Ads (728x90)


ဦးတေဇ ကို ၁၉၆၄ ခုနှစ်ဇူလိုင် ၁၈ ရက်နေ့ မှစတင်မွေးဖွားခဲ့တာပါ။ ခုဆိုရင်တော့ အသက် ၅၀ ကျော် ရှိပြီဖြစ်ပါတယ် ။

ဦးတေဇ ဟာ ဗမာလူမျိုးဖြစ်ပြီး ထူးကုမ္ပဏီများအုပ်စုရဲ့ ဥက္ကဌလည်းဖြစ်ပါတယ်။ ဦးတေဇ ကို နိုင်ငံတော်က သီရိပျံချီဘွဲ့ ကိုပေးအပ်နှင်းထားတာပါ။

ဇနီးကတော့ ဒေါ်သီတာဇော်ဖြစ်ပြီး သားသမီးစုစုပေါင်း ၃ ဦး ရှိပါတယ်။ သားတွေကတော့ ပြည့်ဖြိုးတေဇ၊ ထက်တေဇ နဲ့ သမီးဖြစ်သူ ရေချယ်တေဇ တို့ ဖြစ်ပါတယ်။ ဦးတေဇရဲ့မိဘတွေက အဘ ဦးမြင့်ဆွေနဲ့  အမိဒေါ်အုံးတို့ ဖြစ်ပါတယ်။မွေးချင်း ညီအကိုတစ်ယောက်ရှိပြီး ဦးသီဟလို့ အမည်ရပါတယ်။

ဦးတေဇဟာ နိုင်ငံတော်ခေါင်းဆောင်ဟောင်းဦး သန်းရွှေနှင့်အလွန်နီးကပ်တဲ့ ဆက်ဆံရေးရှိသူတစ်ဦးလည်းဖြစ်ပါတယ် ။ ဦးတေဇဟာ Forbes Asia မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ဖော်ပြခြင်းခံရတဲ့ ပထမဆုံး မြန်မာလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်ပါတယ်။


ဦးတေဇ ကို ရန်ကုန်မှာဘဲမွေးဖွားခဲ့ပြီး အဖေကတော့ တပ်မတော်က အငြိမ်းစားအရာရှိတစ်ဦးဖြစ်ပါတယ်။ သူဟာမွေးချင်း ၆ ယောက်ထဲမှာအထွေးဆုံး ဖြစ်ပါတယ်။သူဟာ ၁၉၈၂ ခုနှစ်မှာရ န်ကုန် TTC ကျောင်းကနေ ၁၀ တန်းအောင်ပြီး DSA ကိုတက်ရောက်ခဲ့ပါတယ်။ ဒါပေမယ့်သူဟာ တတိယနှစ်မှာတော့ DSA ကနေထွက်ခဲ့ပါတယ်။ သူဟာ ကြို့ ပင်ကောက်ဇာတိဖြစ်တဲ့ဒေါ်သီတာဇော်နဲ့  နှစ်ဖက်မိဘတွေ တားတဲ့ကြားထဲကနေ လက်ထပ်ခဲ့ကြပါတယ်။

ဦးတေဇရဲ့ အဓိကစီးပွားရေးလုပ်ငန်းအင်အားစုတွေက ထူးကမ္ပဏီများအုပ်စုနဲ့ Air Bagan လေကြောင်းလိုင်းတို့ ဖြစ်ပါတယ်။ Air Bagan လေကြောင်းလိုင်းဟာ မြန်မာနိုင်ငံရဲ့ပထမဆုံးပုဂ္ဂလိကပိုင်လေကြောင်းလိုင်းဖြစ်ပါတယ်။

၂၀၀၆-၂၀၀၇ မှာထူးအုပ်စုဟာ နိုင်ငံတော်ရဲ့ကျွန်းသစ်တင်ပို့ ရောင်းချတဲ့အခန်းမှာပါဝင်လာကြပြီး အမြတ်အမေရိ ကန်ဒေါ်လာ ၆၅.၁ မီလျီယံရရှိခဲ့ပါတယ်။ ထူးကုမ္ပဏီများအုပ်စုကို ၁၉၉၀ နှစ်ဦးပိုင်းမှာ စတင်တည်ထောင်ခဲ့ပြီး သစ်ထုတ်လုပ်ရေးလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ပါတယ်။

Ref : Eleven Media Group

Ref : Eleven Media Group
Ref : Eleven Media Group


Ref : Eleven Media Group


Ref : Eleven Media Group
မြန်မာပြည်မှာ သစ်ထုတ်လုပ်ငန်း လုပ်ကိုင်သူ လုပ်ငန်းရှင် ၁၀၀ ကျော်ရှိခဲ့ပေမယ့်  သူ့ ထက် သစ်ထုတ်လုပ်မှု ပိုမိုများပြားသူတွေက နာမည်ဆိုးမထွက်ပဲ သူတစ်ယောက်ထဲသာ မြန်မာပြည်က သစ်တွေကို တစ်ဦးတည်းထုတ်ခွင့်ရခဲ့သူ မြန်မာပြည်ကသစ်တောတွေပြုန်းတီးအောင်လုပ်ဆောင်ခဲ့သူလို့  လူသိများ ထင်ရှားခဲ့ပါတယ်။

