===========================
တောင်တရုတ်ပင်လယ်ပြင်အတွင်းမှာ ပျက်စီးနေတဲ့ ကြီးမားတဲ့ အပိုင်းအစ ၃ ခုကို တရုတ်ဂြိုလ်တုက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အပျက်အစီးတွေဟာ ၇၈ ပေ ကနေ ၇၂ ပေကြား ရှိတယ် ဆိုတော့ အတော်လေးကြီးတဲ့ အပိုင်းအစတွေဖြစ်တာကြောင့် ပေါက်ကွဲသွားတဲ့ လေယာဉ်ရဲ့ အပိုင်းအစတွေဖြစ်နိုင်တယ်လို့ တရုတ်အာဏာပိုင်တွေက အတည်ပြု ပါတယ်။
ဒါ့အပြင် တွေ့ရှိတဲ့ နေရာတွေကလည်း MH370 ပျံသန်းရာ မူလ လမ်းကြောင်းပေါ်မှာ ဖြစ်ပြီး မလေးရှား နဲ့ ဗီယက်နမ် နိုင်ငံအကြားမှာ ဖြစ်ပါတယ်။
ဂြိုလ်တု ဓါတ်ပုံ ရိုက်ကူးချိန်ဟာ မတ်လ ၁၁ ရက်နေ့ နံနက် ၁၁ နာရီဖြစ်လို့ MH 370 လေယာဉ် ပျောက်ဆုံးပြီးချိန်လည်း ဖြစ်နေပါတယ်။ ဒီဓါတ်ပုံတွေ တည်နေရာကို ရှာဖွေကယ်ဆယ်ရေး အဖွဲ့တွေသွား ရှာနေကြပါပြီ။..
တကယ်လို့များ ပျောက်ဆုံးနေတာ ၆ ရက်နီးပါး ရှိလာပြီဖြစ်တဲ့ MH370 လေယာဉ်ရဲ့ အပိုင်းအစတွေသာဆိုရင် လိုက်ပါသွားတဲ့ ခရီးသည် ၂၂၉ ဦး နဲ့ လေယာဉ်အမှုထမ်း ၁၂ ဦး ရဲ့ အသက်တွေဟာ.......
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။