံ၌ ဘြန္းဆိုင္းေၾကာင္ေလးမ်ား ဂယက္က တဖန္ရိုက္ခတ္လာပါတယ္။
Stacy Chan (ရိုးရာေလး)
www.yoyarlay.com
‪#‎stacy_yyl‬
‪#‎news_yyl‬
(Unicode version)
ဘွန်းဆိုင်းကြောင်လေးများ ကောလဟာလ
၂၀ဝ၂ ခုနှစ်တွင် ဘွန်းဆိုင်းသစ်ပင်များကဲ့သို့ ဘွန်းဆိုင်းကြောင်များ ပြုလုပ် ရောင်းချနေပြီ ဖြစ်ကြောင်း ဝက်ဆိုဒ်ကို လွှင့်တင်ခဲ့ပါတယ်။ တိရိစ္ဆာန်ချစ်သူများအကြား အတော်လေး ဂယက်ရိုက်ခဲ့ပြီး Humane Society of the United States, Michigan Society for the Prevention of Cruelty to Animals (MSPCA), တိရိစ္ဆာန်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အဖွဲ့အစည်းများ၊ တိရိစ္ဆာန်ချစ်သူများ ပါဝင် ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ ဝက်ဆိုဒ်ရဲ့ နောက်ကြောင်းကို လိုက်ခဲ့ကြပြီး MIT ရှိ Web Server မှ ထုတ်လွှင့်ကြောင်း နှင့် MIT တက္ကသိုလ်ကျောင်းသားများ ပါဝင်ပတ်သတ်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
သို့ပါသော်လည်း ဝက်ဆိုဒ်တွင် ကျောင်းသားများ၏ အချက်အလက်ကို လုံးဝဖော်ပြခဲ့ခြင်း မရှိခဲ့ပေ။ ဘွန်းဆိုင်းကြောင်လေးများ(Bonsai Kitten) အနေဖြင့် Dr. Michael Wong Chang အမည်တုကို သုံးကာ အင်တာဗျူးတစ်ချို့ ဖြေကြားခဲ့ကြပါတယ်။ "ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က လူတွေကို သဘာဝတရားအတိုင်းက အကောင်းဆုံးပဲဆိုတာကို နားလည်စေချင်တာပါ။ အရိုးသားဆုံး ဝန်ခံရရင် သည်ကိစ္စမှာ တိရိစ္ဆာန်ကာကွယ်ရေး အဖွဲ့အစည်းတွေ အားလုံးနီးပါး ပါဝင် ကန့်ကွက်လာလိမ့်မယ် မထင်ခဲ့မိပါဘူး။ ကျွန်တော်တို့ ရည်ရွယ်ချက်ကို နားလည်ပြီလို့ ထင်ပါတယ်။"
တကယ်တော့ ဘွန်ဆိုင်းကြောင်ဆိုတာ လှိမ့်လုံးသရော်မှု သတ်သတ်သာ ဖြစ်ပါတယ်။ လက်တွေ့မှာ ဝက်ဆိုဒ်မှာ လွှင့်တင်ထားသလို ကြောင်ပေါက်လေးတွေရဲ့အရိုးကို ဖန်ပုလင်းပုံစံအတိုင်း ပုံသွင်းလို့ မရပါဘူး။ တိရိစ္ဆာန်ချစ်သူများကို အနည်းငယ်ဂယက်ရိုက်စေဖို့ ရည်ရွယ်ခဲ့ကြပေမယ့် တိရိစ္ဆာန်ချစ်သူများရဲ့ မကျေနပ်မှုက ဆက်လက်ကြီးထွားလာပါတယ်။ ၂၀ဝ၁၊ ဖေဖော်ဝါရီလမှာ FBI အဖွဲ့ ပါဝင်စုံစမ်းရသည်အထိ ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ FBI ရဲ့ စုံစမ်းစစ်ဆေးမှုများ အဆုံးမှာ ကြောင်လေးများကို MIT ကျောင်းသားများ အနေဖြင့် ဘိုင်ဆိုင်းပြုလုပ်ထားကြောင်း သက်သေမရှိသလို ရောင်းချမှုကိုလည်း မတွေ့ရှိခဲ့ပါဘူး။
ကြီးထွားလာတဲ့ ပြဿနာများနှင့်အတူ MIT Server မှ လွှင့်တင်ထားသည့် ဝက်ဆိုဒ်ကို ဖျက်သိမ်းခဲ့ကြပါတယ်။ သို့ပါသော်လည်း တိရိစ္ဆာန်ချစ်သူများနှင့် သရော်သူများအကြား ကြောင်နှင့်ကြွက်ကစားသလို ပဋိပက္ခများ ဆက်လက်ဖြစ်ပေါ်နေဆဲပါပဲ။ bonsaikitten.com ကို တခြား Server များတွင် ဆက်လက်တင်ခဲ့ကြပါတယ်။ မူလ ဝက်ဆိုဒ်လိပ်စာဖြစ်တဲ့ bonsaikitten.com ဟာ ၂၀ဝ၇ မှစပြီး ကြောင်စာ နှင့် တိရိစ္ဆာန်ဆေးဝါးများ ကြော်ငြာသူများ၏ တစိတ်တဒေသ ဖြစ်လာပါတယ်။ ၂၀၁၅၊ ဇူလိုင်လ တွင် မြန်မာနိုင်ငံ၌ ဘွန်းဆိုင်းကြောင်လေးများ ဂယက်က တဖန်ရိုက်ခတ်လာပါတယ်။
Stacy Chan (ရိုးရာလေး)

Post a Comment

Blogger Disqus

Comment ေပးရန္ ညာဘက္ေထာင့္မွ Blogger or Facebook or Disqus ကုိႏွိပ္ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...