Ads (728x90)



5 July 2015

ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ကော့သင်းရှုးကျေးရွာရဲ့ NLD ပါတီ ဥက္ကဋ္ဌ ဦးစောဂျော်နီကို အမည်မသိတဲ့ သေနတ်သမားတွေက ၀င်ရောက်ပစ်ခတ်လုပ်ကြံခဲ့တယ်ဆိုတဲ့ သတင်းဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ တိုင်းရင်းသားဒေသတွေမှာပါ နေရာလပ်မကျန်ဝင်ပြိုင်မယ်ဆိုတဲ့ NLD ဗဟို အတွက်တော့ သွေးပျက် စရာဖြစ်သွားခဲ့ပါတယ်။

ဦးစောဂျော်နီဟာ ကရင်လူမျိုးစစ်စစ်တစ်ဦးဖြစ်ပြီး NLD ပါတီရဲ့ စည်းရုံးရေးလုပ်ငန်းတွေ
အပါအ၀င်၊ ကျေးရွာပတ်ဝန်း ကျင်က လယ်မြေကိစ္စတွေ၊ မှတ်ပုံတင်ကိစ္စတွေမှာ ၀င်ရောက်ရှုပ်ထွေးပြော
ဆိုမှုတွေရှိနေတာကြောင့် မကျေနပ်သူ တစ်ချို့က လုပ်ကြံခဲ့တာဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုမှု
တွေလည်းရှိပါတယ်။

NLD ပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ တိုင်းရင်းသားဝန်ကြီးနေရာတွေအပါအ၀င် တစ်နိုင်ငံလုံးမှာရှိတဲ့ မဲဆန္ဒနယ် အားလုံးကို ၀င်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ သို့ပေမယ့်လည်း တိုင်းရင်းသားဒေသတွေမှာ NLD ပါတီကို ယုံကြည်မှုအမှန်တကယ်ရှိရဲ့လား၊ NLD ကို တိုင်းရင်းသားတွေက အမှန်တကယ် လေးစားချစ်ခင်ရဲ့လား ဆိုတဲ့ မေးခွန်းတွေကတော့ ရှိနေဆဲပါ။ ထို့အတူပဲ တိုင်းရင်းသား ဒေသအားလုံးမှာ ၀င်ရောက်ယှဉ်ပြိုင်မယ်ဆိုတဲ့ NLD ရဲ့သတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီးတော့လည်း တိုင်းရင်းသားတွေရဲ့ ဝေဖန်မှုတွေ၊ ရှုတ်ချမှုတွေ မြင့်တက်လာတာ ကိုလည်း
တွေ့မြင်ရမှာဖြစ်ပါတယ်။

တိုင်းရင်းသားတွေအနေနဲ့ NLD အပေါ်ထားရှိတဲ့ ရှုမြင်မှုဟာ အားရစရာတော့မရှိလှပါဘူး။ ယခင်ကတည်းက အစာ မကြေခဲ့တဲ့ မကျေနပ်ချက်တွေဟာ ၂၀၁၅ နီးကပ်လာတာနဲ့အမျှ ပိုမိုပြီးဆိုးရွားလာတာကိုတွေ့မြင်လာရတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကြားဖြတ်ရွေး
ကောက်ပွဲ အနိုင်ရရှိပြီးချိန်မှစလို့တိုင်းရင်းသားဒေသတွေမှာ စည်းရုံးမှု တွေပြုခဲ့ပေမယ့် တိုင်းရင်းသားတွေနဲ့ NLD တို့ရဲ့ ဆက်ဆံရေးဟာ တိုးတက်လာခြင်းတော့ မရှိခဲ့ပါဘူး။ ဆုတ်ယုတ် လာတယ်လို့ ပြောရင်တောင် ပိုပြီးတော့မှန်ကန်ပါလိမ့်မယ်။ ဒါဟာလည်း NLD အနေနဲ့ တိုင်းရင်းသားတွေကို အမှန် တကယ် စေတနာထားခြင်းမဟုတ်ဘဲ စည်းရုံးမှုသက်သက်သာလုပ်နေခြင်းကြောင့်လို့ တိုင်းရင်းသား
ခေါင်းဆောင်များ ဘက်က ဝေဖန်သုံးသပ်ခဲ့ကြပါတယ်။

