Ads (728x90)

 
ကုမ္ပဏီတွေမှာ ၀န်ထမ်းတွေ အလုပ်ထွက်တာ များလာတယ်။ ဒါတွေကို ထိန်းချူပ်ဖို့ အစီအစဉ်တွေကို ပြုလုပ်ကြတဲ့နေရာမယ် လူကြီးမင်းတစ်ချို့က Bond ဆိုတဲ့ စနစ်ကို တီထွင်လိုက်ကြတယ်။ ကာလ ဘယ်လောက်အထိ လုပ်ရမယ်၊ မလုပ်ရင် ဘယ်လောက်ပြန်ပေးလျော်ရမယ် ဆိုတာမျိုးနဲ့ပေါ့။ ရွှေဥာဏ်တော် စူးရောက်ချက်က ၀န်ထမ်းတွေဘာကြောင့် အလုပ်ကနေစွန့်ခွာကြသလည်းဆိုတဲ့ အကြောင်းအရင်းပေါ်မှာ ပြုပြင်ပြင်ဆင်ဖို့ မစဉ်းစားပဲ၊ ချူပ်နှောင်မှုကို ပြုလုပ်ဖို့ပဲ လုပ်ကြတာဟာ အံ့သြစရာပါ။ လူအခွင့်အရေးနဲ့လည်း မကိုက်ညီ၊ labour right နဲ့ အဆင်မပြေ၊ ကျွန်ဝယ်သလို idea နဲ့ bond ကို ချူပ်ဆိုတာ ဆိုးရွားတဲ့ အခြေအနေတစ်ခုပါ။

ဝန်ထမ်းတွေ ကိုယ့်ရဲ့ အလုပ်ထဲမှာ တည်မြဲနေအောင် တစ်ခြားသော အစီအစဉ်ကောင်းတွေ အများကြီးရှိနေပါတယ်။ အလုပ်ရှင်တွေက low cost, no cost တွေပေါ်မှာပဲ အခြေခံစဉ်းစားနေကြတော့ အရင်းရှင် သိပ်ဆန်သွားသလားပဲ။ အလုပ်ကနေထွက်တဲ့ အကြောင်းအရင်းတွေ အများအပြားရှိနိုင်ပါတယ်။ ဒါပေမယ့် အဓိကကျတဲ့ အချက်တွေကတော့ လစာပိုမိုကောင်းမွန်ခြင်း၊ လုပ်ငန်းခွင် သာယာပျော်ရွှင်ခြင်း၊ အခြေခံရပိုင်ခွင့်များ ပိုမိုကောင်းမွန်ခြင်း တို့ပဲ ဖြစ်ပါတယ်။

ဒီတော့ ၀န်ထမ်းတွေ လုပ်ငန်းတွေထဲမှာ တည်မြဲဖို့ဆိုတာ bond ဆိုတဲ့ စာချူပ်နဲ့ ထိန်းချူပ်ထားလို့ မထွက်ကြတော့ဘူးလားဆိုတော့လည်း ထွက်ကြတာပါပဲ။ ထွက်သွားကြတော့ တရားမလမ်းကြောင်းနဲ့ တရားစွဲ HR တွေ အလုပ်ရှုပ်၊ ၂ နှစ်ကနေ ၄ နှစ်အထိကြာ၊ union တွေ media တွေပါလာရင် ပိုရှုပ်၊ ၊ အပြန်အလှန် အထုတ်ဖြည်ကြနဲ့ ကုမ္ပဏီလဲ နာမည်ပျက်၊ နှစ်ဖက်စလုံး ကောင်းကွက် တစ်ခုမှဖြစ်မလာတော့ဘူး။ အနစ်နာဆုံးက ကုမ္ပဏီပဲ။ ရေရှည်မှာ ၀န်ထမ်းကောင်းရဖို့ ခဲယဉ်းသွားပြီ။ Human Capital ခေတ်ကြီးထဲမှာ၊ နည်းပညာတိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ ကျွမ်းကျင်ပညာရှင်တွေ မရနိုင်တော့ဘူးဆိုလျှင် လုပ်ငန်းအောင်မြင်ဖို့ နှောင့်နှေးသွားပြီ။

ဒီတော့ Bond ဆိုတာကြီးနဲ့ ၀န်ထမ်းတွေကို ထိန်းချူပ်တယ်ဆိုတာ နည်းလမ်းမှန်တဲ့ စနစ်မဟုတ်ပြန်ဘူး။ ၀န်ထမ်းတွေအတွက် အခြေခံအခွင့်အရေးများကို ဥပဒေများအတိုင်း ခံစားခွင့် ပြုစေခြင်း၊ နှစ်စဉ် လစာနှင့် ရာထူးတိုးတက်မှုများ ကောင်းမွန်စေခြင်း၊ စွမ်းဆောင်ရည်များပေါ်တွင် bonus (သို့) reward များ စီစဉ်ထားရှိခြင်း၊ အလုပ်ရှင် အလုပ်သမားများကြား industrial relation များကောင်းမွန်စေရန် employee relation ကို ဂရုစိုက်ခြင်း၊ performance management နဲ့ career development များကို ဂရုတစိုက် လုပ်ကိုင်စေခြင်းဖြင့် ၀န်ထမ်းတည်မြဲစေဖို့ bond စာချူပ် လက်မှတ်ထိုးပြီး ထိန်ချုပ်စေခြင်းထက် ၀န်ထမ်းတွေကိုင် မိမိ အလုပ်ကို ဂုဏ်ယူချစ်မြတ်နိုးခြင်းအားဖြင့် နှစ်ရှည်လများ ပျော်ရွှင်စွာ လုပ်ကိုင်နေခြင်းက ကုမ္ပဏီအနေနဲ့ ၀န်ထမ်းများရဲ့ Loyalty ကို ရရှိစေတာက ပိုမိုသေချာပါတယ်။

ဆက်ပြောရင်တော့ အများကြီး ကျန်နေပါသေးတယ်။ သေချာတာ တစ်ခုက ၀န်ထမ်းဆိုတာ တစ်နေ့နေ့တော့ အလုပ်ကနေ ထွက်ကြမှာပဲ။ သူတို့ရဲ့ ကိုယ်ပိုင်အလုပ်မှ မဟုတ်တာ။ အလုပ်ထွက်တာဟာ သဘာဝတရားပဲ။ ပိုင်ရှင်တစ်ယောက်အတွက် ၀န်ထမ်းတွေ ကိုယ်ဆီရောက်လာတဲ့ အခိုက်အတန့် ဘယ်လို ပျော်အောင်ထားမလဲ၊ နှစ်ဦးနှစ်ဖက် ပျော်ရွှင်ကျေနပ်မှု အပြည့်နဲ့ လုပ်ငန်းအောင်မြင်အောင် ဘယ်လိုလက်တွဲ လုပ်ဆောင်ကြမလဲဆိုတာပဲ အရေးကြီးပါတယ်။



HB Ag

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...