Ads (728x90)

ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ တစ်ခုကို KIA လက်နက်ကိုင်အင်အား ဆယ်ဦးခန့်က ဇွန်လ ၃၀ ရက် ညတွင် မီးရှို့ဖျက်ဆီးသွားသည် ဟု ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ သ တင်းရရှိသည်။

အဆိုပါမီးရှို့ဖျက်ဆီးမှုသည် တစ်လအတွင်း သုံးကြိမ်မြောက် ဖြစ်ပွားခြင်းဖြစ်ပြီး KIA မှ သူတို့အား ဆက်ကြေးမပေးတဲ့ ကုမ္ပ ဏီတွေကို လိုက်လုပ်နေခြင်း ဖြစ်သည်။


ထို့ပြင့် ထိုဒေသတွင် စီးပွားရေး လုပ်ကိုင်နေကြသော လုပ်ငန်းရှင်များကိုလည်း ဖုန်းဆက် ခြိမ်းခြောက်ကာ ငွေတောင်းခြင်း ဆက်ကြေးကောက်ခံခြင်းများကိုလည်း ပြုလုပ်လျက်ရှိနေသည်ဟု သိရှိရပါသည်။

ဖြစ်စဉ်မှာ ဖားကန့်မြို့နယ်လုံးခင်းကျေး ရွာအုပ်စုရှိ စိမ်းရတနာအောင် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ ၀င်းအတွင်း လက်နက်ကိုင်အင် အား ဆယ်ဦးခန့်က ၀င်ရောက်ကာ အကြမ်းဖက်မီးရှို့ခြင်းဖြစ်သည် ဟု ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။

''အရင်ဖြစ်ခဲ့တဲ့ နှစ်ကြိမ်အ တိုင်းပဲ။ သေနတ်ဖောက်၊ လူတွေ ၀ပ်ခိုင်း၊ ကုန်တွေကိုမီးရှို့၊ အဲဒီလို လိုက်လုပ်နေတာ။ ထင်တာက တော့ ဆက်ကြေးမပေးတဲ့ ကုမ္ပဏီတွေကို လိုက်လုပ်နေတာ''ဟု အဆိုပါရဲအရာရှိကပြောသည်။

ယခုတစ်ကြိမ်နှင့်ဆိုလျှင် ဖားကန့်မြို့နယ်အတွင်းရှိကျောက် စိမ်းကုမ္ပဏီသုံးခု ဇွန်လအတွင်း သုံးကြိမ်မြောက် အကြမ်းဖက်မီး ရှို့ဖျက်ဆီးခံရခြင်းဖြစ်သည်။ ဖား ကန့်မြို့နယ် ဆိပ်မူအုပ်စု ကောင်း စံကျေးရွာရှိ ထူးအပြည်ပြည်ဆိုင် ရာလုပ်ငန်းစု ကုမ္ပဏီနှင့် မှော် မောင်းကုန်းကျေးရွာရှိ ကြည်လဲ့ စိမ်းကုမ္ပဏီကို ဇွန်လ ၁၈ နှင့် ၂၅ ရက်က ၀င်ရောက်မီးရှို့ဖျက်ဆီး ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်တိုင်း တွင် ကုမ္ပဏီလုံခြုံရေးဝန်ထမ်း များကို သေနတ်ဖြင့်ခြိမ်းခြောက် ကာ ကုမ္ပဏီပိုင်ပစ္စည်းများကို ဓာတ်ဆီလောင်း မီးရှို့ခြင်းဖြစ် သည်ဟု ရဲတပ်ဖွဲ့အပြင် ကုမ္ပဏီ တာဝန်ရှိသူများကပါ ပြောကြား သည်။ ထူးကုမ္ပဏီ မီးရှို့ခံရသည့် ဖြစ်စဉ်ဆိုလျှင် မီးငြှိမ်းသတ်ရန်လာသည့် မီးသတ်တပ်ဖွဲ့ဝင်များ ကိုပင် လမ်းမှစောင့်ကာ တားဆီး ရိုက်နှက်ခဲ့ပြီး စကားပြောစက်များ သိမ်းယူသွားသည်အထိ အခြေအ နေဆိုးခဲ့သည်။ မီးရှို့ဖျက်ဆီးခံရမှု သုံးကြိမ်တွင် ကုမ္ပဏီပိုင်ပစ္စည်း ကျပ်သိန်းပေါင်း ၄,၅၀၀ ခန့်ဆုံးရှုံးခဲ့သည်ဟု ရဲတပ်ဖွဲ့မှတ်တမ်းများအရ သတင်းရရှိသည်။

လက်ရှိအချိန်တွင် ဖားကန့် ဒေသ၌ တပ်မတော်နှင့် နည်းမျိုးစုံဖြင့် ဆက်ကြေးကောက် ငွေညှစ် လျက်ရှိသော KIA တို့ တိုက်ပွဲဖြစ်ပွားနေပြီး ရဲတပ်ဖွဲ့ကလည်း ညစဉ် ဧည့်စာရင်း စစ်ဆေးနေကာ လုံခြုံရေးတိုးမြှင့်ထားကြောင်း သတင်း ရရှိသည်။






Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...