NLD နဲ့ပတ်သက်လာရင် တစ်ချို့တိုင်းရင်းသားဒေသတွေမှာ ခါးခါးသီးသီး ဖြစ်နေဆဲကိုမြင်တွေ့နေရပြီး ယခင်က NLD ကိုထောက်ခံယုံကြည်ခဲ့ကြတဲ့ တိုင်းရင်းသားတွေတောင် NLD နဲ့ ဝေးရာဆီကိုရောက်ရှိ
လာခဲ့တာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်ဝန်းကျင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ် ခရီးစဉ်တစ်ခုမှာ ဗမာတွေဟာ လူမျိုးကြီး ၀ါဒတွေကျင့်သုံးနေတယ်လို့ ပြောပြီး ဗမာနဲ့ ချင်းကို ရန်တိုက်ပေးခဲ့တာကြောင့် အသိဥာဏ်ရှိတဲ့ ချင်းလူမျိုးတွေဟာ NLD ပါတီရဲ့ ပြောဆိုချက်၊ ရပ်တည်ချက်တွေကို အံ့သြရှုတ်ချခဲ့ပြီး အဲဒီခရီးစဉ်နောက်ပိုင်းမှာ ချင်းပြည်နယ်မှာရှိတဲ့ NLD ပါတီ ၀င် ထောင်နဲ့ချီပြီး နှုတ်ထွက်ခဲ့ကြဖူးပါတယ်။

ထို့အတူပဲ ၂၀၁၃ ခုနှစ် မတ်လအတွင်းကလဲ NLD ဗဟိုညီလာခံကျင်းပနေစဉ်မှာပဲ ကယားပြည်နယ်က NLD ပါတီဝင် တစ်သောင်းကျော် နှုတ်ထွက်ခဲ့ဖူးပါတယ်။ ဒါတွေက တိုင်းရင်းသားတွေနဲ့ NLD တို့ရဲ့ ကြီးမားတဲ့ လမ်းခွဲမှတ်တမ်းတွေ ဖြစ်ခဲ့ ပါတယ်။

NLD ပါတီနဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ ဆက်ဆံရေးကတော့ ယခုထက်ထိကို ဆိုးဆိုးရွားရွား
ပြတ်တောက်နေဆဲ ဖြစ်ပါ တယ်။ ၂၀၁၂ ခုနှစ်မှာ ရခိုင်အမျိုးသမီး မသီတာထွေးကို ဘင်္ဂလီသုံးဦးက ရက်ရက်စက်စက်မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ရာမှ စတင်ခဲ့တဲ့ အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂလီတွေဘက်ကနေ ပြတ်ပြတ်သားသား ရပ်တည်ပြခဲ့တာ ကြောင့် ရခိုင်လူမျိုးတို့ရဲ့ရင်ထဲမှာ NLD ဆိုတာနဲ့ နာကျင်စွာခံစားနေရဆဲဖြစ်ပါတယ်။ ရခိုင်လူငယ်များစုစည်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ
့နေအိမ်ရှေ့မှာ ဆန္ဒြုပခဲ့ကြတဲ့အထိ NLD နဲ့ ရခိုင်တိုင်းရင်းသားတို့ဆက်ဆံရေးက တင်းမာခဲ့ ကြတာဖြစ်ပါတယ်။

ကရင်လူမျိုးများနဲ့ NLD ဆက်ဆံရေးကလည်း ဆိုးဆိုးရွားရွားရှိနေဆဲပါ။ ၂၀၁၃ နှစ်ဆန်းပိုင်းက
ကော့ကရိတ် NLD ပါတီမှ နာယက နှစ်ဦးနှင့် ဥက္ကဋ္ဌ နှစ်ဦးအပါအဝင် ပါတီဝင် ၂၀ ကျော်နှုတ်ထွက်
ခဲ့ကြတာက NLD နဲ့ ကရင် တိုင်းရင်းသား တို့ရဲ့ ဆက်ဆံမှုသရုပ်ဖြစ်ခဲ့ရပါတယ်။ ထို့အတူပဲ ၂၀၁၅ မတ်လအတွင်းက ကရင်ခေါင်းဆောင် စောမူတူးစေးဖိုးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်
တွင်တွေ့ဆုံခဲ့စဉ်ကလည်း စောမူးတူးစေးဖိုးကို NLD ဥက္ကဋ္ဌ က အိမ်အောက်မှာ မတ်တပ်ရပ်ခိုင်းပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းစေခဲ့တဲ့ပုံရိပ်တွေဟာ ကရင်လူမျိုးတွေအတွက် ရင်နာစရာဖြစ်ခဲ့ ရပါတယ်။

