Ads (728x90)


 
အီဘိုလာရောဂါဟာ အာဖရိက နဲ့ ကူးသန်းနေတဲ့ တရုတ်အလုပ်သမားတွေ ကြောင့် တရုတ်နိုင်ငံကို ပျံ့နှံ့သွားနိုင်တယ်လို့ အီဘိုလာ ဗိုင်းရပ်စ် နဲ့ ပတ်သက်ပြီး လေ့လာမှုတွေလုပ်ရာမှာ ကူညီနေတဲ့ သိပ္ပံပညာရှင်တစ်ဦး ကဆိုပါတယ်။
လန်ဒန် ဆေဒတက္ကသိုလ် မှ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Peter Piot ရဲ့ ပြောကြားချက်အရ တရုတ်နိုင်ငံ ဟာ အီဘိုလာရောဂါ ပျံ့နှံ့ ရန်အလွယ်ကူဆုံးဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Peter Piot က တရုတ်နိုင်ငံက ပြည်သူ့ဆေးရုံတွေရဲ့ အရည်အသွေးဟာ အရမ်းနိမ့်ကျနေတယ်လို့ဆိုပါတယ်။
သို့သော်လည်း တရုတ် နိုင်ငံ ရဲ့ ကူးစက်ရောဂါတွေ အတွက် ကူးစက် ရောဂါ ကာကွယ်တဲ့ အဆင့် ဟာ မြင့်တက်လာတာကိုတော့ တွေ့ရှိရပါတယ်။ ၂၀၀၂ ခုနှစ်ကလည်း တရုတ်နိုင်ငံ တောင်ပိုင်းမှာ SARS ရောဂါ ကို ချေမှုန်းနိုင်ခဲ့ပါတယ်။ တစ်ဖက်နိုင်ငံတစ်ခုဖြစ်တဲ့ ဂျပန်နိုင်ငံ ရဲ့ ပြည်သူ့ဆေးရုံတွေကတော့ အပြည်ပြည်ဆိုင်ရာ အဆင့်မှီ ပြီး ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အီဘိုလာရောဂါ ကို တိုက်ခိုက်ချေမှုန်းရာမှာ အကူအညီတွေ ပိုပြီးလိုအပ်ပါတယ်။ အီဘိုလာရောဂါ ဟာ သာမန်ကူးစက်ရောဂါ တစ်ခု မဟုတ်ပါဘူး။
Ref:dailymail.co.uk
Trend Myanmar

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...