Ads (728x90)


ဖလော်ရီဒါပြည်နယ် ၊ Lakeland မြို့က အင်္ဂလိပ်စာ သင်ကြားတဲ့ ကျောင်းဆရာမ တစ်ယောက်ဟာ ကျောင်းသား ၃ ယောက်နဲ့ လိင်ဆက်ဆံ ခဲ့မိတဲ့အတွက် ထောင်ဒဏ် ၂၂ နှစ်ကျခံရတော့မှာ ဖြစ်ပါတယ်။

အသက် ၃၀ အရွယ် ရှိနေပြီဖြစ်တဲ့ Jennifer Fichter ဆိုသူ ကျောင်းဆရာမ ဟာ အသက် ၁၇ နှစ်အရွယ် ကျောင်းသားတွေနဲ့ အတူ အိပ်ခဲ့ပြီး ထိုကျောင်းသားတွေထဲက တစ်ယောက်နဲ့ ကိုယ်ဝန်ရခဲ့ပါတယ်။

တရားရုံက သူမကို "မုဆိုး" အဖြစ် တင်စားသတ်မှတ်ခဲ့ညပီး သူမကို ထောင်ဒဏ်ချမှတ်ခဲ့တာပဲ ဖြစ်ပါတယ်။

သူမဟာ မျက်ရည်တွေကြားကနေသူမရဲ့ အမှုကို "ကျွန်မဒီလိုတစ်ကိုယ်ကောင်းဆန်တဲ့ပြစ်မှုမျိုးကိုမုန်းတယ်။ကျွန်မသင်တို့အားလုံးအတွက်လုံးဝမစဉ်းစားခဲ့ဘူး"လို့ သူမရဲ့ တရားလိုတွေ သိ အောင်ပြောပြခဲ့ပါတယ်။

ဒါ့အပြင် တရားရုံးကိုလည်း Fichter က "ကျွန်မအတိတ်ကိုပြန်သွားပြီးကျွန်မလုပ်ခဲ့တာတွေပယ်ဖျက်နိုင်ဖို့ဆုတောင်းတယ်" လို့ မျက်ရည်တွေကြားက ပြောပြခဲ့ပါတယ်။

တရားရုံး ရဲ့ ကြားနာစစ်ဆေးချက်တွေအရတော့ သူမဟာ ထိုကျောင်းသားလေးတွေနဲ့ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း ကဗျာဆန်တဲ့ အချစ်ဇာတ်လမ်းတွေ ဖန်တီးခဲ့တာဖြစ်ပြီး သူမကိုယ်တိုင်လည်း ထိုကျောင်းသားတွေထဲက တစ်ယောက်ရဲ့ မိခင်ကို သူမဟာ ထိုကျောင်းသားကို ချစ်နေတဲ့အကြောင်းတွေ ရင်ဖွင့်ပြောပြခဲ့ပါတယ်။

သူမဟာ ထိုဆယ်ကျော်သက် ကျောင်းသားလေးတွေနဲ့ ပါတီပွဲတွေမှာပဲ တွေ့ဆုံခဲ့တာဖြစ်ပြီး ထိုကျောင်းသားလေးတွေကို လိင်ဆက်ဆံ ဖို့အတွက် သူမရဲ့ အိမ်ကိုခေါ်သွားခဲ့တာပဲ ဖြစ်ပါတယ်။

( Mario )

သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...