Ads (728x90)




==========================================


ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၀၀ ကျော်အကွာ၊ မလေးရှားနယ်စပ်တွင်ရှိသော တရန်ခရိုင်၊ ကတန်မြို့၊ ဖယ်ကိုကာ ငါးဖမ်းလှေဆိပ် တွင် ရောင်းစားခံထားရသည့် မြန်မာအလုပ်သမား ၁၃ ဦးအား လူကုန်ကူးမှု ပူးပေါင်းဆောင်ရွက်သူ များ က ကယ်တင်နိုင်လိုက်ကြောင်းသိရသည်။

သြဂုတ်လ ၁၈ ရက်နေ့က ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT က ငါးဖမ်းလှေ ဆိုက်ကပ်သည့် သတင်းအားအတိအကျ သိရှိထားပြီဖြစ်သဖြင့် အမာခံသတင်းပေး တစ်ဦးအား ဆိုက်ကပ် လာသည့် ၀န်နစ် ငါးဖမ်းလှေမှ အလုပ်သမား၂ဦးအား ဖုန်းဖြင့် ပြောဆို၍ အချက်အလက်များစုဆောင်းရန်
ပြင်ဆင်ခဲ့သည်။ ထိုစဉ် ကတန်ရဲက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။


အမာခံသတင်းပေးမှာ ပတ်စပို့ရှိသဖြင့်လွတ်မြောက်ခဲ့သော်လည်း ငါးဖမ်းလှေပေါ်တွင် ၁နှစ်ကြာ အလုပ် လုပ်ကိုင်ခဲ့ရပြီးလုပ်အားခတပြားမှမရသေးသူရန်ကုန်မြို့ မြောက်ဥက္ကလာပမှကိုချစ်ဦးနှင့်ငါးဖမ်းလှေ ပေါ်တွင် ၆လကြာအလုပ်လုပ်ခဲ့ရသူကိုခင်မောင်သိန်းတို့အားMATအဖွဲ့ ဒါရိုက်တာကစကားအနည်းငယ်သာ ပြောခွင့် ရလိုက်ပြီး တောမော(လ၀က)အချုပ်ခန်းသို့ ပို့ဆောင်မည်ဟု ပြောဆိုကာ ဖုန်းချသွားခဲ့သည်။

MAT အဖွဲ့သည် ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေး အထူးထောက်လှမ်းရေးအဖွဲ့ DSI သို့ အချက်အလက် အပြည်အစုံ ကိုတင်ပြခဲ့သည်။ ထို့နောက် အခြေအနေအရပ်ရပ်တို့အား ကုလသမဂ္ဂ လူကုန် ကူးမှုတိုက်ဖျက်ရေးအဖွဲ့ UNIAP,မြန်မာအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေအဖွဲ့,မြန်မာသံရုံးမှ အလုပ်သမား ညွန်ကြားရေးမှူး,ထိုင်းနိုင်ငံ တောင်ပိုင်းဖန်င အခြေစိုက်ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း FED တို့နှင့် ညှိနှိုင်းခဲ့သည်။
စဉ်ဆက်မပြတ် သတင်းအချက်အလက် တည်ဆောက်နေနိုင်မှုတို့ကြောင့် သြဂုတ်လ ၂၁ ရက်နေ့တွင် DSI နှင့် ဒေသခံရဲများက MAT အဖွဲ့ ကတင်ပြထားသည့် ရောင်းစားခံ မြန်မာ ၁၁ ဦးတို့ကို အောင်မြင်စွာ ကယ်ထုတ် နိုင်ခဲ့သည်။
MATအဖွဲ့ဒါရိုက်တာဦးကျော်သောင်းက“လူကုန်ကူးမှုကဒေသခံအာဏာ ပိုင်တွေနဲ့ တနည်း မဟုတ်တနည်းပတ်သက်နေတယ်လို့ ကျနော်ယူဆတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ဒီအလုပ်သမား ၁၁ ယောက်ကို ခေါ်လာခဲ့တဲ့အခါ အယင်နေ့ က ပုလိပ်ဖမ်းထားတဲ့ ကိုချစ်ဦးနဲ့ ကိုခင်မောင်သိန်း တို့ ရဲစခန်းမှာမရှိတော့ဘူး။ အမျိုးသမီးတစ်ယောက်လာရွေးသွားတယ်ပြောတယ်။ ဒီနှစ်အနက်က ကိုချစ်ဦး ဆိုရင် အယင် ကျနော်တို့ ဖမ်းဆီးထားတဲ့ လူကုန်ကူးမှုဂိုဏ်းကြီးနဲ့ ပါတ်သက်တဲ့ လူသတ်မှုတွေကို မျက်
မြင်သက်သေဖြစ်နေတယ်။

