Ads (728x90)



အမေရိကန်သမ္မတ Barack Obama က မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ကြာသပတေးနေ့ မနေ့က သီးခြားဆီ တယ်လီဖုန်းဆက်သွယ် စကားပြော ဆိုခဲ့တယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြော ပါတယ်။
ဒါပေမဲ့ ပြောဆိုခဲ့တဲ့ အကြောင်းအရာတွေနဲ့ပတ်သက် လို့ မထုတ်ပြန်ပါဘူး။
မြန်မာနိုင်ငံမှာအရေးပါတဲ့ နိုင်ငံရေးနဲ့တိုင်းရင်းသား အင်အားစု ခေါင်းဆောင်တွေကို အောက်တိုဘာလ ၃၁ ရက် ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဖို့ သမ္မတ ဦးသိန်းစိန်က ဖိတ်ကြားခဲ့ပြီးတဲ့နောက်၊ အမေရိကန်သမ္မတ အိုဘားမားက ဖုန်းဆက်ပြောဆိုခဲ့တာပါ။
သမ္မတ အိုဘားမားဟာ အာဆီယံညီလာခံ တက်ရောက်ဖို့အတွက် နိုဝင်ဘာလမှာ မြန်မာနိုင်ငံကို လာရောက် မှာဖြစ်ပါတယ်။



Go to Source

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...