Ads (728x90)



မလေးရှားမှ တရုတ်သို့ ပျံသန်းသော MH370 လေယာဉ်ဟာ ပျံသန်းနေရင်းပျောက်ဆုံးသွားပါတယ် ..

အဲဒီမှာ လေယာဉ်ဝန်ထမ်းအပါအ၀င် ခရီးသည် ၂၃၉ တိတိပါဝင်တဲ့ သတင်းလေး ဖတ်လိုက်ရပါတယ် ...

အဲဒီ ခရီးသည်တွေထဲမှာ အမေရိကန် နိုင်ငံသား ၂ ယောက်လဲပါဝင်ခဲ့ပါတယ် ...
အဲဒီ အမေရိကန်နိုင်ငံသား ၂ ယောက်အတွက် အမေရိကန်နိုင်ငံပိုင် လေယာဉ် ၂၂ စီးအပြင် တခြား စစ်သင်္ဘော ..

ရေငုပ်သင်္ဘော တခြားအဆင့်မြင့်နည်းပညာတွေနဲ့  လေယာဉ်ပျောက်ဆုံးနေတဲ့နေရာတွေမှာ ပိုက်စိပ်တိုက်ရှာဖွေနေပါတယ် ...

အဲဒီမှာ ကျွန်တော် မြင်လိုက်ရတဲ့ အမြင်ကတော့ အဲဒီ အမေရိကန် ခရီးသည် ၂ ဦးဟာ .. သာမန် အမေရိကန် နိုင်ငံသားတွေဘဲဖြစ်ပါတယ် ...

အမေရိကန်တွေဟာ သူတို့ ရဲ့  သာမန် ပြည်သူ ၂ ယောက်အတွက် ဒီလောက်အကုန်အကျခံပြီးတော့လိုက်ရှာနေတာဟာ ... သူ့ နိုင်ငံသားကိုတန်ဖိုးထားလို့ ပေါ့....

အဲဒီ အမေရိကန် နိုင်ငံသား ၂ ယောက်ဟာ ဘာလူမျိုး ဘယ်ဘာသာဖြစ်နေတာကို သူတို့ ဂရုမစိုက်ဘူး ... နိုင်ငံသားဆိုတဲ့ အသိလေးတစ်ခုနဲ့ တင် သူတို့  ဒီလောက် စိုးရိမ်နေတာ ..

ကျွန်တော်တို့ မြန်မာနိုင်ငံကနေ အယောက် ၂၀၀ ပါသွားကြည့်ပါ့လားး ..... ပါသွားတဲ့သူတွေရဲ့ ဆွေမျိုးတွေလောက်ဘဲ ပူဆွေးဝမ်းနည်းနေလောက်မှာပါ ...

ကျန်တဲ့ နိုင်ငံအကြီးအကဲတွေကတော့ ... သူတို့ အမျိုးတွေမပါတဲ့အတွက် သာသာယာယာဘဲနေနေဦးမယ်ဆိုတာ လောင်းကြေးထပ်ရဲတယ်ဗျာ...

Credit To - Ko Naing

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...