အခြားသူတွေဟာ သိုသိုသိပ်သိပ်နဲ့  နာမည်မထွက်အောင်နေခဲ့ကြပေမယ့် ဦးတေဇကတော့ မည်သူမှ သစ်မထုတ်ရဲသည့် အညိုရောင် အမဲရောင်နယ်မြေတွေဖြစ်တဲ့ လက်နက်ကိုင်တွေကြီးစိုးရာ နယ်စပ်တွေမှာ အခြား အိမ်နီးခြင်းနိုင်ငံက သစ်ခိုးထုတ်နေသူတွေလက်ထဲကနေ သွားရောက်ထုတ်ယူပေးနိုင်ခဲ့လို့  အစိုးရပိုင်းကလူကြီးတွေသဘောကျခဲ့သလို သစ်ထုတ်လုပ်သူ လုပ်ငန်းပြိုင်ဘက်တွေကြားထဲမှာပါ ထင်ရှားကြော်ကြားခဲ့သူတစ်ဦးပါ။  သစ်ထုတ်လုပ်မှုအများဆုံးလုပ်တဲ့သူတွေနဲ့ အတူ စစ်အစိုးရနဲ့ သစ်တောရေးရာပိုင်းကလူတွေကပါ သူတို့ ဆီလာလာမယ့်လက်ညှိုးတွေကို လမ်းကြောင်းပြောင်းပေးခဲ့ပြီး သစ်ထုတ်လုပ်မှုတွေကို မြန်မာပြည်မှာ ထူးကုမ္ပဏီနဲ့  ဦးတေဇ တစ်ဦးတည်း လုပ်ခဲ့သယောင် ၀ိုင်းဝန်းလုပ်ကြံခဲ့ကြပါတယ်။

 ဒါကြောင့်လည်း မြန်မာတစ်ပြည်လုံးက မြန်မာပြည်သူ ပြည်သားတွေ သိရှိထားတာက သစ်တောတွေပြောင် တောင်တွေကတုံးဖြစ်ရတဲ့တရားခံဟာ ထူးကုမ္ပဏီနဲ့ ဦးတေဇကြောင့်လို့ သာ ယနေ့ ထက်ထိတိုင် ထင်မှတ် မှားနေခဲ့ကြပါတော့တယ်။

ထူးကုမ္ပဏီများအုပ်စုဟာ ဆောက်လုပ်ရေး, ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ မိုဘိုင်းဖုန်းလုပ်ငန်း စတဲ့လုပ်ငန်းတွေလည်း လုပ်ကိုင်နေပါတယ် ။

 ဦးတေဇဟာ ဘဏ်လုပ်ငန်းတွေကိုစတင်လုပ်ကိုင်လာပြီး ၂၀၁၀ မှာ Asia Green Development Bank ကိုတည်ထောင်ခဲ့ပါတယ်။ ဒါပေမယ့်မကြာခင်မှာဘဲအမေရိကန်အစိုးရက ဘဏ်ကို စီးပွားရေးပိတ်ဆို့  ဒဏ်ခတ်ခဲ့ပါတယ်။၂၀၁၇ ခုနှစ်မှာတော့ အမေရိကန်အစိုးရကပြစ်ဒဏ်ကိုပယ်ဖျက်ပေးခဲ့ပါတယ်။


ဦးတေဇဟာ စစ်အစိုးရလက်ထက် နိုင်ငံတကာက ပိတ်ဆို့ မှုတွေကြောင့် စစ်လက်နက်များဝယ်ယူဖို့  အခက်အခဲရှိနေတဲ့အချိန်ကာလမှာ ရုရှားအစိုးရဆီကလက်နက်တွေကို မြန်မာစစ်တပ်ကရရှိဖို့  ကူညီခဲ့သူလည်းဖြစ်ပါတယ်။ ဦးတေဇရဲ့ Air Bagan လေကြောင်းလိုင်းဟာ Yangon United ရဲ့ အဓိက Sponsor ဖြစ်ပြီး သားဖြစ်သူဟာ အဆိုပါဘောလုံးအသင်း ရဲ့အမှုဆောင်ချုပ်ဖြစ်ပါတယ်။

ဦးတေဇဟာ ထူးဖောင်ဒေးရှင်းကို၂၀၀၈ ခုနှစ် မေလ ၅ ရက်နေ့ မှာ စတင် တည်ထောင်ခဲ့တာပါ။ သူတို့ အဖွဲ့  တွေဟာ နာဂစ် မုန်တိုင်းဒဏ်သင့်တဲ့ ဘိုကလေးမြို့ နယ်တွေမှာအရေးပေါ်အကူအညီတွေပေးခဲ့ကြပါတယ်။ အဲ့ဒီဒေသပြန်လည်ထူထောင်ဖို့ အတွက်လည်း အမေရိကန်ဒေါ်လာ၈သန်း လှုဒါန်းခဲ့ပြီး ယနေ့ ထက်ထိ Htoo Foundation အမည်ဖြင့် မြန်မာပြည်အနှံ့ အပြားရှိ လိုအပ်လျှက်ရှိသည့် အရာများကိုဖြည့်ဆည်းပေးနေပြီး ပရဟိတလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်လျှက်ရှိပါသည်။

#StoryofUTayZa
#Toptenteam

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...