အထူးသဖြင့် ထိုင်းပဲ့နင်း နှစ်ယောက်၊ ရန်ကုန်က လူငယ်တစ်ယောက် ကို ဆေးလိပ်ခိုးသောက်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ မသေမချင်း ဘွတ်ဖိနပ်နဲ့ ကန်ကျောက် သတ်ပစ် တာကိုမျက်မြင်ဖြစ်သလို အဲဒီအလောင်းကို ရေထဲသို့ ကိုယ်တိုင် ပစ်ချခဲ့ရသူ လည်းဖြစ်တယ်။ ဖြစ်ရပ်မှန် ဖေါ်ထုတ်ပေးဖို့အတွက် DSI ကို ကျနော်တို့တောင်းဆိုထားတယ်”ဟုပြောသည်။

DSI,MAT နှင့်ပူးပေါင်းအဖွဲ့တို့သည် ၂၀၁၃ ခုနှစ်အတွင်း ကတန်လှေဆိပ်၌ အကြီးဆုံး လူကုန်ကူးမှု ဂိုဏ်းကြီး အပါအ၀င် လူကုန်ကူးမှုနှိမ်နင်းခြင်း စုစုပေါင်း၈ကြိမ်အတွင်း ရောင်းစားခံထားရသည့် မြန်မာ အလုပ်သမား ပေါင်း ၅၉ ဦးတို့အားကယ်တင်နိုင်ခဲ့ပြီးဖြစ်သည်။ လူသတ်မှု၊ အဓမ္မပြုကျင့်မှုများ နှင့်အထူး နာမည်ကြီးနေသော မြန်မာလူကုန်ကူးမှု ဂိုဏ်းခေါင်းဆောင်အား သေနတ်ဖြင့် အရှင်ပစ်ခတ်ဖမ်းဆီးနိုင် ခဲ့သကဲ့သို့ ဂိုဏ်းသား၆ဦးတို့ကိုပါ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။
လူကုန်ကူးမှုတိုက်ဖျက်နှိမ်နင်းခြင်းလုပ်ငန်းနှောက်နှေးကြန့်ကြာနေရခြင်းများမှာ လူကုန်ကူးမှု တို့ သည် ဒေသခံအာဏာပိုင်များဖြင့် တနည်းမဟုတ်တနည်းဆက်စပ်မှုရှိနေခြင်း၊ လူကုန်ကူးမှုကို ဒေသခံအာ
ဏာပိုင်များနှင့်အတူတကွဖမ်းဆီးနှိမ်နင်းရခြင်း၊ လူကုန်ကူးခံနေရသူများကို ခိုင်းစေနေကြသူများမှာ ဒေသခံ လုပ်ငန်းရှင်ကြီးများ နှင့်သြဇာကြီးသူ များဖြစ်နေခြင်း၊လူကုန်ကူးမှုတိုက်ဖျက်နှိမ်နင်းသူများအနေဖြင့်အသက် အန္တရာယ် အလွန်နီးစပ်ခြင်း၊ MAT အဖွဲ့တွင် တရားဝင်အကာပစ္စည်း များသုံးစွဲခွင့်မရရှိခြင်းများအပြင်လူကုန် ကူးမှု မြောက်စေရန် ထိုင်းဥပဒေအရ သတ်မှတ်ချက်များမှာ အားနည်းနေခြင်းနှင့် ခိုင်လုံသည့်အချက် အလက် အထောက်အထားများရရှိရန် အချိန်ပေါင်းများစွာ ပေးရခြင်းများဖြစ်ကြောင်း MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း ကပြောသည်။
အလုပ်အကိုင်အခွင့်အလမ်းနည်းပါးနေဆဲမြန်မာနိုင်ငံမှရာပေါင်းများစွာသော မြန်မာအလုပ်သမားများမှာ ထိုင်းမြန်မာနယ်စပ် ဂိတ်ပေါင်းစုံမှ တစ်ဆင့် လူကုန်ကူးသူများ(လူပွဲစားများ) ဖြင့် ၀င်ရောက်နေကြ ဆဲဖြစ်သည်။ ထိုမျှကြီးမားသည့်ပမာဏဖြင့်နေ့စဉ် လူကုန်ကူးခံရသူများအား ကုလသမဂ္ဂလူကုန်ကူးမှုတိုက် ဖျက်ရေးအဖွဲ့UNIAP,ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့နှင့် မြန်မာအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေး
အဖွဲ့ တို့အနေဖြင့် ယခုလုပ်နေသည့် ပူးပေါင်းဆောင်ရွက်မှုများထက် အဆပေါင်းတစ်ရာ(လူအင်အား+ငွေအင်အား)အပြည့်ဖြင့် အချိန်ပြည့်ကြိုး ပမ်းလုပ်ဆောင်မှ လူကုန်ကူးမှုတိုက်ဖျက်ရေး အောင်မြင်နိုင်မည်ဖြစ်
ကြောင်း MAT အဖွဲ့က သုံးသပ်ပြောဆိုသည်။
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...