Ads (728x90)



Facebook မှာ The Ginger လို့အမည်ရတဲ့ Page ကနေပြီးတော့ ကုန်းကျော်တံတားများပေါ်မှာ ကုန်းကျော်တံတား ထပ်ဆောက်မယ့် သတင်းရော၊ ဦးဇော်ဇော်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ဥက္ကဌ ရာထူးအတွက် ခေါ်တယ်တွေရော အစရှိသဖြင့် သတင်းပေါင်းမြောက်များစွာ ရေးသားခဲ့ပါတယ်။ များသောအားဖြင့်က အမှားတွေပါ။ သူ့အနေနဲ့ Sattire, သရော်စာလို့ ဆိုပေမယ့် သူ့ရဲ့ သရော်မှုက လူတွေရဲ့ ပညာနည်းမှုအပေါ်မှာ အခွင့်ကောင်းယူ အသုံးချမှု ဆန်သွားပါတယ်။ ဒီတော့ အင်တာနက်ပေါ်မှ သတင်းများကို ယုံကြည်ရန် မယုံကြည်ရန် ဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။

Facebook ကိုမယုံပါနဲ့

Facebook ဆိုတာ လူတိုင်း သတင်းရေးသား၊ ဖြန့်ဝေနိုင်တဲ့ နေရာတစ်ခုလို ဖြစ်နေပါတယ်။ ယင်းကဲ့သို့ ရေးသားမှုအတွက်လည်း တားမြစ်ချက်များ မရှိပါဘူး။ စိစစ်စစ်ဆေးသူများလည်း မရှိတာကြောင့် Facebook ပေါ်ရှိ content များဟာ အပြည့်အဝ ယုံကြည်လို့ မရပါဘူး။ မိမိအနေနဲ့ Facebook က content ကို ယုံကြည်ရန် စားသုံးပြီဆိုရင်တောင် စိတ်ချရတဲ့ Page တွေကနေပဲ၊ Account တွေကနေပဲ ယူစေချင်ပါတယ်။ Verified page system ရှိပေမယ့် မြန်မာပြည်မှာ ယင်း feature ကို အချို့မီဒီယာ အမှန်များက အသုံးချခွင့်မရသေးပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် Elevel Media Group, 7Days Daily, YoYarLay တို့ရဲ့ Facebook Page များက ယုံရပါတယ်။

ဝဘ်ဆိုဒ်ကို ဝင်ကြည့်တဲ့ အလေ့အထ ရှိပါ

ဝဘ်ဆိုဒ်တွေဆီကနေ သတင်း ဖတ်ရှုတဲ့ အလေ့အကျင့် ကို ပြုလုပ်စေချင် ပါတယ်။ သတင်း ဝဘ်ဆိုဒ်ဆိုရင်လည်း မိမိယုံကြည်ရတဲ့ သတင်းဆိုဒ်များကို ရွေးချယ်တတ်ရန် လိုအပ်ပါတယ်။ ဥပမာ Eleven, 7Days Daily, Myanmar Times တို့ကနေ နိုင်ငံရေး သတင်း၊ နည်းပညာ အတွက် Myanmar Mobile App, နည်းပညာ ဘလော့ဂ်အတွက် ဝင်းကမ္ဘာကျော်, အိမ်ခြံမြေအတွက်ဆိုရင် iMyanmarHouse အစရှိသဖြင့် ဝဘ်ဆိုဒ်များစွာ ရှိနေပါတယ်။

Google Search မှာလည်း စစ်ဆေးနိုင်

Google Search ကနေလည်း မိမိ မယုံကြည်တဲ့ ပုံမျိုး၊ စာမျိုးတွေကို ထည့်ပြီးတော့ တကယ် အစစ်အမှန်ဟုတ်မဟုတ် ဆိုတာ စစ်ဆေးလို့ ရပါတယ်။ အချို့ဆိုရင် မြွှေခေါင်းငါးလုံးတို့ ဘာတို့ လုပ်တတ်ကြ ပါတယ်။ အဲ့ဒါမျိုးတွေ၊ ပြီးတော့ မဆီမဆိုင် အကြမ်းဖက်ပုံတွေကို ရှာဖွေ သိရှိနိုင်မှာ ဖြစ်ပါတယ်။

အထပ်ပါ နည်းလမ်းသုံးသွယ်ကို အသုံးပြုပြီးတော့ သတင်းတစ်ခုမှန်မမှန်ကို စစ်ဆေးနိုင်မယ်လို့ ယုံကြည်ပါတယ်။

Aung Ko Htet , Aung Kham

Ref : http://mmitknowledge.com/


Droid ချစ်သူ နှင့် အခြား ဘလော့(စ်)မှ နည်းပညာများ ရယူလိုလျှင်
 LIKE လုပ်ပေးခြင်းဖြင့် ရယူနိုင်ပါတယ်။ LIKE လုပ်ချင်က https://www.facebook.com/DroidChitThu မှာ LIKE လုပ်ပေးခြင်းဖြင့် အားပေးနိုင်ပါတယ်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...