မွန်ပြည်နယ်လူထုအနေနဲ့ကလည်း NLD နဲ့ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်မှုကင်းဝေး
လာတာကိုမြင်တွေ့လာရပါ တယ်။ ၂၀၁၅ ခုနှစ် မေလအတွင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွန်ပြည်နယ်
ခရီးစဉ် ဟောပြောပွဲမှာ လာရောက် နားထောင်သူ ၂၀၀ ပင်မပြည့်ခဲ့တာကလည်း မွန်တိုင်းရင်းသားတို့ရဲ့ NLD အပေါ်ထားတဲ့ သဘောထားကို ပြသသလို ဖြစ်ခဲ့ရပါတယ်။

ရှမ်းပြည်နယ်တွင်လည်း NLD အပေါ် ရှမ်းတိုင်းရင်းသားတွေအနေနဲ့ အကျိတ်အခဲဖြစ်နေဆဲပါ။ ၂၀၁၄ ခုနှစ်အတွင်းက အကြမ်းဖက်ဖောက်ခွဲသူတွေအဖြစ် သံယသရှိတဲ့အတွက် အစိုးရက တောင်ကြီးမြို့မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ မွတ်စလင် ၂၀ ကျော်ကို ပြန်လွှတ်ပေးဖို့အတွက် ရှမ်းပြည်နယ် NLD ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုး က အားသွန်ခွန်စိုက် ကြိုးပမ်း ပေးနေတာကြောင့် NLD အပေါ် ရှမ်းတိုင်းရင်းသားတွေ ရွံရှာမုန်းတီးနေဆဲဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားတွေဘက်က ဝေဖန် ပြောဆိုခဲ့ပါတယ်။

ယခုအခါမှာ NLD ရပ်ကျေးဥက္ကဋ္ဌတစ်ဦး တိုင်းရင်းသားဒေသမှာ ပစ်ခတ်လုပ်ကြံခံခဲ့ရတာ
ကိုကြည့်မယ်ဆိုပါက NLD နဲ့ တိုင်းရင်းသားတွေရဲ့ဆက်ဆံမှုဟာ စိုးရိမ်စရာကောင်းလောက်အောင် ဆိုးရွားလာပြီလို့ သုံးသပ်ရမှာဖြစ်ပါတယ်။ ယခုလို တိုင်းရင်းသားစစ်စစ်ပါတီဝင်တစ်ဦးကိုပင် ဒေသခံတွေက မကျေနပ်ဘူးဆိုလျှင် ရွေးကောက်ပွဲအတွက် ဖုတ်ပူမီးတိုက် ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်လောင်း
တွေအနေနဲ့ တိုင်းရင်းသားဒေသတွေ ယှဉ်ပြိုင်ဖို့ဆိုသည်မှာ အလွန်ခက်ခဲတဲ့ အနေအထားဖြစ်ကြောင်း NLD အနေနဲ့ နားလည်ဖို့သင့်ပါတယ်။

ဒါ့ကြောင့် ယခင်ကတည်းက လုပ်ဆောင်ရမယ့် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စများကို လျစ်လျူရှုခဲ့ခြင်း၊ တိုင်းရင်းသား ပါတီများကို အလေးမထားခဲ့ခြင်း၊ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုစစ်စစ်ကိုမရရှိခဲ့ခြင်း
တွေက ၂၀၁၅ မှာ တိုင်းရင်းသား ဒေသတွေအားလုံးကို ၀င်ရောက်ယှဉ်ပြိုင်မယ့် NLD အတွက်တော့ အကြီးမားဆုံးအဖုအထစ်ဖြစ်လာနိုင်တယ်လို့သာ သုံးသပ်မိပါတယ်။

နန္ဒကျော်စွာ

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...