Ads (728x90)


 
 မြေဈေးနှုန်းများ ၂၀၁၅ နှစ်ဆန်းမှစတင်၍ ကျဆင်းမည်ဟု သတင်းများထုတ်လွှင့်ကာ ရန်ကုန်မြို့အနီးရှိ လယ်မြေများကို ငွေထုပ်ပိုက်လိုက်ဝယ်နေကြောင်း သတင်းရရှိသည်။
‘‘သူတို့က ဒီလိုပြောပြီး လိုက် ဝယ်တော့ ရွာထဲက သူတွေက လန့်ပြီးရောင်းနေကြတယ်’’ ဟု ရန်ကုန်တိုင်းဒေသကြီး မှော်ဘီ မြို့နယ်နေ လယ်သမားတစ်ဦးက ပြောကြားသည်။
ယင်းကဲ့သို့ ကောလာဟလ များလွှင့်ပြီး လယ်မြေများကို ငွေထုပ်ပိုက် လိုက်ဝယ်မှုများမှာ နေရာ အတော်များများတွင် ရှိနေ ကြောင်း အိမ်ခြံမြေအကျိုးဆောင် များထံမှ စုံစမ်းသိရသည်။
‘‘ကောလာဟလတွေက တကယ်မှန်မှန်လာတော့ လူတွေ ကယုံကြတယ်’’ဟု မဏ္ဍိုင်အိမ်ခြံ မြေအကျိုးဆောင် ကုမ္ပဏီမှ ဦးသန်းဦးက ပြောကြားသည်။
မြန်မာနိုင်ငံတွင် အိမ်မြေ ဈေးများမှာ လွန်စွာမြင့်မားနေပြီး ဈေးကစားလိုသူများသည် လယ် ယာမြေများဘက်သို့ပါ ခြေလှမ်း လှည့်လာကြသည်။ ယင်းအခြေ အနေတွင် အကန့်အသတ်များစွာရှိသော လယ်မြေများ၏ ဈေးနှုန်းများ ကျဆင်းမည်ဆိုသည်မှာ မဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်း ဥက္ကဋ္ဌဒေါက်တာစိုးထွန်းက ပြော ကြားသည်။
မြန်မာနိုင်ငံတွင် အိမ်ခြံမြေ ဈေးနှစ်စဉ် ကြီးထွားလျက်ရှိပြီး ယင်းကို အခွင့်ကောင်းယူကာ မြေ ကစားမှုများကြောင့် ပိုက်ဘော မိသွားသူများလည်း မကြာခဏ ကြားနေရသည်။
ရန်ကုန်မြို့ တစ်ဖက်ကမ်းတွင် တည်ထောင်ရန် စီစဉ်ခဲ့သော မြို့သစ်စီမံကိန်း၌ သတင်းကြိုသိခဲ့ရသူများသည် အခွင့်ထူးများရခဲ့ပြီး စီမံသတင်းထွက်လာမှ လိုက်ဝယ်သူများအနေဖြင့် များစွာနစ်နာရကြောင်း ဦးသန်းဦးက ပြောသည်။
လုပ်ငန်းရှင်များ၊ မြေကစား သူများသည် မြို့ပြင်စီမံကိန်းများ များသာမက ကျေးလက်ဒေသ လယ်ယာမြေများကိုပါ ရင်းနှီးမြှုပ် နှံပြီး ဈေးတက်အောင်ပြုလုပ်၍ ဈေးဝင်ကစားခြင်းကြောင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ထိခိုက်မည်ကိုစိုးရိမ်ရကြောင်း ဒေါက်တာစိုးထွန်းက ပြောကြားသည်။
လယ်ယာမြေနှင့်ပတ်သက် ၍ ဥပဒေ၊ နည်းဥပဒေများတွင် လယ်ယာမြေ လုပ်ပိုင်ခွင့်ငှားရမ်းခြင်းနှင့် ပေါင်နှံမှုများပြုလုပ်ရ သော်လည်း တရားဝင်ရောင်းချ ခွင့်မရှိပေ။
ထို့အပြင် လယ်ယာမြေကို စိုက်ပျိုးရေးလုပ်ငန်းအတွက်သာ အသုံးပြုရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
သို့သော် လယ်ယာမြေများ ကို စိုက်ပျိုးရေးမှအပ အခြား သောလုပ်ငန်းများပြောင်းလဲလုပ် ကိုင်ရန် လက်လွှဲရောင်းချခြင်းကို ဥပဒေအရ ခွင့်မပြုသော်လည်း ဒေသအာဏာပိုင်များ ခွင့်ပြုချက် ဖြင့် စက်သုံးဆီဆိုင်များအပြိုင် အဆိုင်တည်ဆောက်နေမှုများရှိ နေကြောင်း စီးပွားရေးလုပ်ငန်းရှင် များက ပြောကြားသည်။
လက်ရှိအိမ်ခြံမြေဈေးကြီး ခြင်းသည် တစ်နိုင်ငံလုံးမှ ခိုင်မာ သည့် စီးပွားရေး လုပ်ငန်းတစ်ခု အဖြစ် အိမ်ခြံမြေပေါ် စုပြုံဝင် ရောက် ရင်းနှီးမြှုပ်နှံမှုကြောင့်ဟု အိမ်ခြံမြေ အကျိုးဆောင်များက ဆိုကြသည်။
နိုင်ငံတစ်နိုင်ငံတွင် အိမ်ခြံ မြေကဲ့သို့ စီးပွားရေးတစ်ခုတည်း သာ ကောင်းမွန်နေပြီး ရင်းနှီးမြှုပ် နှံသူများပြားနေပါက ရေရှည်တွင် အဆိုပါနိုင်ငံ၌ စီးပွားရေးကပ် ဆိုက်လေ့ရှိကြောင်း Finicial Time သတင်းစာမှ စီးပွားရေး သတင်း ရေးသားနေသူ အယ်ဒီ တာ ဂရေဟမ်ပူးက သုံးသပ်ပြောကြားထားသည်။
ဈေးကွက်စီးပွားရေး သဘောအရ ဈေးကွက်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များ တစ်ပြေးညီဖြစ်ရန် လိုအပ်ပြီး လက်ရှိမြေဈေးကစားသူများတွင် သတင်းကြိုတင်သိမှု၊ မသိမှုဖြင့် ရှုပ်ထွေးနေကြောင်း စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောသည်။
7day daily

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...