
ကမ္ဘာ့လူသုံးအများဆုံး လူမှုကွန်ရက်
ဖြစ်တဲ့
Facebook ဟာ သူတို့ရဲ့
အမှတ်တံဆိပ် Logo ကို ပြောင်းလဲ လိုက်ပါတယ်။
Facebook ဟာ သူတို့ရဲ့ Logo
အဟောင်းကို ၁၀ စုနှစ် တစ်ခုကြာ
အသုံးပြုခဲ့ပြီးတဲ့နောက်မှာတော့
သူတို့ Logo အသစ်ကို မသိမသာ
လေး ပြောင်းလဲခဲ့တာပဲ ဖြစ်ပါတယ်။
သူတို့ရဲ့ Logo မှာတော့ "F" ရဲ့ ပုံစံဟာ အရင်အတိုင်းရှိနေပြီး "a" ကိုတော့ အ၀ိုင်း a ပုံစံကို အသုံးပြုခဲ့ပါ
တယ်။ ကျန်တဲ့စာလုံးတွေလည်း အနည်းငယ် ပိုမို ၀ိုင်းစက်သွားပြီး စာလုံးတစ်လုံး နဲ့ တစ်လုံးကြားမှာလည်း
နေရာအလွတ်တွေ ပိုမို ရှိနေစေခဲ့တာကိုတွေ့ရပါတယ်။
ဒါဆို သူတို့ဘာလို့ Logo ကိုပြောင်းလဲလိုက်တာလည်း? အဖြေကတော့ မိုဘိုင်းလ် ဖုန်းတွေကြောင့်ပါ။
စမတ်ဖုန်းရောင်းချနိုင်မှုစာရင်းတွေအရ ဒီနှစ်မှာပဲ စမတ်ဖုန်းရောင်းချမှု ၁.၄၄ ဘီလီယံ အလုံးအရေအတွက်
ရှိနေပါပြီ။ ထို ၁.၄၄ ဘီလီယံ ရဲ့ ၈၅ ရာခိုင်နှုန်းဟာ လစဉ် Facebook ဆိုတဲ့ လူမှုကွန်ရက် ကို မိုဘိုင်းလ်
ဖုန်းတွေနဲ့ ၀င်ရောက်သုံးစွဲနေကြပါတယ်။ Facebook ဟာ ဒီနှစ်တစ်ဝက်ကို ဘဏ္ဍာငွေ ဒေါ်လာ ၃.၃၂
ဘီလီယံ ရရှိပြီးဖြစ်ပြီး ထို ငွေရဲ့ ၇၃ ရာခိုင်နှုန်းဟာ မိုဘိုင်းလ် ဖုန်းတွေမှာ ဖော်ပြတဲ့ ကြော်ငြာတွေကြောင့်
ဖြစ်တယ်လို့ သိရပါတယ်။
Facebook ရဲ့ ပါးလွှာသွားတဲ့ Logo အသစ်ဟာ မိုဘိုင်းလ်ဖုန်းတွေမှာ ဖတ်ရှုဖို့တော့လွယ်ကူသွားစေရုံတင်
မကပါဘူး ကုမ္မဏီရဲ့ ပြောင်းလဲလိုက်တဲ့ မူဝါဒတွေကိုလည်း ထင်ဟပ်စေမှာဖြစ်ပါတယ်။
ထို Logo အသစ်ရဲ့ ဒီဇိုင်းကတော့ Facebook ရဲ့ ဒီဇိုင်းအဖွဲ့နဲ့ Eric Olson ဆိုသူတို့က ပူးပေါင်းရေးဆွဲ
ထားကြတာဖြစ်တယ်လို့ သိရပါတယ်။ Facebook ၀က်ဘ်ဆိုက်ရဲ့ အပေါ်ထောင့်မှာ ဖော်ပြထားတဲ့
Favicon လို့ လူသိများတဲ့ F တံဆိပ်လေးဟာတော့ ပြောင်းလဲမှာ မဟုတ်ဘူးလို့ သိရပါတယ်။
( Mario )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : CNet
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။