Ads (728x90)


ဗြိတိန်တွင် အမျိုးသမီး သူငယ်ချင်းနှစ်ဦးမှာ ဘားဆိုင် တစ်ဆိုင်သို့ သွားရောက် ကြစဉ် ယှဉ်တွဲလျက် ရိုက်ကူးခဲ့သည့် selfie ဓာတ်ပုံ နောက် ဖက်၌ လှောင်ရယ် နေသည့် တစ္ဆေသဏ္ဍန် ပုံရိပ်ပါလာ သဖြင့် ကြောက်လန့် တုန်လှုပ်သွား ကြသည်။
GhostPhoto
ဗစ်တိုးရီးယား ဂရီးစ်နှင့် ကယ်လီ အက်ကင်ဆန်တို့ နှစ်ဦး ညနေခင်း အားလပ်ချိန် ဘားဆိုင် တစ်ဆိုင်သို့ အပျော် သွားရောက်ချိန်က ရိုက်ကူး ခဲ့ သည့် selfie တွင် အသက်ကြီးကြီး အမျိုးသမီး တစ်ဦး၏ ပုံစံမျိုးရှိသည့် ဝိုးတဝါး တစ္ဆေပုံရိပ်က ၎င်းတို့ နောက်တွင် ရပ်လျက် ရယ်မောနေပုံ ပါဝင် လာခြင်း ဖြစ်သည်။
ယင်းညနေက ဗစ်တိုးရီးယားတို့ သူငယ်ချင်း နှစ်ဦးက အဖျော်ယမကာ သောက်စား ထားကြကာ ရီဝေဝေ ရှိလာချိန် ၎င်းတို့ နှစ်သက်သည့် အကျင့်တစ်ခု အတိုင်း selfie ပုံများ ရိုက်ကြခြင်း ဖြစ်သည်။ ပုံဟန်ထား အမျိုးမျိုးဖြင့် နှစ်ဦးအတူ တွဲ၍ ရိုက်ရာ နောက်ဆုံးပုံတွင် ၎င်းတို့ နှစ်ဦး တည်း မဟုတ်တော့ဘဲ နောက်ထပ် တတိယသူ တစ်ဦးပါ ပါလာသည်ကို တွေ့ လိုက်ခြင်းဖြစ်သည်။
ယင်းပုံကြောင့် ကျောချမ်း သွားရသည့် သူနာပြု တစ်ဦးလည်း ဖြစ်သူ့ ဗစ်တိုးရီးယားက ပုံကို ချက်ခြင်း ဖျက်ပစ်လိုက်သည်။ “ကျွန်မတို့ က ထုံးစံအတိုင်း ဘားမှာ ဓာတ်ပုံရိုက် ခဲ့တယ်။ ဒီလို selfie ရိုက်ရတာကို ကျွန်မတို့ နှစ်ယောက်စလုံး သဘောကျတယ်”ဟု ဗစ်တိုးရီးယားက ပြောသည်။
တစ္ဆေပုံ တွေ့ ရှိသည့် အဖြစ်အပျက်ကို ပြန်ပြော ရာတွင်လည်း “ဒီလိုရိုက်နေလို့ မကြာဘူး၊ ကယ်လီက ထိတ်ထိတ် လန့်လန့် နဲ့ ပြောတယ်။ ဓာတ်ပုံ ထဲမှာ အသက်ကြီးကြီး အမျိုးသမီး တစ်ယောက်ပါ ပါနေတယ် ဆိုတာ။ ကျွန်မက ဒီလို ယုတ္တိ မရှိတာ တွေကို ယုံတတ်သူ မဟုတ်ပါဘူး။ ဒါကြောင့် ရယ်တောင် ရယ်လိုက် ပါသေးတယ်။ ဒါပေမယ့် ဓာတ်ပုံကို သေချာ ကြည့်တော့ တကယ်ဟုတ် နေတယ်။ မိန်းမကြီး တစ်ယောက် ကျွန်မတို့ နောက်မှာ ရပ်နေတာ၊ နောက်ပြီးသူက ရယ်လည်း ရယ်နေတယ်”ဟု ဗစ်တိုးရီးယားက ပြန်ပြောင်း ပြောခဲ့သည်။
“ကျွန်တော် ဘားဆိုင်ကို ရောက်သွားတော့ ဆိုင်ပိတ်နေပြီ။ ဒါကြောင့် အိမ်ပြန်ခဲ့တယ်။ ဒီဓာတ်ပုံ အပေါ် ကျွန်တော်တော့ မယုံဘူး”ဟု အာဏာပိုင် အဖွဲ့ အစည်းဝင် တစ်ဦးက ပြောသည်။ ဆိုင်တွင် တစ္ဆေသရဲ တွေ့ သည်ဟု တစ်စုံတစ်ဦး ကမှ ပြောခြင်း မရှိဖူးကြောင်း ဆိုင်ဝန်ထမ်း တစ်ဦးက ပြောသည်။
“ဒီဓာတ်ပုံကို ဖိုတိုရှော့ လုပ်ထားတယ်လို့ ပြောကြတယ်။ ဒါကို ကျွန်မ အပြစ် မပြောချင်ပါဘူး။ ဒီလိုလုပ်တယ် ဆိုတာကို ကျွန်မတို့ လုပ်လည်း မလုပ်တတ်ဘူး။ ဒီဓာတ်ပုံကြောင့် ကျွန်မ ကြောက်နေ မိသလိုပဲ ဗစ်တိုးရီးယား ဆိုရင် ထိတ်လန့် လွန်းလို့ ဓာတ်ပုံကို ဖျက်ပစ်ခဲ့ တာပဲ”ဟု ကယ်လီက ပြောခဲ့သည်။
Ref: Mirror
mizzima

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...